အောင်မြင်မှု့တစ်နေရာ
ကျွန်တော်တို့လူများသည်မိမိအလိုရှိသော
ဘ၀တစ်ခုကိုတည်ဆောက်ခြင်းဖြင့်မိမိရည်မှန်းချက်
ကိုအကောင်အထည်ဖော်ရ၏။ရည်မှန်းချက်တစ်ခုကို
အကောင်အထည်ဖော်ခြင်းဟူသည်လွယ်လွယ်နဲ့တော့
မရနိင်ပါ။အခက်အခဲတော့တော်တော်လေးရှိ၏။အ
ဘယ်ကြောင့်ဆိုသော်သာမန်လူများထက်အောင်မြင်
နေဆဲပုဂ္ဂိုလ်များ၏ဘ၀သမိုင်းကိုလေ့လာကြည့်လျှင်
သိရှိနိင်ပါသည်။
ဘ၀မှာအောင်မြင်နေသောပုဂ္ဂိုလ်များကလည်း
သူတို့၏ဘ၀ခရီးတိုက်ပွဲတွင်တွေ့ကြုံမှု့နှင့်ဘ၀အောင်မြင်
မှု့တစ်ခုကိုရရှိရန်အတွက်စိတ်ဓာတ်ကြံ့ခိုင်မှု့၊ဇွဲ၊၀ိရိယ၊လုံ
လ၊ရုပ်ခန္ဓာကြံ့ခိုင်မှု့တွေရှိ၍စေတနာနှင့်သတ္တိလည်းရှိဖို့
လိုအပ်လှ၏။အောင်မြင်မှု့တစ်ခုကိုလျှောက်လှမ်းသော
ပုဂ္ဂိုလ်များသည်တောင်တက်ခြင်းနှင့်တူသည်ဟုလည်း
ပြောပြမျှဝေပေးသည်။
တောင်တက်သမားဆိုတာစိတ်ဓာတ်ကြံ့ခိုင်
မှု့၊ကျန်းမာရေးကောင်းမှု့၊ရုပ်ခန္ဓာကြံ့ခိုင်မှု့၊ဖြတ်ထိုးည
ဏ်ကောင်းမှု့အစရှိသောအားလုံးပြီးပြည့်စုံဖို့လိုအပ်ပါ
သည်။တောင်တက်ခရီးဆိုတာတောင်တက်ရာတွင်မြေ
ပြန့်မှာသွားနေရသလိုလွယ်ကူမှုရှိမည်မဟုတ်။မမြင်နိင်
တဲ့အချိုးးအကွေ့ထောင့်စွန်းများကနေအခက်အခဲအတားအဆီးများကလည်းပိတ်ပင်ထားတတ်သလိုမကြုံဘူးတဲ့
အတွေ့အကြုံများကလည်းမိမိကိုစမ်းသပ်တက်၏။ဘဝ
ခရီးလမ်းအလုပ်အကိုင်တိုင်းလည်းထိုနည်းတူစွာရှိလှ၏ဟုပြောပါသည်။
ကျွန်တော်တို့လူငယ်များသိရှိစေရန်အောင်
မြင်မှု့တစ်ခုကိုရောက်အောင်လျှောက်လှမ်းရာတွင်
အောက်ပါအချက်သည်အရေးကြီးသောအပိုင်းအနေ
ဖြင့်ပါရှိပါသည်။
" မသိစိတ်ကိုအသုံးချကြပါ"ဟု
လူမှာမသိစိတ်ရယ်သိစိတ်ရယ်ဆိုပြီးနှစ်ပိုင်း
ရှိတယ်။မသိစိတ်က95%လွှမ်းမိုးပြီးသိစိတ်က5%ပဲ
လွမ်းမိုးတယ်။ဒါပေမယ့်မသိစိတ်ကကလေးလိုပဲပြော
သမျှကောင်းဆိုးမှားမှန်မခွဲခြားပဲအကုန်လက်ခံတယ်။
သိစိတ်ကကောင်းတာပဲလက်ခံတယ်။ပြောပြရရင်ရင့်
ကျက်တယ်ပေါ့ကိုယ်ပြောသမျှကြံစည်သမျှမသိစိတ်
ကအကုန်လက်ခံတယ်။ပြီးရင်မှတ်ထားတယ်သိစိတ်
ကဖြစ်နိင်မဖြစ်နိင်လေ့လာသုံးသပ်ပြီးမှလက်ခံတယ်။
