ႀကိဳက္တယ္

in #esteem6 years ago

စိတ်မထင်ရင် မထင်သလို
လုပ်လိုက်ရတာကို ကြိုက်တယ်. . .။

သွေးပူနေတဲ့အချိန် ပေါက်ကွဲပြီး
သွေးအေးသွားမှနောင်တရနေရတာကို ကြိုက်တယ်. ။

အသည်းကွဲနေရတာကို ကြိုက်တယ်. . .
သူများတွေနဲ့ မတူအောင်နေတဲ့ ခံစားချက်ကို
ကြိုက်တယ်. . . ။

ခြောက်ခြားစရာကောင်းတဲ့ အိမ်တစ်လုံးထဲမှာ
တစ်ယောက်ထဲ စကားတွေပြောနေရတာကို ကြိုက်တယ်။

စကားနာထိုးရတာကို ကြိုက်တယ်. .
လွမ်းနေရတာကို ပြန်ပြီး ဒေါသထွက်နေရတာကို
ကြိုက်တယ် . .

အနာဂတ်ကိုကြိုတွေးပြီးမှ
ဖျက်ဆီးဖြိုခွဲခံလိုက်ရတာကိုလည်း ကြိုက်တယ် .။

ကိုယ့်အပြစ်နဲ့ကိုယ် ခံရတာတွေကို ကြိုက်တယ် ။
ဝဋ်လည်တာတွေကို ကြိုက်တယ် . .။

ပျော်စရာ လုံးဝကောင်းမလာတဲ့ လောကကြီးကို
ကြိုက်တယ် . . .။
အစော်ကားခံရတာတွေကို ကြိုက်တယ် . . .။
ပြန်ယုတ်မာရတာကိုလည်း ကြိုက်တယ် . . .။

ထင်သလို ဘယ်တော့မှ ဖြစ်မလာတာတွေကို
ကြိုက်တယ် . . .။
ဟန်ဆောင်နေရတာကို ကြိုက်တယ်. . .။
သစ္စာမရှိတဲ့လူတော်တော်များများကိုလည်း ကြိုက်တယ် .။

စောက်ပိုလုပ်နေသူတွေကို
စောက်ပိုတွေ လုပ်နေတာလို့
မပြောရတာကို ကြိုက်တယ်. . . ။
ဘယ်သူ့ကိုမှ အဖက်မလုပ်ရတာ ကြိုက်တယ်...။
ဘယ်သူကမှ အဖက်မလုပ်တာကိုလည်း ကြိုက်တယ်။

အမှတ်သည်းခြေကြီးသလို၊
မမေ့နိုင်တာတွေကိုလည်း ကြိုက်တယ်. . .။
ရူးချင်သလိုလ ို၊ သေချင်သလိုလိုဖြစ်နေတဲ့
စိတ်ကိုလည်း ကြိုက်တယ်. . .။

image

Sort:  

You got a 12.50% upvote from @sureshot courtesy of @min2thant!

ြုက်တာတွေကလည်း ကောင်းတာတစ်ခုမှ မပါပါလားနော် 😰😰😰

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64561.21
ETH 3418.15
USDT 1.00
SBD 2.57