"လုံခြုံစိတ်​ချ လူမှုဘဝအ​ခြေ​အေန"

in #esteem7 years ago (edited)

ဘဝမှာကိုယ့်​ကိုယ်​ကိုမှ မကာကွယ်​နိုင်​ရင်​ သူများကိုကာကွယ်​ဖို့ မစဉ်းစားပါနဲံ...
ယနေ့ ကျွန်တော်တို့ လူသား ပတ်ဝန်းကျင်တွင် တိုးတက် ပြောင်းလဲမှုများက အရှိန်အဟုန်ကြီးစွာ ဖြစ်ပေါ်တိုးတက်လျက်ရှိသည်။
ရုပ်ပစ္စည်းတိုးတက်မှုများက လွန်ခဲ့သော တစ်ဆယ်စုနှစ် နှစ်စုနှင့် ယှဉ်လျှင် လားလားမျှမဆိုင်အောင် ပြောင်းလဲမှုက မြန်ဆန်လှသည်။
ဥပမာ မိုဘိုင်းဖုန်း နည်းပညာ ကွန်ပြူတာ ယာဉ်စက်ပစ္စည်း စသည်ဖြင့် တိုးတက်မှု နည်းပညာ ပေါက်ကွဲမှုက အလွန် ပြင်းထန်လှသည်။
image
photo credited from google photo
သတင်းအချက်အလက်ကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်သည်။ အင်တာနက်အပေါ်တွင် အရောင်းအဝယ် ပြုလုပ်နိုင်သည်။ ကွန်ပြူတာကို လွန်ခဲ့သော တစ်ဆယ်စုနှစ်ကလို အိမ်တွင်သာ သုံးလို့ရသည် မဟုတ်။ ကမ္ဘာကြီး၏ မည်သည့်နေရာမှမဆို ကွန်ပြူတာဖြင့် အလုပ်လုပ်နိုင်သည်။ ယနေ့ဆိုလျှင် နည်းပညာ အဆင့်မြင့် ဖုန်းများဖြင့်ပါ အလုပ်လုပ်နိုင်နေပြီ။ ယာဉ် ယန္တရား တိုးတက်မှုကလည်း တစ်မြို့နှင့် တစ်မြို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံကို အချိန်ပိုင်းအတွင်း မော်တော်ယာဉ် လေယာဉ် သဘောင်္တို့ဖြင့် အလွယ်တကူ သွားလာနိုင်ပြီ။
ဤသို့ ရုပ် ဝတ္ထုပစ္စည်း တိုးတက်ခြင်းက ကောင်းမွန်ပါသည်။ သို့သော် ပြည့်စုံပါပြီလား????
အလင်းရရန် အိမ်တစ်အိမ်၏ ပြတင်းတံခါးများ ဖွင့်ထားရသည်။ ထိုသို့ ပြတင်းတံခါးများ ဖွင့်ထားလျှင် အလင်းသာမက ပိုးကောင် တိရစ္ဆာန်နှင့် ဖုန် အညစ်အကြေးများလည်း ဝင်လာနိုင်သည်။ ထိုအရာများကို စိစစ်ရမည်။ သန့်ရှင်းရေး လုပ်ပေးရမည်။ တားတန်သည်ကို တားဆီးရမည်။
ထိုနည်းတူစွာ ရုပ်ပစ္စည်းတိုးတက်မှု၏ ဘေးထွက်ဆိုးကျိုးများကို စိစစ်ရမည်။ သန့်ရှင်းစင်ကြယ်ရမည်။ တားသင့်သည်ကို တားဆီးရမည်။ ထိုသို့ ပြုလုပ်ရန် စိတ် အခြေခံ စာရိတ္တ တိုးတက်ရန်လည်း အထူးလိုအပ်သည်။
မိမိကိုယ်ကို မကာကွယ်နိုင်လျှင် မည်သူမျှ မိမိကို ကာကွယ်နိုင်မည် မဟုတ်ပါ။ နည်းပညာ ပြောင်းလဲမှုက လက်ခံသူထံ ဝင်ရောက်မှန်းမသိ ဝင်ရောက် တတ်သည်။ မိမိကိုယ်ကို သတိထားမိချိန်တွင် မိမိစိတ်အစဉ်တွင် အတော် အမြစ်တွယ်နေသကဲ့သို့ ဖြစ်တတ်သည်။ နည်းပညာဖြင့် မိမိထံ စီးဝင်လာမည့် အရာများထဲမှ အကောင်းကိုသာယူပြီး အဆိုးကို ပစ်ပယ်တတ်သည့် ကိုယ်ရည် ကိုယ်သွေးသည် မိမိထံ ကိန်းအောင်းနေရန်မှာ အထူး အရေးကြီးသည်။
စည်းကမ်းရှိခြင်းသည်လည်း စိတ် အခြေခံ စာရိတ္တသတ္တိ တစ်မျိုးဖြစ်သည်။ မိမိ သူတပါး အကျိုးမယုတ် အပြစ်မဖြစ်စေသော မိမိ၏ အပြောအဆို အပြုအမူ နေထိုင်မှုဘဝသည် လုံခြုံစိတ်ချသော ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။
အပြစ်ဟူသည် မပြုသင့်သော အမှုကို ပြုခြင်းသည်သာမဟုတ် ပြုသင့်သော အမှုကို မပြုခြင်းသည်လည်း အပြစ်ဖြစ်သည်။
ဒါ​ကြောင့် လုံခြုံ စိတ်ချ လူမှုဘဝ ရရှိစေရန် မိမိ၏ ကိုယ်ရည်သွေးကို မြှင့်တင်ပါ။ စည်းကမ်းလိုက်နာပါ။ဘဝအတွက်​​အောင်​မြင့်​အတွက်​လည်းစဉ်းစားပါ့​ပြောပါရ​စေ...

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 63678.85
ETH 2623.01
USDT 1.00
SBD 2.85