ဥပမာ..ကိစ္စတခုကိုငါမလုပ်နိင်ဘူးလို့တွေး
ရင်သိစိတ်ကတကယ်လုပ်နိင်မလုပ်နိင်တွေးခေါ်စဉ်း
စားတယ်တကယ်မလုပ်နိင်လားလုပ်နိင်လားဆုံးဖြတ်
တယ်။မသိစိတ်ကကျတော့ငါမလုပ်နိင်ဘူးလို့တွေးလိုက်ရင်သူကဒါကိုပဲပုံသေမှတ်သွားတယ်။ဟုတ်တယ်ငါမလုပ်နိင်ဘူး။အဲလိုမသိစိတ်တွေးရင်းကနေအင်အားကြီးတဲ့
မသိစိတ်ကသိစိတ်ကိုလွှမ်းမိုးပြီးတကယ်လုပ်နိင်နေတာ
တွေကိုတောင်မလုပ်နိင်တော့အောင်ဖြစ်စေတယ်။
တကယ်လို့ကိစ္စတခုကိုငါလုပ်နိင်တယ်လို့
တွေးရင်သိစိတ်ကတကယ်လုပ်နိင်မလုပ်နိင်တွေးခေါ်
စဉ်းစားတယ်။တကယ်မလုပ်နိင်လားလုပ်နိင်လားဆုံး
ဖြတ်တယ်။မသိစိတ်ကကျတော့ငါလုပ်နိင်တယ်လို့တွေး
လိုက်ရင်သူကဒါကိုပဲပုံသေမှတ်သွားတယ်။ဟုတ်တယ်
ငါလုပ်နိင်တယ်လုပ်နိင်တယ်ငါတကယ်ကိုလုပ်နိင်တယ်
အဲလိုမသိစိတ်တွေးရင်းကနေအင်အားကြီးတဲ့မသိစိတ်
ကသိစိတ်ကိုလွမ်းမိုးပြီးတကယ်မလုပ်နိင်နေတာတွေ
ကိုတောင်လုပ်နိင်တော့အောင်ဖြစ်စေတယ်။
အဲ့ဒါကြောင့်Positive Attitudeကိုပဲတွေးတောကြံဆလုပ်ဆောင်သင့်တယ်။
နေတိုင်းကောင်းတဲ့အရာကိုပဲကြံစည်တွေးတောလုပ်ဆောင်သင့်တယ်။
ကောင်းသောအရာတွေနဲ့ကိုယ့်ဝန်းကျင်
ကိုဝန်းရံထားသင့်တယ်။
အမြဲတမ်းဦးနှောက်အတွေးထဲမှာကောင်း
သောpositiveတွေထည့်ထား၍မကောင်းသော
negativeတွေကိုဖယ်ထုတ်ထားသင့်တယ်လို့လည်း
ဘ၀အောင်မြင်သူများကမျှဝေပြောပြကြပါတယ်။
ကျွန်တော်လည်းဘ၀မှာအောင်မြင်ချင်
ပါတယ်။အောင်မြင်သူများရေးသားသောစာများကို
လေ့လာပါ၏အောင်မြင်သူများပြောသောစကားများ
ကိုလည်းနားထောင်ပါသည်။လက်တွေ့လည်းလုပ်
ကိုင်ကြည့်ပါသည်။ဒါပေမဲ့ယခုချိန်ထိအောင်မြင်မှု့ဘာ
တစ်ခုမျှမရရှိသေးပါ။သို့သောင်လည်းကြိုးစား၍လုပ်
ကိုင်ပါသည်။ရပ်တန့်နေခြင်းတော့မရှိပါ။တစ်ခါတစ်
လေလူကြီးတွေပြောတဲ့စကားပုံလေးကိုနားထဲတွင်
ကြားမိနေ၏။"လှော်ရင်းတက်ကျိုး"ဆိုသလို။ကျွန်
တော်လည်းရည်မှန်းထားသောအရာကိုကြိုးစားလုပ်
ကိုင်ရင်းဘာတစ်ခုမျှအဆင်မပြေအရှုံးပေါ်ဖြစ်မလာတော့ရှေ့ဆက်၍ဘာအလုပ်မျှဆက်ပြီးရင်းနှီးမလုပ်ရဲ
ကြောက်နေတော့၏။ဘာအလုပ်ကိုဆက်ရင်းလုပ်ရမှန်း
