Worry

in #esteem8 years ago

"ပူလောင်ခြင်းကင်းလိုလျှင်"

ဘဝဆိုတာ တွေ့ကြဆုံကြ ခဏလေးပါ
အချိန်တန်ရင် သူ့လမ်းသူသွား
ကိုယ့်လမ်းကို လျှောက်ကြရမှာပါ

လမ်းခွဲရလို့လည်း ဝမ်းမနည်းပါနဲ့
ဝေးသွားတော့လည်း တမ်းတမနေပါနဲ့
ခွဲခွါသွားရတော့လည်း ပူဆွေးမနေပါနဲ့

ကိုယ်က မထားခဲ့ရင်တောင်
သူကထားခဲ့မှာပါ
သူက မထားခဲ့ရင်တောင်
ကိုယ်က ထားသွားရမှာပါ

ဖြစ်နေတဲ့ လူ့ဘဝလေးမှာ
ရနေတဲ့ အချိန်လေးကိုတော့
သူတစ်ပါးအတွက်လည်း
စိတ်ဆင်းရဲ မခံပါနဲ့
ကိုယ့်ကိုကိုယ်လည်း စိတ်ညစ်မခံပါနဲ့

ဘာပဲဖြစ်ဖြစ်
အချိန်တန်ရင် ပြီးသွားမှာပါ
မေ့သွားမှာပါဆိုတဲ့
အတွေးမျိုးနဲ့ နေလိုက်မယ်ဆိုရင်

ဘဝရဲ့ ပူလောင်မှုတွေဟာ
အေးချမ်းခြင်း တစ်ဖက်ဆီသို့
ကူးပြောင်းသွားမှာ အမှန်ပါ

သေးငယ်တဲ့ အမှုကိစ္စ ဆိုပြီး
ပေါ့ပေါ့ တန်တန် သဘော
မထားသင့် ပါဘူး . .

သေးငယ်တဲ့ အမှုကိစ္စလေးတွေ
မှာတောင် စိတ်ချလို့ မရရင် . .

အနည်းငယ်သော
ငွေကြေးကိစ္စလေးမှာတောင်
ယုံကြည်လို့ မရရင် . .

ကြီးလေးတဲ့ တာဝန်ကို
ဘယ်သူက ပေးရဲမှာလဲ
ဘယ်သူကလွှဲရဲမှာလဲ . .

ကိုယ့်ရဲ့ အမှတ်တမဲ့
အပြုအမူလေးတွေကနေ
ကိုယ် ဖုံးကွယ်ထားတဲ့
မျက်နှာဖုံးအောက်က
နဂိုဗီဇ မူလဇာတိရုပ်ကို
မှန်းဆလို့ရတတ် ပါတယ် .

@minminthet

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64626.54
ETH 1874.79
USDT 1.00
SBD 0.38