အလုပ် ၃

in #esteem • 6 years ago

💦 အလုပ် 💦
(၃)
💐💐💐
မဖြစ်မှာကိုကြောက်တဲ့စိတ်ကို သတိထားဖို့အရေးကြီးတယ်။ ကြောက်ပြီးတော့ မလုပ်ဖြစ်တော့ဘူး။ မလုပ်ဖြစ်တော့ ကိုယ့်ကိုယ်ကို ပိုပြီးအားမရဘူး၊ စိတ်ပျက်တယ်။ ဒါကြောင့် လုပ်သာလုပ်ပါ၊ နည်းနည်းဖြစ်ဖြစ် လုပ်ပါ။ မဖြစ်နိုင်ကြောင်းကို အကြောင်းပြချက်များများပြတတ်တဲ့သူအတွက် အကြောင်းပြစရာတွေ ပိုပိုပြီး ရလာမှာ သေချာတယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူအတွက် ဖြစ်နိုင်တဲ့နည်းလမ်းကောင်းတွေ တစ်မျိုးပြီးတစ်မျိုးတွေ့မှာ သေချာတယ်။

💐💐💐
စိတ်က အလုပ်မရှိရင် အဆိုးကိုတွေးတတ်တယ်။ တစ်ခုခုလုပ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုကျေနပ်တယ်။ ဒါကြောင့် တစ်ခုခုလုပ်ပါ။ အလကားထိုင်မနေနဲ့၊ အိပ်မနေနဲ့။ ကိုယ်ကြိုက်တာတစ်ခုခုကို လုပ်နေပါ။ သူများခိုင်းတာကိုလုပ်ဖို့ပြောတာ မဟုတ်ဘူးနော်။ ကိုယ်စိတ်ပါတာကို နည်းနည်းလေးဖြစ်ဖြစ်ထလုပ်ပါ။ ဘာဖြစ်ဖြစ်၊ အပြစ်မရှိတာတစ်ခုခုလုပ်ပါ။ ဘုရားရှိခိုးပါ၊ မေတ္တာပို့ပါ၊၊ အသက်ကြီးလာလေ ပိုပြီး ဥာဏ်ပါပါနဲ့လုပ်ရတဲ့ အလုပ်မျိုးကို ပိုလုပ်နိုင်လေဖြစ်လာရမယ်။

💐💐💐
When you are peaceful, happy, joyous and doing what you love to do, you are successful.
သင်ဟာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်နေတယ်ဆိုရင် အောင်မြင်နေတဲ့သူပါ။

💐💐💐
ကိုယ့်စိတ်ကကြည်လင်အေးချမ်းနေရင် ကိုယ်လုပ်ရတဲ့အလုပ်ပေါ်မှာလည်း တစ်မျိုးကျေနပ်မှုရတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဆက်ဆံရတဲ့လူတွေအပေါ်မှာလည်း ပိုပြီး ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ ဆက်ဆံလို့ရတယ်။ အဲဒါကြောင့် ဆက်ဆံရေးဟာ ပိုပြီးအဆင်ပြေလာတယ်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားတဲ့ဆက်ဆံရေး ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ အလုပ်မှာ ပိုပြီးပျော်လာတယ်။ အဲဒီလို ကိုယ်တွေ့ကြုံဖူးလား။ image