လည်မသိ။ကိုယ်လုပ်သမျှအလုပ်မအောင်မြင်တော့ကိုယ့်ပတ်ဝန်းကျင်ကိုလည်းရှက်လည်းရှက်မိ၍စိတ်ညစ်ကာဒီနေ့တော်တော်လေးစိတ်ဓာတ်ကျနေမိ၏။
စိတ်ဓာတ်ကျနေစဉ်ဂျာနယ်တစ်စောင်
ကိုမျက်စိရှေ့မှမြင်၍ကောက်ဖက်ကြည့်မိရာကျွန်တော်
တို့မြန်မာနိင်ငံရှိအဆိုကျော်ကိုမျိုးကြီး၏"တစ်ခါတုန်းက
မျိုးကြီးဆိုတာ"ဟုသောသူ၏အဆိုကျော်မဖြစ်သေးခင်
ဘ၀ဆောင်းပါးလေးကိုဖက်ကြည့်မိလိုက်ရာမှာစိတ်
ဓာတ်များပြန်လည်တက်ကြွလာမိပါသည်။လူငယ်တိုင်းကလည်းဘ၀အောင်မြင်မှု့ကိုနှစ်သက်မက်မောကျမည်
ဟုထင်ပါသည်။ထိုနည်းအတူကျွန်တော်လိုစိတ်ဓာတ်ကျနေသောလူငယ်များလည်းရှိနေပါလိမ်မည်။
ထိုကြောင်းကျွန်တော်လိုစိတ်ဓာတ်ကျနေ
သောလူုငယ်များအတွက်စိတ်ဓာတ်ခွန့်အားပြန်လည်
တက်ကြွလာစေရန်အားပေးသောအနေဖြင့်ကိုမျိုးကြီး
ဘ၀၏အားကျအတုယူဖွယ်ရာဆောင်းပါးလေးကိုတင်ပြ
လိုပါတယ်။တစ်ခါတုန်းကမျိးကြီးဆိုတာအခုချိန်မှာတော့
အောင်မြင်နေတဲ့နာမည်ကြီးအဆိုတော်ပါ။တစ်ခါတုန်းကမျိးကြီးဆိုတာကတစ်ခါကတောင်ဥက္ကလာကားလမ်း
မတစ်ခုမှာရှိတဲ့လူငယ်တော်တော်များများထိုင်သောနေ
ရာတစ်နေရာကိုဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားပြီးဂျင်း
အကျီဝတ်လူနှစ်ယောက်ဝင်လာတယ်။သူတို့မျက်နာ
တွေကိုသေချာစွာမမြင်ရ။ဒါကြောင့်ဘယ်သူတွေမှန်းလည်းမသိဘယ်သူမှလည်းသူတို့ကိုအလေးထားစိတ်ဝင်
စားမနေကြပါ။သူတို့ဝင်လာတဲ့အချိန်ကနေလည်၁နာရီ
ခွဲဆိုတော့နေ့လည်ဆိုတာသာမာန်ထမင်းစားပြီးသူတွေ
ထိုင်တက်တဲ့အချိန်မဟုတ်ဒီချိန်မှာလူငယ်တွေကသာသူ
တို့ကြိုက်ရာသီချင်းလေးတွေကိုနားထောင်ဖို့ထိုင်တက်ကြတာ။ဒီဆိုင်ကလည်းသူ့အနားပတ်ဝန်းကျင်မှာတော့
နံပါတ်တစ်ထိပ်တန်းဆိုင်ဖြစ်တယ်။
ဒီလူနှစ်ယောက်ဆိုင်ထဲမှာထိုင်နေတဲ့အချိန်
မှာဒီဆိုင်မှာဖွင့်ထားတာကအဲဒီအချိန်မှာနာမည်ကြီးလူ
ငယ်အကြိုက်ဆုံးသီချင်းခွေလူငယ်အားလုံးကလည်းဒီ
သီချင်းလေးကိုနားထောင်နေတဲ့အချိန်ဒီလိုနဲ့တစ်နာရီ
လောက်ကြာတော့ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့
