နှစ်ဆယ့် ငါးပြား နှင့် လီကာရှင်း

in #esteem6 years ago

နှစ်ဆယ့် ငါးပြား နှင့် လီကာရှင်း

image
ဟောင်ကောင် သူဌေးကြီး လီကာရှင်းဆိုရင်
မသိသူမရှိသလောက်ပါပဲ။ သူဌေးတွေဘာလို့ သူဌေးဖြစ်သလဲဆိုတာကို သူဌေးဖြစ်ချင်နေတဲ့သူတွေရှိရင် သူဌေးတွေဆီက (ရိုးသားကြိုးစားပြီးချမ်းသာလာသောသူဌေး)ပဲ နမူနာယူရပါမယ်။ ဒီတစ်ခါတော့ ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ ငွေနဲ့  ပတ်သတ်ပြီး ပြုမူပုံတစ်ခုကို ပြောပြပါ့မယ်။

တစ်နေ့ တော့ လီကာရှင်းက ဟိုတယ်တစ်ခုကိုလာတယ်။ အစည်းအဝေးလုပ်တာ (ဝါ) အကြောင်းကိစ္စတစ်စုံတစ်ခုရှိလို့  ဖြစ်မှာပေါ့။ ဟိုတယ်က ပြန်အထွက်မှာ မတော်တဆပဲ သူ့ အိတ်ထဲက နှစ်ဆယ့်ငါးပြားက အိတ်ထဲကနေ လိမ့်ထွက်သွားတယ်။ ဖျတ်ခနဲဆိုပဲ အနားနားမှာ ရပ်ထားတဲ့ ကားတစ်စီးအောက်ကို လှိမ့်ဝင်သွားတယ်။ ဒါကို သူဌေးကြီး မြင်လိုက်တယ်။ အနားမှာလည်း ရေမြောင်းတစ်ခုရဲ့ အဖုံးဖုံးထားတဲ့နေရာနဲ့  ကပ်နေတယ်။ သူဌေးကြီးက ဒီနှစ်ဆယ့်ငါးပြားကို ပြန်ရဖို့  ကိုယ်ကိုကုန်းပြီး ပြန်ယူတယ်။ အလှမ်းဝေးနေတဲ့အတွက် လွယ်လွယ်နဲ့ ပြန်နှိုက်ယူလို့ မရဘူးဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲ ဟိုတယ်က ဧည့်ကြိုဖြစ်တဲ့ အင်ဒိုသားလေးက သူဌေးကြီးနားကို ရောက်လာတယ်။ သူဌေးကြီး ဘာအကူအညီပေးရမလဲလို့  မေးတယ်။ သူဌေးကြီးက သူ့ နှစ်ဆယ့်ငါးပြား အောက်ကိုပြုတ်ကျသွားတဲ့ အကြောင်းပြောတယ်။ နားလည်သွားတဲ့ ဧည့်ကြိုလေးက နှစ်ဆယ့်ငါးပြားကို ရအောင် ပြန်ကောက်ပေးခဲ့ပါတယ်။ ရသွားတော့ သူဌေးကြီးက ဧည့်ကြိုကောင်လေးကို ဒေါ်လာတစ်ရာချီးမြှင့်ခဲ့ပါတယ်။ မေးခွန်းထုတ်စရာတွေကတော့ ထွက်လာပါတယ်။ သူဌေးကြီးဖြစ်ရဲ့ သားနဲ့  ဒီနှစ်ဆယ့်ငါးပြားကို ပြန်ကောက်နေရသလား၊ ကပ်စေးနည်းတာလား အစရှိသည်ဖြင့်ပေါ့။ စာဖတ်သူတို့  မေးခွန်းထုတ်စရာ ဖြစ်လာမယ် ထင်ပါတယ်။ နှစ်ဆယ့်ငါးပြားဆိုတာ သူဌေးကြီး လီကာရှင်းအတွက်တော့ လုံးဝကို မဖြစ်စလောက်ဆိုတာ စာဖတ်သူတိုင်းလည်း ပြောစရာမလိုအောင် ရိပ်စားမိမှာပါ။ ဒီအဖြစ်အပျက်က သူဌေးကြီး လီကာရှင်းကိုယ်တိုင် ပြန်ပြောပြတဲ့ တကယ့်အဖြစ်အပျက်ပါ။ လီကာရှင်းက ဒီလိုပြန်ဖြေပါတယ်။

