Poem

in #esteem7 years ago

မဝင်​ဖြစ်​တာ​တောင်​အ​တော်​ကြာပြီ ။
...
ဘာ​ရေးလို့  ဘာတင်​ရမယ်​မှန်း​တောင်​မသိ ။

....
တခါတ​လေ​တော့လည်းအတိတ်​ကို ပြန်​သွားချင်​တယ်​ ။
....

''....ဒွိဟ... ''
....

ဘ၀က ခါးခါး
အလွမ်းက ပါးပါး
ခရောင်းလမ်းတွေလည်း
ငါဖြတ်ခဲ့ ဖူးတယ် ။

နှလုံးသားထဲ စိုက်ဝင်နေတဲ့  မြှားတစ်စင်း
ဆွဲနှုတ်ရင် နာကျင်မှာစိုးလို့ 
အလွမ်းပါးပါးဖြူးပြီး
အဲ့ ဒီအတိုင်းပစ်ထားလိုက်တယ် ...

ကဲ ...... ဘယ်သူဘာပြောမလဲ !!!!!!!!

ဟိုး ... အတိတ်တွေဆီက
လောင်မီးကျဖူးတဲ့ နေ့ ရက်တွေကြောင့် 
ကိုယ်ပိုင် ဒိုင်ယာရီ တစ်ခု
တည်ဆောက်ဖို့ 
..............ငါစဉ်းစားမိခဲ့ သေးတရ် ...။

အော် .. ဒါနဲ့ 
ပျက်စီးသွားတဲ့ 
ငါ့နှလုံးသား စိုက်ခင်းအတွက်
ဘယ်သူ့ ဆီက လျှော်ကြေးတောင်းရမှာလဲ !!!!!!!!

လောကဓံ .. ကံကြမ္မာ .. ငါ့စေညွှန်ရာ ဘ၀လား ????

ပါးပါးလေးပုတ်သွားပေမယ့်လည်း
ရိုက်ခတ်ဖန်များလာတော့ 
ယိုင်နဲ့ ချင်လာတယ် ........။

ဟုတ်ပါတယ် ... တကယ်တော့
ငါဟာ .. ငါမဟုတ်သလိုပါပဲ ..... !!

တအိအိ ... သွားနေပေမယ့်လည်း
ဒီခရီးပါပဲ
ဤခရီးနီးသလား
...............ဘယ်သူမေးဝံ့ မှာတဲ့ လဲ !!!!!!

ဟုတ်တရ်လေ ... အဲ့ ဒါက သေလမ်းကိုးးးး
ဘာလဲ !!! .......သတိမထားမိကြတာလား ????

အနှောင်အဖွဲ့ ကင်းတဲ့ 
အရပ်ဒေသ ဘယ်မှာသွားရှာကြမလဲ ????
မိုးကုတ်စက်ဝိုင်း အစွန်းတဖက်မှာလား
ရှိလိမ့် မယ် ... ရှိလိမ့်​မယ်​​ပေါ့ !!!!

ညီမျှခြင်းကိုရှာဖွေဖို့ 
အစွန်းနှစ်ဖက်ဆီ တက်ထိုင်ရအောင်လည်း
ငါတို့ နှစ်ဦးက ပြိုင်နေတဲ့ မျဉ်းတွေမှ
မဟုတ်ကြတာ >>>>

ကဲ ))) ... မင်းပြောစမ်း
မင်းရင်ထဲမှာ မိုးတွေရွာမယ့် နေ့ 
တတ်နိုင်သလောက်တော့ ... ငါ
.....ရေခံထားချင်သေးတယ် .......။။။။။

Nyolinn htun
7.1.2013

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65399.37
ETH 1914.53
USDT 1.00
SBD 0.38