လူနှစ်ယောက်ထဲကအသက်ငယ်ငယ်နဲ့လူတစ်ယောက်
ကကောင်တာကိုထသွားပြီးသူ့လက်ထဲကသီချင်းခွေလေးတစ်ခွေကိုကောင်တာမှာထိုင်နေတဲ့ဆိုင်ရှင်ကိုပေး
တယ်။
"အကိုကျွန်တော့်ကိုဒီခွေလေးဖွင့်ပေးပါလား"
ဒီတော့ဆိုင်ရှင်အကိုကြီးက"ဟ....မင်းအခွေကဘာခွေ
လဲကွ"
"ဟို....သီချင်းခွေပါ။ကျွန်တော်ကိုယ်တိုင်ဆို
ထားတာအဲဒါဘယ်လိုနေလဲလို့စမ်းဖွင့်ကြည့်စေချင်လို
ပါ" ။
ဒီတော့ဆိုင်ရှင်အကိုကြီးက"အင်လေ....ခဏ
တော့ရမယ်။ဒါပေမဲ့ငါတို့ကလည်းcustomerတွေနဲ့
လုပ်ရတာဆိုတော့သူတို့ကြိုက်တာအခုခေတ်ပေါ်နေတာတွေကိုဖွင့်ပေးရတယ်။မင်းသီချင်းခွေကိုဖွင့်လိုသူတို့
မကြိုက်ဘူးပိတ်ပေးပါဆိုရင်တော့ငါကိုအပြစ်တော့မ
ပြောနဲ့ကွာနော်။နားလည်ပေးဟုတ်ပြီးလား"။
ဒီတော့သီချင်းခွေဖွင့်ခိုင်းတဲ့အဆိုတော်ပေါက်
စလေးကမျက်နာငယ်လေးနဲ့
"ဟုတ်ကဲ့...အကို။ကျွန်တော်နားလည်ပါတယ်"
"ဒါနဲ့မင်းအခွေကထွက်ပြီလား"
မထွက်သေးဘူးအကို။ဒီလကုန်ထွက်မယ်။
"ဩော်....အေးအေး။ဒီသီချင်းပြီးရင်ဖွင့်ပေးမယ်"။
ဒါနဲ့ခဏနေတော့လက်ရှိဖွင့်နေတဲ့သီချင်းလည်းပြီးရော
ဆိုင်ရှင်အကိုကြီးကအဆိုတော်သစ်လေးပေးလိုက်တဲ့
အခွေလေးကိုဖွင့်လိုက်တယ်ဆိုရင်ဆိုင်ထဲကလူငယ်တွေငြိမ်ကျသွားတယ်။အကောင်းငြိမ်းတာတော့မဟုတ်ပါ။သူတို့မျှော်လင့်ထားတာကဒီသီချင်းပြီးရင်နောက်ဘာ
သီချင်းပေါ့။အခုတော့သူတို့မသိတဲ့သီချင်းသံထွက်လာတယ်။ဒါကြောင့်နားစွင့်ရင်းငြိမ်သွားတာ။
ဒီမှာတင်သူတို့မကြားဖူးတဲ့အဆိုတော်တစ်ယောက်ရဲ့ပေါက်ကွဲအော်ပက်တေးဆိုသံကိုကြား
လိုက်ရတယ်။ဒီတော့ငြိမ်နေတဲ့လူငယ်တွေဘာမှမပြော
ပဲတစ်ပုဒ်တော့နားထောင်နေတယ်။ပြီးတော့နောက်ထပ်တစ်ပုဒ်လည်းရောက်ရောဆိုင်ထဲကလူငယ်တွေက
ဟာဘာသံကြီးလဲဗျာ။ဘာသံနဲ့အော်ဟစ်နေတာလဲ။
အကိုရေဘာတွေဖွင့်နေတာလဲဗျာ။ဘယ်ကသီချင်းကြီးလဲ။ခုနခွေပဲပြန်ပြောင်းလိုက်ပါ။ဒီတော့
ဆိုင်ရှင်ကဟိုကညီလေးဖွင့်ခိုင်းတာပါကွာ။သူဆိုထားတဲ့သီချင်းလို့ပြောတယ်။ခဏလေးပါ။၃၊၄ပုဒ်လောက်ပါ
ပဲ။ခဏတော့နားထောင်ကြည့်ပါကွာ။ဒီလိုနဲ့၃၊၄ပုဒ်ပြီး
သွားတော့လည်းအဆိုတော်အသစ်ရဲ့အသံကိုကြားဖူး