💐💐💐
ကိုယ်လုပ်နေတဲ့အလုပ်ကို အပြည့်အဝစိတ်ဝင်စားပြီးလုပ်တာဟာ အောင်မြင်ရေးမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ ပျော်ရွှင်စွာဘဝကိုနေနည်းမှာလည်း ကိုယ်လုပ်နေတာကိုအပြည့်အဝစိတ်ဝင်စားတာဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်။ ဒါကြောင့် ကိုယ်လုပ်နေတာကို အာရုံစူးစိုက်ပြီးလုပ်တတ်အောင် လေ့ကျင့်ရမယ်။ ဒီအရည်အချင်းဟာ သိပ်တန်ဖိုးရှိတယ်။ အလုပ်ကိုစိတ်မပါဘဲ အလုပ်လုပ်ချင်ဟန် ဆောင်နေတဲ့သူဟာ စိတ်ထောင်ကျနေတဲ့သူဖြစ်တယ်။ အခုလုပ်နေတာကိုမှစိတ်မဝင်စားရင် အခုနေနေရတဲ့အချိန်ဟာ တန်ဖိုးမရှိတဲ့အချိန်ဖြစ်နေမယ်။ အရည်အသွေးပြည့်ဝတဲ့အချိန်၊ အရည်အသွေးမြင့်မားတဲ့အချိန် Quality time မဖြစ်တော့ဘူး။ စိတ်ပါလက်ပါလုပ်၊ စိတ်ပါလက်ပါကြည့်၊ စိတ်ပါလက်ပါနားထောင်၊ စိတ်ပါလက်ပါပြော။ အကောင်းဆုံးစိတ်ထားနဲ့စိတ်ပါလက်ပါလုပ်မှ Quality time ဖြစ်မယ်။ လွတ်လပ်တဲ့စိတ်နဲ့နေမှ Quality time ဖြစ်မယ်။ ကိုယ့်စိတ်ကိုကိုယ်သိပြီး လွတ်လပ်နေအောင်၊ တည်ငြိမ်အေးချမ်းနေအောင်ထားနိုင်ရင် အဲဒီအချိန်ဟာ အရည်အသွေးပြည့်ဝတဲ့အချိန်၊ အရည်အသွေးမြင့်မားတဲ့အချိန် Quality time ဖြစ်နေမယ်။ "ငါ့အချိန်တွေကို အရည်အသွေးမြင့်မားသောအချိန် Quality time ဖြစ်အောင်လုပ်မယ်"လို့ စိတ်ကူးမရှိတဲ့သူဟာ Quality life အရည်အသွေးမြင့်မားတဲ့ဘဝကို ရနိုင်မှာမဟုတ်ဘူး။ ရအောင်လုပ်ဖို့မေ့နေရင် မရတော့ဘူး။ image

💐💐💐
လူတွေရဲ့စိတ်မှာရှိတဲ့၊ အကန့်အသတ်မရှိတဲ့အရည်အချင်းတွေ ထွက်မလာတာဘာကြောင့်လဲဆိုတော့ ပြတ်သားတဲ့ရည်ရွယ်ချက် မရှိလို့ဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး၊ ကိုယ်လုပ်တဲ့အလုပ်တွေအပေါ်မှာ ယုံကြည်မှုမရှိဘူး၊ အလုပ်ကို မထိတထိလုပ်ကြည့်တယ်၊ အခက်အခဲနဲ့ကြုံရင် နောက်ဆုတ်တယ်၊ အဲဒီလိုလူဟာ မကြီးပွားဘူး၊မအောင်မြင်ဘူး။

💐💐💐
Obstacles then become challenges.
အခက်အခဲဟာ ကိုယ့်အရည်အချင်းကိုစိန်ခေါ်တဲ့အရာ ဖြစ်လာတော့တယ်။ ဘာအခက်အခဲမှမရှိရင် အသိဥာဏ်လည်းထွက်မလာနိုင်ဘူး။ လူကြီးဖြစ်မလာဘူး။ ဘာတာဝန်မှလည်း ယူနိုင်မှာမဟုတ်ဘူး။
အလုပ်ကိုများများလုပ်လာတဲ့လူဟာ၊ အခက်အခဲတွေကိုများများဖြေရှင်းတဲ့လူဟာ ပြောရဲတယ်၊တာဝန်ယူရဲတယ်။ ပိုပြီးတော့ assertive ဖြစ်တယ်နော်။ ခိုင်ခိုင်မာမာရပ်တည်ရဲတဲ့လူ ဖြစ်လာတယ်။ ထိထိရောက်ရောက် ပြောတတ်ဆိုတတ်လာတယ်။ image

