မလိုအမုန်း ပိုပြီး ပြုံးပါ

in #esteem6 years ago

#မလိုအမုန်း ပိုပြီး ပြုံးပါ #


image
သူငယ်ချင်း ……
ဘယ်သူတွေ ဘာပြောနေနေပါ
အဓိကကျတဲ့ ကိုယ့်စိတ်က
ခိုင်မာဖို့ပဲ လိုတာပါ
ယိုင်အောင်နဲ့တတ်တဲ့ လူတွေကြောင့်
ကိုယ့်စိတ်ကို ပြို မကျ ပါစေနဲ့ ။

အလိုရမှပိုကြတဲ့ လူတွေကြောင့်
မျက်ရည်တွေ ယိုကျမနေပါနဲ့
ကိုယ့်ကိုသိပ်ပစ်ချချင်တဲ့ လူတွေကြောင့်
စိတ်မညစ်မိအောင် နေပါ
ကိုယ့်ကို မုန်းနေတဲ့ လူတွေကြောင့်
အပြုံးတွေ မပျောက်ကွယ်အောင် နေပါ
ကိုယ့်အရှုံး လိုလားသူတွေကို
အပြုံးနဲ့ဆက်ဆံ အနိုင်ယူပါ
အပူပေးတယ်ဆိုတာ မာကျောစေဖို့ပဲ မဟုတ်လား
မီးအနာခံနိုင်မှ ခုတ်ဓားကောင်းတစ်လက် ဖြစ်တာပါ ။

လူတွေက
ကဲ့ရဲ့ လွယ်သလောက် ချီးမွှမ်းဖို့ကြ သိပ်ခက်တတ်ကြတယ် ။
ကောင်းသတင်းထက် မကောင်းအတင်း လွှင့်တတ်ကြတယ် ။
ဘယ်လိုပဲ ပြောပါစေ
ကိုယ်က ကောင်းအောင်နေပါ
ကိုယ့်အကြောင်းကို ကိုယ့်လောက် ဘယ်သူမှ မသိနိုင်ပါဘူး ။

တစ်ခြားသူတွေ မယုံကြည်တာထက်
ကိုယ့်ကိုယ်ကို မယုံကြည်တာ ပိုဆိုးတယ် ။
တစ်ခြားသူတွေ မမြတ်နိုးတာထက်
ကိုယ့်ကိုယ်ကို မမြတ်နိုးနိုင်တာ ပိုဆိုးတယ် ။
ကိုယ့်လုပ်ရပ်ကို ကိုယ့်နတ်က သိပါတယ် ။

ကိုယ့်လုပ်ရပ်သာ ကောင်းအောင် လုပ်ပါ
ရှက်သင့်တဲ့အရာကိုပဲ ရှက်ပါ
ကြောက်သင့်တဲ့အရာကိုပဲ ကြောက်ပါ
ကိုယ်မှန်တဲ့လမ်းကို ရဲရဲလှမ်းပါ
ရတနာသုံးပါ မိဘ ဆရာကို မမေ့နဲ့
ကျေးဇူးရှိသူတွေကို ကျေးဇူးဆပ်ဖို့ မမေးနဲ့ ။

ကံကို ယုံကြည်တယ်ဆိုရင်
မှန်ကန်ခြင်းတွေက တန်ပြန်မှုတွေနဲ့အတူ
ပြန်လာတတ်ပါတယ် ။

ရန်စနေလည်း ဟန်မပြပဲ
မာန်ချနေလိုက်စမ်းပါ
အဲ့ဒါမှ လောကမှာ ကိုယ်က
စံပြလူတစ်ယောက် ဖြစ်မှာ မလွဲမသွေပါပဲ …… ။

Sort:  

Right အရမ်းမှန်တယ်

ပြုံးလိုက်ပါ...
လောကကြီးတောင် သာယာလာမှာ....

မှတ်သားလိုက်နာသင့်ပါတယ် 💕💕💕

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60202.34
ETH 2423.33
USDT 1.00
SBD 2.43