နေတာမဟုတ်တဲ့အတွက်သူတို့နားမယဉ်ပဲကန့်ကွက်
ကြပြန်တာပါပဲ။အကိုရေပိတ်ပါတော့ဗျာ။အကိုပိတ်မလားကျွန်တော်တို့ပြန်ရမလား...ဟားဟားဟား။
ဒီလိုနဲ့ဆိုင်ထဲမှာအမြဲလာစားသောက်ကြပြီး
ဆိုင်ရှင်နဲ့ရင်းနှီးနေတဲ့လူငယ်တွေကဒီလိုပြောတော့
ဆိုင်ရှင်အကိုကြီးလည်းခွေကိုထုတ်ဖို့ပဲဖြစ်နေတော့တယ်။အဆိုတော်လူငယ်လေးကိုကြည့်လိုက်တော့မျက်နာ
မပေါ်အောင်ငိုက်ဆောင်းထားတဲ့ဦးထုပ်အောက်က
ခေါင်းကအောက်ကိုစိုက်ကြနေတယ်။ဒါအရက်မူးနေလို့
မဟုတ်ပါ။စိတ်ဓာတ်ကျသွားမိခြင်းပါပဲ။အဆိုတော်လူငယ်လေးနဲ့အတူတူပါလာတဲ့နောက်ထပ်တစ်ယောက်က
တော့ဘာမှတုန်လှုပ်ပုံမပြဘူးမျက်နာကိုလည်းမမြင်ရ။
အဆိုတော်လေးကိုလည်းအားပေးစကားမပြောအဆို
တော်လေးကတော့လက်တွေတောင်မှတဆက်ဆက်
တုန်နေပြီ။
ဒီချိန်မှာဆိုင်ထဲကလူငယ်တွေကအကိုပြောင်း
လိုက်တော့လေဗျာ။အခုသီချင်းကဘာတွေမှန်းလည်း
မသိဘူး။တကယ်တော့အဆိုတော်အသစ်ဆိုတဲ့အတိုင်း
သူ့အသံသူ့ဆိုပေါက်ကိုမရင်းနှီးသေးလို့ပါ။ဒါကြောင့်လူ
လူငယ်တွေလက်မခံနိင်ဖြစ်နေကြရတာ။ဒါနဲ့ပဲနောက်ဆုံးမှာလူငယ်တွေရဲ့တောင်းဆိုမှုကြောင့်ဆိုင်ရှင်အ
ကိုကြီးလည်းဘာမှမတက်နိင်ပဲစိတ်မကောင်းစွာအဆို
တော်သစ်လေးရဲ့အခွေကိုထုတ်ဖို့လက်အပြင်လိုက်မှာ
မထုတ်ပါနဲ့ဖွင့်ထားပါဦး။ဒီသီချင်းလေးကကောင်းပါတယ်။နင်တို့ကလည်းဟာခဏတော့စောင့်ပါဦး။နင်တို့နား
မယဉ်သေးလို့မကောင်းတာပါ။အသစ်ဆိုတော့လည်း
ဒီလိုပဲပေါ့။နင်တို့ကအသစ်ဆိုလက်မခံချင်တာ။
ဒီလိုအသံလေးတစ်ခုကိုကြားလိုက်ရတော့
ခေါင်းငိုက်စိုက်ကျနေတဲ့အဆိုတော်သစ်လေးခေါင်း
ဆက်ခနဲ့မက်လာပြီးအသံရှင်ကိုကြည့်လိုက်တော့ကောင်းမလေးတစ်ယောက်သူနဲ့အတူတူသူ့အဖေလိုထင်ရတဲ့
လူတစ်ယောက်နဲ့လက်ဖက်ရည်ဆိုင်လာထိုင်တာလို့
ထင်တယ်။ဆိုင်ထဲမှာရှိတဲ့လူငယ်တွေနဲ့လည်းတစ်ရပ်ကွက်သားချင်းဆိုတော့သူငယ်ချင်းဖြစ်ဟန်တူတယ်။
ဒါကြောင့်လည်းကောင်းမလေးကဒီလိုပြောရဲတာဖြစ်
မည်။ပြီးတော့ကောင်းမလေးဆက်ပြောတယ်။နင်တို့စဉ်စားကြည်လေနင့်တို့သာဒီလိုအဆိုတော်ဖြစ်ပြီးနင်တို့
ဆိုထားတာကိုဒီလိုအပြောခံရပြီးအဝေဖန်ခံရရင်ဘယ်လိုခံစားရမလဲ။