💐💐💐
အလုပ်လုပ်တဲ့သူရဲ့လောကဟာ ကျယ်တယ်။ လောကအကြောင်းကို သူ ပိုသိတယ်၊ လူတွေအကြောင်းကို သူ ပိုသိတယ်။ လောကဓံအမျိုးမျိုးနဲ့၊အခက်အခဲအမျိုးမျိုးနဲ့ အမြဲတွေ့နေရလို့ အခက်အခဲကို သူမကြောက်ဘူး၊ သူ့အရည်အချင်းတွေဟာ အမြဲတိုးနေတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိတယ်။ အလုပ်မလုပ်တဲ့သူရဲ့လောကဟာ ကျဉ်းမြောင်းတယ်။ သူ့မှာ သိတဲ့သူခင်တဲ့သူ နည်းတယ်။ သူဟာ လူတွေအကြောင်းကို သိပ်မသိဘူး။ အခက်အခဲတွေကိုရင်ဆိုင်ရတာနည်းလို့ သူဟာ အခက်အခဲကိုရင်ဆိုင်ရမှာ ကြောက်တတ်တယ်။ သူ့အရည်အချင်းတွေ မထွက်ဘူး။ ပတ်ဝန်းကျင်ရဲ့လေးစားမှု၊ယုံကြည်မှု၊အားကိုးမှုကို မရဘူး။ ဘာမှမလုပ်တဲ့လူကို ဘယ်သူမှအားမကိုးဘူးနော်။ အလုပ်မလုပ်ဘဲနေတဲ့လူနဲ့အလုပ်လုပ်တဲ့သူ ပြောပုံ၊ဆိုပုံ၊နေပုံ၊ထိုင်ပုံကြည့်တဲ့အခါမှာ အလုပ်မလုပ်ဘဲနေတဲ့လူက မရင့်ကျက်တာကိုတွေ့ရတယ်။ အလုပ်သည်ပင်လျှင် မိမိကို ပိုပြီးရင့်ကျက်တဲ့သူဖြစ်လာအောင် အထောက်အကူပေးတယ်။

