ညီ​တော်​ မ​ကျေနပ်​ဖူး ​နောင်​​တော်​..

in #esteem6 years ago

ညီ​တော်​ မ​ကျေနပ်​ဖူး ​နောင်​​တော်​..

ဘာဖြစ်​လို့လဲ ညီ​တော်​ရာ

သူတို့ကျ​တော့ ဘာသားစားပွဲ​တော်​ကြီးဆိုလား ကျင်းပ​နေတယ်​။ ညီ​တော်​​နောင်​​တော်​တို့ အတွက်​ အသားနဲ့ ​ပျော်​စရာ​တွေရမယ့်​ပွဲကြီးကျပိတ်​ပစ်​တယ်​။ လုံးဝ မတရားဘူး​နောင်​​တော်​။

မတရား​ပေမယ့်​ ဘာမသွားလုပ်​လို့မရဘူး ညီ​တော်​...စိတ်​​လျှော့။ အခု....သူတို့ဟာ ဘိလပ်​ပြန်​အ​နောက်​မယ်​​တော်​ကြီး အပိုင်​ထဲမှာ​ရောက်​​နေတယ်​။ မယ်​​တော်​ကြီးကို ကိုးကွယ်​သူ​တွေအ​ရေအတွက်​ဟာ ဒို့​လူ​တွေထက်​ကို များ​နေတယ်​။ ပဝါ​တော်​ဆက်​ လည်​ဆွဲ​တော်​ဆက်​ ဝ imageမ်းဆက်​​တော်​ဆက်​သူ​တွေနဲ့ ဝိုင်းဝိုင်းကိုလည်​လို့။

ညီ​တော်​မမှုပါဘူး... အခု ညီ​တော်တို့ရဲ့ လူ​တွေဟာလည်း နှယ်​နှယ်​ရလူ​တွေမှ မဟုတ်​ဖဲ။ အလှဖန်​တီးရှင်​​လောက၊ ရုပ်​ရှင်​​လောက စသဖြင့်​ ဆိုင်​ရာ ဆိုင်​ရာ ​လောက​တွေကို ချုပ်​ကိုင်​နိုင်​သူ​တွေချည်း။ ညီ​တော့်​မှာ အကြံစည်​ရှိပါတယ်​။

ဟိုက ကလိထိုးတိုက်​ကွက် အ​တော်​ကျွမ်းသတဲ့ သတင်းကြားတယ်​​နော်​။ ညီ​တော့်​လူ​တွေ ခံနိုင်​ပါ့လား။

ကလိထိုးတိုက်​ကွက်​က မနူးမနပ်​​ခေး​တွေပဲ ရမှာပါ။ ညီ​တော့်​လူ​တွေက ဒါမျိုးမ​ကြောက်​လို့ ရွာရိုး​လျှောက်​​နေတဲ့ဟာ။ မှုစရာလား။

သူတို့က တတိုင်းပြည်​လုံး​လေးစားတဲ့ ဟိုရုပ်​ထု​တွေလည်း နိုင်​ငံအနှံ့ထုထားတယ်​ကြားတယ်​​နော်​။ ရုပ်​ထု​ရှေ့တင်​တိုက်​ကွက်​​တွေကို​ကော ခံနိုင်​ပါ့မလား။

သူတို့ရုပ်​ထု​တွေတချို့ကဖြင့်​ ကယ်​ရီ​ကေချာ​တွေလိုလို ပန်းရံဆရာ ​လေဖြတ်​ပီးထုထား​တွေလိုလိုပါ ​နောင်​​တော်​ရာ။ ညီ​တော်​တို့မှာ ဒိထက်​သာတဲ့ ရုပ်​ထု​တွေများကြီး။

သူတို့ရဲ့ အကြီးဆုံး တိုက်​ကွက်​က ​လေမုန်​တိုင်း​တော်​ကီတိုက်​ကွက်​တဲ့ ညီ​တော်​ရ။ ပီးခဲ့တဲ့တိုက်​ကွက်​တုန်းကဆို လူ ၁၂ သန်း​လောက်​​တောင်​ခံရသတဲ့။ ​နောင်​​တော်​တို့ကို ဆက်​​နေကျ ထန်း​ရေဆိုင်​​လေး​တောင်​ ပါသွား​သေးတယ်​။