ဝေဖန်တယ်ဆိုပြီးမကောင်းတာပြောမှာထက်ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာကိုပဲကြည့်ပြီးအ
ကောင်းဘက်ကိုပဲပြောတက်ရတယ်။သူမဒီလိုပြောလိုက်တော့ဆိုင်ထဲကလူငယ်တွေကလည်းဘာမှမပြာတော့အဆိုတော်လူငယ်ဘက်လှည့်ကြည့်ပြီးငြိမ်သွား
တယ်။သူတို့လည်းအားနာသွားတဲ့ပုံစံတွေပြလာကြတယ်။ဒါနဲ့ပဲအဆိုတော်သစ်လေးရဲ့အခွေကိုတစ်ဖက်လုံး
လုံးပြီးအောင်ဖွင့်ခဲ့တယ်။တစ်ဖက်ပြီးတဲ့အချိန်မှာတော့
အဖော်ပါလာတဲ့လူကဘာပြောလိုက်တယ်မသိဘူး။အဆိုတော်သစ်လေးကဆိုင်ကောင်တာကိုထသွားပြီး
ဆိုင်ရှင်လူကြီးကိုကျေးဇူးတင်ပါတယ်အကို။ကျွန်တော်
တို့ပြန်လိုက်ပါဦးမယ်။ဖွင့်ပေးတဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်။
ဒီလိုပြောပြီးသူခွေလေးကိုပြန်ယူလာတယ်
နောက်တော့သူစားပွဲမှာထိုင်ပြီးဆော့ပင်လေးထုတ်ပြီး
အခွေကာဗာမှာတစ်ခုခုရေးနေတယ်။ပြီးတော့သူတို့စား
ထားသမျှရှင်းပြီးအထမှာတော့အဆိုတော်သစ်လေးက
ခုဏာသူ့အခွေကိုဆက်ဖွင့်ဖို့ပြောခဲ့တဲ့ကောင်းမလေးဆီ
ကိုတန်းသွားပြီးကျေးဇူးတင်လိုက်တာညီမလေးရာ။သူ
များတွေအကို့သီချင်းကိုလက်မခံဘူးလို့ပြောနေချိန်မှာ
အကိုလည်းတကယ်ကိုစိတ်ဓာတ်ကျသွားတယ်။ဒီအချိန်
မှာညီမလေးပြောလိုက်တဲ့စကားကြောင့်အကိုဘယ်
လောက်စိတ်ဓာတ်တတ်သွားလဲညီမသိမှာမဟုတ်ဘူး။
ဒါပေမဲ့ဘာပြောပြောညီမလေးကိုကျေးဇူးတင်ပါတယ်။ရောဒါကတော့အကိုဆိုထားတဲ့အခွေညီမကို
လက်ဆောင်ပေးတာဒီလကုန်ထွက်မယ်ညီမ။ညီမ
ပြောခဲ့တဲ့စကားတွေအကိုဘယ်တော့မှမေ့မှာမဟုတ်
တော့ဘူး။အကိုအမြဲကြားယောင်နေမှာပါ။ကောင်းမလေးကလည်းအဆိုတော်အသစ်ပေးတဲ့အခွေကိုလှမ်းယူ
ပြီးအဆိုတော်သစ်ကိုပြုံးပြလိုက်ရင်းအကိုဘာနာမည်နဲ့
ဆိုတာလဲ။ဒီတော့အဆိုတော်သစ်ကအကိုခွေမှာပါတယ်လေညီမ။ဟိုဟာကအကို့ကိုအဆိုပါသင်ပေးတဲ့ဆရာပဲ။
အဆိုတော်သစ်ညွန်ပြရာကိုကောင်မလေး
ကြည့်လိုက်တော့ရပ်စောင့်နေတဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့လူကခဏမော့ပြီးပြုံးပြတယ်။ကောင်းမလေး
ထိုလူ့ကိုမြင်တော့အံ့ဩသွားပြီး"ဟင်ကို...."