💐💐💐
တန်ဖိုးရှိတဲ့အလုပ်တစ်ခုကို ခက်ခက်ခဲခဲကြိုးစားလုပ်ပြီးတော့ အောင်မြင်လာလို့ရှိရင် လူဟာ ကျေနပ်မှုပိုရတယ်။ သက်သက်သာသာနေရတာကို ကောင်းတယ်လို့မယူဆသင့်ဘူး။ သက်သက်သာသာနေရတဲ့လူဟာ ဘဝကိုကျေနပ်မှု ဘယ်တော့မှမရဘူး။ ကိုယ့်မှာ အခြေအနေအရ ဘယ်လောက်ပဲပစ္စည်းဥစ္စာတွေ ပြည့်စုံနေပြည့်စုံနေ တန်ဖိုးရှိတဲ့အလုပ်၊ခက်ခဲတဲ့အလုပ်တစ်ခုကို ကြိုးကြိုးစားစား နေ့မအား၊ညမအား လုပ်နေရမယ်။ လူဟာအားနေရင် ကောင်းကိုမကောင်းဘူး။ သက်သက်သာသာနေရရင် ကောင်းကိုမကောင်းဘူး။ ဘာမှမလုပ်ဘဲနေတဲ့သူရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှု Selfconfiednce က အင်မတန်နည်းတယ်။ ဘာမှမလုပ်တဲ့လူမှာ ဘာအရည်အချင်းမှ အကောင်အထည်မပေါ်တဲ့အတွက်ကြောင့် သူ့မှာ ကိုယ့်ကိုယ်ကိုအားကိုးမှု၊လေးစားမှု၊ယုံကြည်မှု အင်မတန်နည်းတယ်။ ပတ်ဝန်းကျင်မှာ တကယ်လုပ်နေ၊ကိုင်နေလို့ ခက်ခက်ခဲခဲကြိုးစားရုန်းကန်ပြီးတော့ ဖြစ်သင့်သလောက်ဖြစ်နေတဲ့လူနဲ့ယှဉ်တဲ့အခါမှာ သူ တော်တော်အားငယ်တတ်တယ်။
ဒါကြောင့် ဘဝကိုအဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ်နေချင်တယ်ဆိုရင် သက်သက်သာသာမနေပါနဲ့။ ကြိုးစားပါ။ အရည်အချင်းကို များများထုတ်ပါ။ အရည်အချင်းများများထွက်လေလေ ကျေနပ်မှုများများရလေလေပဲ။ အရည်အချင်းထွက်ဖို့ဆိုတာ အခက်အခဲကိုရင်ဆိုင်ရမယ်။ အခက်အခဲကိုရင်မဆိုင်ဘဲနဲ့ ဘယ်လိုမှအရည်အချင်းမထွက်နိုင်ဘူး။ အခက်အခဲတွေကို တဖြည်းဖြည်း ပိုပိုပြီးတော့ရင်ဆိုင်သွားရမယ်။ မလုပ်ဖူးသေးတဲ့အလုပ်တွေကို ပိုပိုပြီးလုပ်ရမယ်။ စားဝတ်နေရေးအတွက်လုပ်ရတာလည်း ရှိတယ်၊ ပညာရေးနဲ့ပတ်သက်ပြီး လုပ်တာတွေရှိတယ်၊ ဘာသာရေးနဲ့ပတ်သက်ပြီး လုပ်တာတွေလည်းရှိတယ်၊ တိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီး လုပ်တာတွေလည်းရှိတယ်၊ လူမှုရေးနဲ့ပတ်သက်ပြီး လုပ်တာတွေရှိတယ်၊ အများကြီးရှိပါတယ်။ အကုန်လုံး လုပ်ရမှာတွေပဲနော်၊၊ အဲဒီလူ့အရည်အချင်းထဲမှာ နက်နဲတဲ့၊မြင့်မြတ်တဲ့အသိဥာဏ်ကို ရနိုင်တဲ့အရည်အချင်းဆိုတာလည်းပဲ ရှိတယ်နော်။ image

💐💐💐
သူကိုယ်တိုင်အလုပ်မလုပ်တော့ သူများလုပ်မှာ၊ သူများအောင်မြင်သွားမှာ၊ အဆင်ပြေသွားမှာ၊ ကြီးပွားသွားမှာကို သူသိပ်ကြောက်တယ်။ သူများကတစ်ခုခုလုပ်တော့မယ်ဆိုရင် သူကပိတ်ပင်ပြီ။ ဘယ်လိုလုပ်ရင် ဘယ်လိုဒုက္ခရောက်မယ်၊ ဒုက္ခရောက်မယ့်ကိစ္စနဲ့ အဆင်မပြေမယ့်ကိစ္စတွေထောက်ပြပြီးတော့ မလုပ်ဖြစ်အောင်ဘဲ သူတားဆီးတယ်။ စဉ်းစားကြည့်နော်၊ အလုပ်မလုပ်တာ ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ။

💐💐💐
သဘောထားသေးတဲ့လူဟာ လုပ်ငန်းကြီးကြီးကို အောင်မြင်အောင်မလုပ်နိုင်ပါဘူး၊ တာဝန်ကြီးကြီးကို မထမ်းဆောင်နိုင်ဘူး၊ အများအကျိုး ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘူး။ စိတ်ဓာတ်မကြီးတဲ့သူ၊အသိဥာဏ်မကြီးတဲ့သူဟာ (trifling matters)အသေးအမွှား မပြောပလောက်တဲ့ကိစ္စတွေနဲ့ပဲ သူ့ရဲ့စိတ်ဓာတ်အင်အားတွေဟာ ပြုန်းတီးကုန်တယ်။ တကယ်အလုပ်ကြီးကြီးလုပ်မယ့်သူဟာ သူများကိစ္စတွေ၊အသေးအမွှားတွေပြောပြီးတော့ အချိန်မကုန်သင့်ဘူး။ သတိနဲ့နေတဲ့လူဟာ အသေးအမွှားကိစ္စတွေနဲ့ စိတ်အနှောင့်အယှက် တာရှည်အဖြစ်မခံဘူး။ ချက်ချင်းသိပြီးတော့ ချက်ချင်းပဲသူ့ကို အတိတ်မှာပဲထားခဲ့တယ်။

