အမေးနဲ့အဖြေ

in #esteem8 years ago

image

Question = ကျွန်တော်တို့ဆီမှာ အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင်ရလောက်အောင် ဆုံးရှုံးနေတယ် ထင်လား။

Answer =
မထင်ပါဘူးရှင်။
မိန်းမအမျိုးအစားဟာ ယောက်ျားအမျိုးအစားထက် နိမ့်တယ် ၊ ယောက်ျားက မြင့်တယ် မြတ်တယ်လို့ ဘလိုင်းကြီး (blind) ပြောနေတာသာ မကြိုက်တာပါ။
လူကို စိတ်နေစိတ်ထား အကျင့် character ကို မကြည့်ပဲ Gender ကို ကြည့်ပြောတာ။
ယောက်ျားအမျိုးအစားကို သူ့ရဲ့ မဖြစ်မနေ အသာစီးရလိုမှုကို ပေးဘိသည့်အလားပဲ။

image

ခုပြောနေတာကလည်း ဘုရားပေါ်ယောက်ျားတွေပဲတက်ရပြီး မိန်းမတက်ခွင့်မရတာ အဲဒါ ပြဿနာလုပ်ပြီး ပြောနေတာ မဟုတ်ပါဘူး။ အဲဒါ ပြဿနာ မဟုတ်ပါဘူး။ မတက်ရလည်း ဘာမှမဖြစ်ဘူး။ တက်ရလို့လည်း ဘာမှ ဖြစ်မသွားပါဘူး။ 

  မိန်းမအမျိုးအစားကို အဆင့်နိမ့်အမျိုးအစားလို့ လူတွေမဖြစ်လာခင်ကတည်းက ဟိုးကမ္ဘာဦးကတည်းက သတ်မှတ်ထားသယောင်ယောင် ပြောနေတာကို ပြောချင်တာပါ။ 
  မိန်းမဟာ နိမ့်တယ်ပြောချင်ရင် ယောက်ျား အယုတ်အညံ့တွေလည်း တစ်ပုံတပင်ကြီးပါ။ 
ဒါပေမယ့် တန်းတူအခွင့်အရေး ဆိုပြီး ယောက်ျားတွေ လုပ်သမျှ မိန်းမတွေ လိုက်လုပ်လို့ ရတာကို ကောင်းတယ် မထင်ပါဘူး။ 
 မိန်းမဟာ ယောက်ျားနဲ့ တူသွားရင် လောကကြီးပျက်ဆီးဖို့ အသေအချာပါ လို့ ကျမယုံကြည်ပါတယ်။

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 61984.79
ETH 1763.17
USDT 1.00
SBD 0.38