ဟုတ်တယ်ညီမလေးအကိုသွားပြီနော်။ဦး
ကိုလည်းနှုတ်ဆက်ပါတယ်။ကျွန်တော်သွားတော့မယ်။
အဆိုသစ်လေးကကောင်မလေးအဖေကိုပါနှုတ်ဆက်
ပြီးထွက်သွားလေတော့သည်။ပေးသွားတဲ့အခွေကိုကြည့်လိုက်တော့အဆိုတော်က"မျိးကြီးဖြစ်ပြီးအခွေကတော့ကျောက်စာများအခွေပဲဖြစ်တယ်။ "
အဆိုတော်သစ်လေးဖြစ်တဲ့မျိးကြီးနဲ့အတူ
တူပါလာတာကတော့ကိုလေးဖြူပဲဖြစ်ပါတယ်။
ဘယ်သူမဆိုတော့ဘ၀မှာမအောင်မြင်ခင်
အချိန်မှာအဝေဖန်ခံရနိင်ပါတယ်။
အောင်မြင်နေတဲ့အချိန်မှာလည်းအဝေဖန်ခံ
နိင်ပါတယ်။ဒါပေမဲ့လူတွေအားလုံးကတော့မဝေဖန်ကြ
ပါဘူး။
အကောင်းမြင်သူ၊အပြုသဘောနဲ့ပြောသူများ
ရှိနေပါသေးတယ်။ဒီလိုလူတွေရှိနေတာနဲ့တင်ကျွန်တော်တို့ဘ၀မှာအသက်ဆက်ရှင်သန်နိင်ပါတယ်ဟုသော
ဆောင်းပါးလေးကိုဖက်မိလိုက်တော့ကျွန်တော်၏စိတ်ထဲတွင်စိတ်ဓာတ်ကျနေသောစိတ်ခွန်အားများပြန်တက်
လာပြီးအော်ငါထိုင်စိတ်ညစ်စိတ်ဓာတ်ကျနေမည့်အစား
ကိုယ်လုပ်တဲ့လုပ်ငန်းအဆင်ပြေအောင်ဘယ်လိုလုပ်ရင်
ကောင်းမယ်ဆိုတာကိုပဲစဉ်စားသင့်တယ်ဟုသောအတွေးနှင့်ကမ္ဘာပေါ်မှာငါတစ်ယောက်ထဲအလုပ်အဆင်မပြေလို့စိတ်ဓာတ်ကျနေတာမဟုတ်ပါလား။အလုပ်တိုင်းလူ
တိုင်းလည်းမျှော်လင့်ထားသလိုအဆင်မပြေရင်စိတ်ဓာတ်ကျရ၏။
နာမည်ကျော်အောင်မြင်နေသောအဆိုတော်ကြီးများသည့်လည်းသူတို့ဝါသနာပါသောအလုပ်ကို
စိတ်ညစ်မှု့၊အခက်အခဲ၊စိတ်ဓာတ်ကျမှု့များနှင့်တွေ့နေသော်လည်းသူတို့ဝါသနာပါရာအလုပ်ကိုစိတ်ဓာတ်ကျ
မနေပဲရူးသွပ်စွာစွဲလမ်းအပတ်တကုက်ကြိုးစားအားထုတ်မှု့ကြောင့်အောင်မြင်မှု့ကိုရကြရသည်ဟုထင်မြင်လာမိပါသည်။
ကျွန်တော်တို့လူငယ်များသည်လည်း
အလုပ်အဆင်မပြေဖြစ်လျှင်စိတ်ဓာတ်ကျမနေပဲဘဝ
အောင်မြင်နေသူများ၏ကြိုးစားအားထုတ်မှု့မျိုးတွေကို
အတုယူကြိုးစားပြီးလိုအပ်ချက်များကိုလေ့လာဖြည့်
စွက်ပျိုးထောင်လုပ်ကိုင်ပါကကိုယ်ဘ၀ရည်မှန်းချက်
အောင်မြင်မှု့အိမ်မက်တွေကိုအကောင်အထည်ဖော်
လျှင်အောင်မြင်မှု့တစ်နေရာတော့ရလိမ်မည်ဟုကျွန်
Steemitမိတ်ဆွေများအားလုံးSBD....$များစွာပိုင်ဆိုင်နိင်ကြပါစေ။
တော်ယုံကြည်နေမိပါသည်။
SMT68@mumushein
Photo from facebook