သောက ဘယ်ကလာသလဲ

in #esteem6 years ago

သောကဘယ်ကလာလဲ?

"ငါ"ဆိုတဲ့ "ငါ့ဟာ" လို့သတ်မှတ်ထားတဲ့ အပေါ်မူတည်ပြီး သောကဖြစ်တယ်တဲ့!

ငါ့ပစ္စည်းလို့ သတ်မှတ်လိုက်တာနဲ့ သောကဆိုတာ လိုက်လာတယ်!

သံယောဇဉ်ဖြစ်ပြီဆိုတာနဲ့ တပြိုင်တည်း သောက ဆိုတာဖြစ်လာတယ်!

ငါ လည်းမဟုတ်ဘူး ငါ့ဟာ လည်း မဟုတ်ဘူးဆိုပြီး……
ဖယ်ထုတ်ထားလိုက်ရင် သောကဆိုတာမလာနိုင်ဘူး!

ခန္ဓာ ငါးပါးရဲ့ မမြဲတဲ့သဘောတွေကို ရှူ့ မြင်သုံးသပ်ရမယ်………
မမြဲဘူးဆိုတာသိရမယ်………
မမြဲတဲ့သဘောတွေကို သိရမယ်………
ကုန်ဆုံးပျက်စီးတတ်တယ်ဆိုတာသိရမယ်………
ချုပ်ပျောက်သွားတာဆိုတာ သိရမယ်……

အမှန်အတိုင်း………
ဘယ်အရာပဲဖြစ်ဖြစ်……
အခုခေတ်မှာရော……
ဟိုတုန်းကရော……
ဘယ်ကာလမှာပဲဖြစ်ဖြစ်……
ရုပ် နာမ် ဝေဒနာ သညာ သင်္ခါရ တွေဟာ……
ဘယ်တော့မှမတည်မြဲဘူး………
ပြောင်းလဲနေတတ်တယ်ဆိုတာ……
မှန်ကန်တဲ့ အသိဥာဏ်နဲ့ ရှူ့မြင်သုံးသပ်ပါတဲ့ မြတ်စွာဘုရားက!

မှန်မှန် ကန်ကန် အဲ့လိုရှူ့ မြင်သုံးသပ်ပြီးရင်……
အဲ့ဒီအတွင်း သောက ဆိုတာမလာတော့ဘူးတဲ့!
အဲ့ဒီသောက ကင်းဝေးသွားနိုင်တယ်တဲ့!
သောကဖယ်ရှားလိုက်တာနဲ့……
ပူပင်တာတို့ ကြောင့်ကျတာတို့ ဒါတွေမရှိတော့ဘူး!
အဲ့ဒီကြောင့်ကျမှု ကင်းသွားရင်………
ချမ်းသာသုခဆိုတာ ဖြစ်လာပြီး……
ချမ်းချမ်းသာသာနေလို့ရပြီ……
အဲ့ဒီချမ်းသာမှုလေးက တဒင်္ဂ အငြိမ်းဓါတ်လေးပါပဲတဲ့!
ရအောင်ကြိုးစားဖို့လိုအပ်တယ်……
ဆိုင်ရာအသိဥာဏ်ကလေးနဲ့……
တဒင်္ဂအငြိမ်းဓါတ်ဆိုတာကိုရနိုင်တယ်………
တဒင်္ဂ အငြိမ်းလေးရဖို့ ကြိုးစားအားထုတ်ဖို့လိုအပ်တယ်!
ခန္ဓာ ငါးပါးဟာ ငါလည်းမဟုတ်ဘူး………
ငါ့ဟာလည်းမဟုတ်ဘူး……
ငါမဟုတ်တဲ့အပြင်………
မမြဲတဲ့သဘောတွေနဲ့……
ပျက်စီးတတ်တဲ့သဘောတွေရှိနေတယ်………
အခု ရုပ် နာမ်တွေကလည်း ပျက်စီးနေတာပဲ……
ရှေးတုန်းကလည်းပျက်စီးတာပဲ……
နောင်လည်း ပျက်စီးဦးမှာပဲဆိုတဲ့………
မမြဲတဲ့သဘောတရားတွေပေါ်မှာ………
ဆင်ခြင်သုံးသပ်နိုင်ရမယ်!
အဲ့လိုဆင်ခြင်သုံးသပ်ရှူ့မြင်ခြင်းဖြင့်………
သောကဆိုတာကို ဖယ်ရှားနိုင်တယ် တားထားနိုင်တယ်! ထားထားနိုင်လို့ စိတ်ပူတယ်ဆိုတာမရှိဘူး………
စိတ်မပူရင် စိတ်ချမ်းသာမယ်………
သောကကို/စိတ်ကိုပူလောင်စေတတ်သော သောက ပရိဒေဝ လုံးဝမလွတ်ကင်းနိုင်သေးတောင်လျှော့ချ နိုင်ပြီးတော့……
ချမ်းချမ်းသာသာနေနိုင်တဲ့အနေအထားတစ်ခုရောက်အောင်ကြိုးစားနိုင်ကြပါစေတဲ့…………

###ပါချုပ်ဆရာတော်ဘုရား
image

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99