💐💐💐
ဘယ်အလုပ်ဟာကြီးကျယ်သလဲ၊ ဘယ်အလုပ်ဟာမြင့်မြတ်သလဲဆိုတာ သိဖို့ကိုမလွယ်ဘူး။ အဲဒါကိုသိဖို့ကိုပဲ ကြိုးစားနေတဲ့လူဟာ သူကိုယ်တိုင်ကြီးမှရမယ်။ ကြီးတာကိုသိဖို့ရာ သူကိုယ်တိုင်ကကြီးမှဖြစ်မယ်နော်။ ကြီးတဲ့သူမှသာ ကြီးတာကိုသိနိုင်တယ်။ ပဟေဠိဆန်ဆန်ပြောရရင်တော့ အဲဒီလိုပဲနော်။ ဘယ်လိုအလုပ်ဟာကြီးကျယ်သလဲ၊မြင့်မြတ်သလဲဆိုတာ သိချင်လို့ရှိရင် ကိုယ်ကိုယ်တိုင်က အသိဥာဏ်နဲ့စိတ်ဓာတ် ကြီးမှရမယ်။ ကိစ္စတစ်ခုဟာ ကြီးသလား၊သေးသလားဆိုတာသိဖို့တောင်မှ တော်တော်လေးရင့်ကျက်မှရတယ်။ မဟုတ်ရင် ကြီးတာနဲ့သေးတာ မခွဲနိုင်ဘူးနော်။ လူတော်တော်များများဟာ အရေးကြီးတာနဲ့အရေးမကြီးတာကို မခွဲနိုင်ဘဲနဲ့ များသောအားဖြင့်အရေးမကြီးတဲ့ကိစ္စတွေနဲ့ တစ်နေ့လုံးအချိန်ကုန်ပြီးတော့ ဘာမှထိထိရောက်ရောက်အလုပ် မလုပ်ြ image

💐💐💐
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတတ်နိုင်ဆုံးကောင်းအောင်လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှုရနေတယ်၊ စိတ်ချမ်းသာနေတယ်၊ ပျော်နေတယ်၊ သူများချီးမွမ်းတာပေါ်မှာ မှီခိုမှုမရှိဘူး။ လွတ်လပ်နေတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတတ်နိုင်ဆုံးကောင်းအောင်မလုပ်တဲ့သူ၊ ကိုယ့်ဟာကိုယ်ကျေနပ်မှုမရတဲ့သူဟာ သူများချီးမွမ်းမှကျေနပ်တယ်။ ဝေဖန်တာ၊ကဲ့ရဲ့တာကို သူမခံနိုင်ဘူး။ ပြီးတော့ ကိုယ်လွဲတာမှားတာကို ဖုံးချင်တဲ့သူဟာလည်း ဝေဖန်တာမခံနိုင်ဘူး။
☄ကိုယ့်စေတနာသာမှန်ရင် ကိုယ်စေတနာထားတဲ့အလုပ်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ အောင်မြင်အောင်လုပ်လို့ရပါတယ်။ ဒါကြောင့် စေတနာကိုအရင်ဆုံး ပီပြင်အောင်လုပ်ဖို့လိုတယ်။☄

🍃ဆရာတော်ဦးဇောတိက🍃
🍂(မဟာမြိုင်တောရ)🍂
၏
💧တွေးမိတိုင်းပျော်တယ်💧
စာအုပ်မှကူးယူဖော်ပြပါသည်

Sort:  

Very good post

Congratulations! This post has been upvoted from the communal account, @minnowsupport, by marmarkhaing92 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64118.79
ETH 3390.14
USDT 1.00
SBD 2.51