"Good Luck ပါ အောဘေဘီ''

in #esteem8 years ago (edited)

.
image

.........................................

တကယ်တော့ ကိုယ်တွေငယ်ဘဝတုန်းက တဇောက်ကန်းရယ်.. အရာရာကို ဒေါသနဲ့ဖြေရှင်းတတ်တာလည်း အလီလီ... ဘာသာမဲ့ထက်ဆိုးတဲ့ ကလေးတစ်ယောက် ဆိုမှားအံ့မထင်...
ရုပ်တုတော်တွေမှာ ဘုရားပုံတော်က မျက်လုံးမျက်ဖန်လှလှ နှုတ်ခမ်းတော်က ရဲတွတ်နေတော့ ဇဝေဇဝါဖြစ်လှသမို့ 'အမေ ဘုရားက ယောက်ကျားလား မိန်းမလား' လို့စမေးတာ ၃တန်းနှစ်..လူကြီးတွေဘယ်လိုရှင်းပြခဲ့သလဲတော့မမှတ်မိ... 'ဂျိုးကပ်မယ့်ကောင်' ဆိုတာတော့ အဖန်ဖန်ကြားနေရတော့ ခုထိမှတ်မိနေတယ်...
ဗုဒ္ဓဝင်မှာ တောထွက်ခန်းလာတော့ အစောဆုံးဝေဖန်တာ ကိုယ်တွေပဲ... ဟုတ်တယ်လေ ကိုယ်တွေလက်ဆယ်ဖြာထိပ်မှာမိုး အမြဲရှိခိုးခိုးနေရတဲ့ ဘုရားအလောင်းတော်က ကိုယ့်မိန်းမ ကလေး(သားဦး/ရာဟုလာ)မွေးတဲ့ည မှာပဲ ပစ်ခဲ့သကိုး... အတော် မဖြစ်သင့်တဲ့ကိစ္စ ဘာညာ ဆိုပြီး အဆူအဆဲခံပြီး ထပေါက်ကွဲခဲ့ဖူးပါရဲ့...
ဘာကံထိုက်မယ်တော့မသိ။ ။

..............

အဲ့နောက်ပိုင်း ဘာသာမဲ့လိုလို ဂိုဏ်းစတားလိုလို နဲ့ ဖြတ်သန်းခဲ့တာတွေ ပြောရရင် ဆုံးမယ်မထင်ပါ...ဂျစ်ကန်ကန် မထေမဲ့မြင် ပုံစံပေါ့လေ... အများသုံးသပ်တာက ဒီခလေးတော့ သွားပါပြီပေါ့... ဒါပေမယ့် အသက်အရွယ်အလိုက် ရတဲ့ knowledge ရယ် ပတ်ဝန်းကျင်ရယ်က အရမ်း ကောင်းခဲ့တော့ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ခဲ့ဘူးပေါ့လေ... အထူးသဖြင့် ဆိုးတူကောင်းဖက် ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ ရေဆင်းမိသားစုတွေပေါ့လေ...

..................

ဘဝခါးခါးတွေ ဖြတ်သန်းခဲ့ရသူ ဖြတ်သန်းနေသူတွေကို အထူးပဲ ကိုယ်ချင်းစာ မိပါတယ်... တတ်နိုင်သရွေ့လည်း welcomeပါ...

ခက်တာက...
ကိုယ်တွေက ၁၀တန်းကို ၃ဘာသာဂုဏ်ထူးနဲ့ ရေဆင်းကိုမရ ရအောင်လျှောက်ခဲ့တဲ့မာနတော့ ခါတလေ ခေါင်းပြူချင်သား...

...............

ကိုယ်တွေ ပြင်လို့မရတဲ့ အမှား/အစွဲ ၂ခုရှိပါတယ်...
တစ်ခုက...
ကိုယ်တွေတုန်းက မစားခဲ့.မသုံးခဲ့.မလုပ်ခဲ့ရတာတွေကို ခုကလေးတွေရစေချင်တယ်..ဖြတ်သန်းစေချင်တယ်....
ပြီးတော့ ရုန်းကန်ကြိုးစားမှု သိပ်ပျော့လွန်းတာကျ ဘယ်လိုမှ အားမရ...

ဟုတ်ကဲ့...
ကိုယ်တွေ နှစ်ခုလုံးမှားနေခဲ့တယ် ထင်ပါတယ်...

...............

နောက်ဆုံး ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲမိတာကတော့ ''knowledge and wisdom '' ပါ... ဘာသာရေးကောပေါ့လေ...
ပညာရေးအတွက်ပုံအောသုံးစွဲပေးရင်း ကိုယ့်ပညာအရ မိမိဖာသာ ဆုံးဖြတ် ရွေးချယ်ခွင့်ကိုပဲ အရဲစွန့် ရွေးချယ်လိုက်ရပါကြောင်း......

Good Luck ပါ အောဘေဘီ်....

...............

စသဖြင့်

.

Sort:  

knowledge and wisdom

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 62060.73
ETH 1731.31
USDT 1.00
SBD 0.39