လေထဲလွင့်​သွားတာလား ​နောင်​​တော်

အဲ့ထက်​ဆိုးတာ​ပေါ့ကွာ။ သူတို့မယ်​​တော်​ကြီးက မင်းတို့ကို ထန်း​ရေတဲဘဝက​နေ ဆိုင်​ကြီးကန္နားကြီး ဖြစ်​​အောင်​မ,မယ်​။ နွားလှည်းစီးရတဲ့ဘဝက​နေ ကား​တွေ တရာဖိုးသုံးစီးနဲ့ စီးရမယ်​။ အဲ့လိုရဖို့ မဲ​တော်​ဆက်​ရမယ်​ဆိုလို့ ဆက်​လိုက်​ထှာမှာ.....

ဆိုင်​ကြီးဖြစ်​ပီး ကား​တွေစီး​နေရပီလား​နောင်​​တော်

လိုင်​စင်​အခွန်​​တော်​​ငွေ​တွေတိုး​ကောက်​လိုက်​တာ မဆက်​နိုင်​လို့ ဆိုင်​ပိတ်​လိုက်​ရပီ ညီ​တော်​။

တယ်​.... ဒီအတိုင်းဆိုရင်​​တော့ ညီ​တော်​တို့ ဒီအတိုင်း​နေလို့မဖြစ်​​ပေဘူး။ လုပ်​စရာရှိတာ အမြန်​လုပ်​ရ​ပေ​တော့မယ် ​နောင်​​တော်

ဘယ်​လိုအစီစဉ်​ရှိလဲ ညီ​တော်​။

မခက်​ပါဘူး​နောင်​​တော်​....
ညီ​တော်​ကြိုတင်​မြင်​ထားလို့ ကြိုတင်​ကြံစည်​ထားတာ ကြာပြီ။ ညီ​တော့်​ရဲ့ တန်​ခိုးစွမ်းအားနဲ့ ညီ​တော်​တို့ လူကို အထက်​​ရောက်​​အောင်​ မ, ​ပေးထားလိုက်​တာ​ပေါ့။ သူ ဘာ​တွေပဲ ​သောက်​တလွဲလုပ်​လုပ်​ ဘယ်​သူ​တွေမှ ဖြုတ်​လို့မရ​အောင်​ လုပ်​ထားလိုက်​တယ်​​လေ။ ညီ​တော့်​ရဲ့ အကြံအစည်​​တွေကို အဲ့လူက​နေတဆင့်​ အ​ကောင်​ထည်​​ဖော်​တယ်​။ ဥပမာ ညီ​တော်​တို့ကို ထန်း​ရေသမား​တွေဆိုပီး မ​ကောင်း​ကြောင်း​ဟော​ဟော​နေတဲ့ ဘုန်းကြီး​တွေကို ပညာ​ပေးတာမျိုး​ပေါ့။ အဲ့ဒီလူရဲ့ နာမည်​က ''.........''

ဟာ!!!!!!

ကိုယ်​​တော်​ကြီး အလွန်​အံ့သြပီး ပါးစပ်​အ​ဟောင်းသားဖြစ်​သွား​လေ​တော့သတည်း။

ကျ​နော်​သည်​ ဤမှထိသာ ​ရေးပြခွင့်​ရပါသည်​။ နာမည်​အား​ဖော်​ပြခွင့်​မရပါ။ စာရှုသူမိတ်​​ဆွေလဲ သိပါက မည်​သူ့မျှ မ​ပြောပြပါနှင့်​။.....။
Photo credit: internet

Min Min Thant
SMT NO. 33
MONYWA

Sort:  

စမ်း vote ပြီ minnow လာမလာ စောင့်နေမယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by min2thant from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64118.79
ETH 3390.14
USDT 1.00
SBD 2.51