ချစ်သောမြို့လေး

ကျွန်တော်ချစ်သောမြို့ကလေးသည်မြန်မာနိင်ငံ၏တတိယအချက်အချာကျသောရတနာပုံရွှေမြို့တော်ကြီးနှင့်(21)မိုင်အကွာတွင်ရှိပါတယ်။
ရွှေမန်းတောင်ကြီး၏မြောက်စူးစူးတည့်တည့်လမ်းမကြီးကလာလျှင်ရောက်နိင်ပါတယ်။ကျွန်တော်ချစ်သောမြို့ကလေးသည်ရှေ့ရာဇဝင်တွင်ကျန်ဖူးတဲ့သမိုင်းဝင်ရှေ့ဟောင်းအမွေးအနှစ်ဖြစ်သောဘုရားစေတီ၊
ပုထိုးများပေါ့ကြွယ်ဝပါတယ်။
အဲဒါကြောင့်ရှေ့လူကြီးတစ်ချိုကဒုတိယပုဂံဟုလည်းခေါ်တွင်သည်ဟုကြားသိရပါတယ်။ချစ်သောမြို့လေးကိုလည်းရှေ့လူကြီးများစကားပုံအရပုဂံတွင်စကားပုံရှိသလိုကျွန်တော်တို့မြို့လေးလည်းစကားပုံတွင်ကျန်ရစ်ပါတယ်။
လူကြီးများ၏ပုဂံစကားပုံမှာ"လှည်ဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း" ဟုဆိုရိုးစကားမှာပုဂံတွင်ဘုရား၊စေတီ၊ပုထိုးပေါင်း(4446733)ဆူရှိသည်ကိုမှတ်မိလွယ်အောင်စကား
ပုံလေးနှင့်ဖွဲ့နွဲ့ထားသလို။
ကျွန်တော်တို့မြို့လေးကိုလည်း"တံခွန်ဆန်ဆေးတောင်း"မတ္တရာဘုရားပေါင်းဟုစကားပုံအရဘုရား
စေတီ၊ပုထိုးပေါင်း(72337)ဆူရှိသည်ကိုလည်းစကားပုံ
လေးနှင့်ဖော်ပြထားပါတယ်။
ကျွန်တော်ချစ်သောမြို့လေးကိုရှေ့စစ်သည်မှူးမတ်အမတ်ပေါင်း(100)ကမြို့တည်ထောင်ထားသောကြောင့်အမတ်တစ်ရာမြို့ဟုခေါ်ဆိုရာမှာယခုမ
တ္တရာမြို့ဟုခေါ်တွင်သွားပါတယ်။
ကျွန်တော်မြို့ကိုကျွန်တော်အသည်းနင့်အောင်ချစ်ပါသည်။"အလုပ်ရမည်သေချာသည်ဒါပေမဲ့အဝေး
သို့သွား၍လုပ်ရမည်စာမေးပွဲဝင်ရောက်တော့ဖြေရအုံးမယ်ဖြေမလားဆိုတာတောင်မြို့နဲ့မခွဲနိင်လို့မဖြေချင်ဘူးဟုဆိုတဲ့ကျွန်တော်"ကိုမြို့ချစ်ပုဂ္ဂိုလ်ဟုနာမည်တွင်ခဲ့ပါ
သည်။
ဘယ်အရပ်ဘယ်ဒေသမှမသွားဘဲ
ကျွန်တော်မြို့မှာနှစ်ဆယ့်ငါးနှစ်တိုင်တိုင်ကျောက်ချခဲ့သည်မြို့ကနေထွက်ခွာရမည့်မည်သည့်သတင်းစကားကို
မျှကျွန်တော်နားမဝင်မည်သည့်အခွင့်အလမ်းကောင်းကို
ကျွန်တော်မတပ်မက်ရွှေတောင်ကြီးပြိုနေသည်ဆိုလျှင်တောင်ကျွန်တော်မြို့ကထွက်ခွာ၍ရွှေသွားမကောက်နိင်ပါ။သည်မျှကျွန်တော်မြို့ကလေးကိုချစ်မြတ်နိုးသည်။သည်မျှကျွန်တော်မြို့ကိုကျွန်တော်အသည်နင့်အောင်
ချစ်သည်ဟုဆိုခြင်ဖြစ်ပါတယ်။
အထီးကျန်မြို့ကလေးဟုမတ္တရာမြို့သူ၊မြို့သားများကဆိုကြပါသည်။အများပြည်သူသိရှိသော
မတ္တရာမြို့မြောက်ဘက်ဆယ့်ငါးမိုင်အကွာမှာစကျင်
ကျောက်များထွက်ရှိရာစကျင်တောင်ရှိတယ်ဆိုတဲ့ဂုဏ်
ယူစရာကလွဲ၍ကျန်သည့်ဂုဏ်အဂါင်္များမရှိသည့်အထီးကျန်မြို့ကလေးဖြစ်ပါတယ်။
မန္တလေး-သပိတ်ကျင်း-မိုးကုတ်သွားရာလမ်း ဘေးမို့မိုးကုတ်တက်သွားသည့်မှန်လုံကားကြီးများကို
ငေးကြည့်နေရသည့်မြိုကလေးဖြစ်ပါတယ်။
ရတနာမြေသို့သွားရာကားကြီးများသည်
လည်းမတ္တရာမြို့လေးကိုအဖက်မလုပ်ပါချေ။မြို့ထဲသို့
ဝင်မဖြတ်ပဲမြို့ရှေ့မြို့ရှောင်လမ်းမှသာကွင်းမောင်သွား
လေ့ရှိပါ၏။ထိုမာနခဲရတနာမြေကားကြီးများကိုငေးနေရ
သည့်အထီးကျန်မြို့ကလေးဖြစ်ပါတယ်။
မတ္တရာမြို့လေးသည်အပေါင်းအဖော်မြို့များလည်းမရှိပါ။အရင်းအချာမြို့များလည်းမရှိချေ။လုံး
တည်းမြို့ကလေးဖြစ်ပါတယ်။ပြောပြရလျှင်ရန်ကုန်ဆို
လျှင်မန္တလေးမြို့ရှိသလိုမျိုးး၊လားရှိုးဆိုလျှင်မူဆယ်၊ပုဂံ
ဆိုလျှင်ညောင်ဦးမြို့ရှိသလိုမျိုးးမတ္တရာဆိုလျှင်မတ္တရာ
သာဝါကျကဆုံးသွားရသည်အပေါင်းအဖော်အရင်းအချာ
မရှိသည့်လုံးတည်းမြို့ကလေး၏သိမ်ငယ်နေမှု့ကိုသူစိမ်း
မြို့ကြီးများကသိနိင်မည်မထင်ပါ။
ဆက်လက်တင်ပြပေးပါအုံးမည်
Steemitအဖွဲ့မိတ်ဆွေများအားလုံးsteem$တွေsbd$များစွာရရှိကြပါစေ။
SMT68@mumushein
Photo from gallery
SMT(51)
ဗဟုသုတရပါတယ် မှတ်သားထားပါမယ်
smt63
SMT 62
This post has received upvote from @mooen.
Done
SMT 61
Follow me
@kokomyothant
smt60
SMT 54
SMT No 55
Smt 56
SMT-59
Good
Very good.
SMT 52