If

in #esteem6 years ago

အလုပ်တစ်ခု
လုပ်တော့မယ်ဆိုရင်
မလုပ်ခင် စဉ်းစားလိုက်ပါဦး။
မိမိလုပ်မယ့်အလုပ်ဟာ
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊
သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊
သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။
လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင်
မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ..
အပြောတစ်ခု
ပြောတော့မယ်ဆိုရင်လည်း
မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊
သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။
ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
ထိခိုက်နိုင်တယ်ဆိုရင်
မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ..
အတွေးတစ်ခု
တွေးတော့မယ် ဆိုရင်လည်း
စဉ်းစားလိုက်ပါဦး။
တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင်
မတွေးပါနဲ့ တော့။

ကံသုံးပါးကို စင်ကြယ်အောင်
ဒီနည်းတွေနဲ့ လုပ်ပါ..

@minminthet

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84