ပိုက်ဆံနဲ့ ပတ်သတ်ပြီး မှတ်သားစရာပါ။

“အောက်ကိုပြုတ်ကျတဲ့ နှစ်ဆယ့်ငါးပြားနားမှာ ရေမြောင်းဖုံးတစ်ခုရှိပါတယ်။ ဒီနှစ်ဆယ့်ငါးပြားကို ကျွန်တော်ပြန်မကောက်ခဲ့ရင် ရေမြောင်းဖုံးကနေတစ်ဆင့် ရေမြောင်းထဲကို ကျသွားနိုင်ပါတယ်။ ဒါဆို ဒီနှစ်ဆယ့်ငါးပြားက ဒီကမ္ဘာလောကကြီးကနေ ဘယ်သူမှ မသုံးရပဲနဲ့ ပျောက်ကွယ်သွားမှာပါ။ ဒါဆို အလဟဿဖြစ်သွားပြီပေါ့။”

လီကာရှင်းပြောခဲ့တာကို ပြန်တွေးကြည့်လိုက်ရင် အင်မတန်မှ ငွေပေါ်မှာ ချစ်တတ်မှန်းသိပါလိမ့်မယ်။ သူ့ အတွက်သူပြန်ကောက်ခဲ့တာ မဟုတ်ပဲနဲ့  ပိုက်ဆံကို အလဟဿမဖြစ်အောင် ပြန်လည် ကောက်ယူခဲ့တာကိုလည်း တွေ့ မြင်နိုင်ပါတယ်။ ပိုက်ဆံကို မချစ်တတ်တဲ့သူကို ပိုက်ဆံကလည်း ပြန်မချစ်တတ်ပါဘူး။ ဆိုလိုချင်တာက ပိုက်ဆံရှိလာရင် (နည်းနည်း၊များများ) အသုံး၊ အဖြုန်း ခွဲခြားသိရမှာပါ။ သုံးစရာရှိရင် သုံးရပါမယ်။ ဘယ်ဟာကတော့ သုံးရာကျတယ်။ ဘာလုပ်တာ ဘာကိုင်တာကတော့ ဖြုန်းရာကျတယ် အစရှိသဖြင့် မိမိဦးနှောက်နဲ့  ဝေဖန်ပိုင်းခြားတတ်ရမှာ ဖြစ်ပါတယ်။ တချို့ ကတော့ ဒီထက်ကိုလွန်ပါတယ်။ ကပ်စေးနည်းတာပါ။ သုံးစရာရှိလည်း မသုံးတတ်ပါဘူး။ ဒါကိုတော့ ကပ်စေးနည်းတာလို့ ဆိုရမှာပါ။ မည်သို့ ပင်ဆိုစေကာမူ ဘယ်လောက်ပဲ ချမ်းသာနေပါစေ။ သေရင်တော့ တစ်ပြားမှ ကိုယ့်နောက်ပါသွားမှာ မဟုတ်ပါဘူး။ လောကမှာ ပိုက်ဆံချမ်းသာချင်တာက လူတိုင်းလိုလိုဖြစ်ပေမယ့် ပိုက်ဆံနဲ့ ဝယ်လို့ မရတဲ့ အရာတွေလည်း ရှိပါတယ်။ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။

လီကာရှင်းအဖြစ်အပျက်ကနေ
အသိတစ်စုံတစ်ခု ရလိုက်မယ်လို့
မျော်လင့် မိပါတယ် နော်.....

Credit - မီးပြတိုက်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60497.39
ETH 2637.52
USDT 1.00
SBD 2.56