ရွှေရောင်လက်နေတဲ့ ကမ္ဘာ့အရှည်ဆုံး ဟိုတယ်

in #esteem6 years ago

ဒ်ီတစ်ပတ်ရဲ့ Guinness World Record ကဏ္ဍမှာတော့ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် အကြောင်းတင်ပြပါမယ်။
image
ဒီဟိုတယ်က အာရှစော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံမှာ တည်ရှိတာဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီလမှာ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် ဂရင်းနစ်မှတ်တမ်းမှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီဟိုတယ်ဟာခရီးသွားတွေ၊ မိသားစုတွေအတွက် ဒူဘိုင်းမြို့ရဲ့ စည်ကားတဲ့ညရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့ ဟိုတယ်လည်းဖြစ်ပါတယ်။ ရွှေရောင်တွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဒီဟိုတယ်အမည်က 75-storey Gevora ဟိုတယ်လို့အမည်ရပြီး အမြင့်ပေ ၁၁၆၉ ပေခန့် မြင့်မားပါတယ်။
လှပပြီး မြင့်မားတဲ့ဟိုတယ်ဖြစ်ကာ အလွှာပေါင်း ၇၁ လွှာရှိပြီး အခန်းပေါင်း ၅၂၈ ခန်းရှိပါတယ်။ ဒီတာဝါအဆောက်အအုံကို စတင်တည်ဆောက်ခါစကာ လူနေအိမ်ရာအဖြစ်ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ချိန်ကတော့ ၄ နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။ ဇိမ်ကျကျနဲ့ အပန်းဖြေအနားယူနိုင်တဲ့ဟိုတယ်ဖြစ်ပြီး စားသောက်ဆိုင် ၄ ဆိုင်၊ ရေကူးကန်၊ spa၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာနဲ့ ရေချိုးကန်တွေလည်း ပါဝင်ပါတယ်။ ခရီးသွားတွေ၊ မိသားစုတွေ ဒူဘိုင်းမြို့တွင်းမှာ စိတ်သက်သာစွာအနားယူအပန်းဖြေနိုင်အောင် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ ဟိုတယ်တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ဟိုတယ်ဖြစ်ပြီး အခန်းခကလည်း မြို့ထဲဧရိယာမှာရှိတဲ့ တခြားဟိုတယ်တွေထက် ချိုသာအောင် သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ အခန်းခဈေးနှုန်းကတော့ ခန့်မှန်းခြေအနေနဲ့ တစ်ညကို ယူရို ၁၃၄ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁၉၁ ဒေါ်လာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီဟိုတယ်မတိုင်ခင် ကမ္ဘာ့အမြင့်ဆုံးသတ်မှတ်ခံထားရတဲ့ဟိုတယ်ကတော့ J W Marriott Marquis Dubai ဟိုတယ်ဖြစ်ပြီး အမြင့်ပေ ၁၁၆၅ ဒဿမ ၈၄ ပေရှိတယ်လို့ သိရပါတယ်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by skylove from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 58984.04
ETH 2551.66
USDT 1.00
SBD 2.35