Theatre ( Part-1)

in #esteem5 years ago

ရုပ်ရှင်

Hello , all steemit member.

ရုပ်ရှင် ကြည့်ဖြစ်သော အတွေ့အကြုံ ဟု ဆိုရမည်ထင်

ရုပ်ရှင် အငြိမ့် ဇာတ်ပွဲ ဆိုသည့် အနုပညာဖျော်ဖြေရေး တို့တွင် အများဆုံး ကြည့်ရှုဖြစ်သည် ကတော့ ရုပ်ရှင် ဖြစ်ပါသည်

ငယ်စဉ်ကတာ့ အရပ်ထဲ ဘုရားပွဲ ကထိန်ပွဲများတွင် အငြိမ့်ပွဲ ဇာတ်ပွဲများ ပါပါက မိသားစုများနှင့် လိုက်ပါ၍ ကြည့်ရှုသော်လည်း ဇာတ်စဉ်ရှေ့ ဆူဆူညံညံ အသံများကို နားမခံနိုင်သောကြောင့် ပါလာသမျှ စားစရာများအား ဗိုက်ကားအောင်စား နောက်စောင်ခေါင်းမြီးခြုံ ၍ အိပ်ပါတော့သည်

ဇာတ်ပွဲကြည့် တစ်ခါလိုက်သွားမ်ပါက နောက်သုံးလေးရက်ကြာအထိ နားထဲ၌ ဆိုင်းသံဗုံသံ ဆူညံသံတွေ ကြားပြီး အိပ်ရေးပျက်တတ်သောကြောင့် အငြိမ့်ပွဲ ဇာတ်ပွဲဆို ပွဲဈေးတန်းလျောက်မုန့်စား လမ်းလျောက်သား သွားလေ့ ရှိပါသည်

ဒါပေမယ့် ရုပ်ရှင်ကိုတော့ ကြည့်ဖြစ်ပါသည်

စစ်ကိုင်းမြို့၌ ရုပ်ရှင်ရုံ ပိတ်သွားသည်မှာ ဆယ်စုနှစ် တစ်ုခုနီးပါးကြာမြင့်ခဲ့သောကြောင့် ရုပ်ရှင်ကြည့်မည်ဆိုပါက မန်းလေးမြို့ရှိ ရုပ်ရှင်ရုံ များသို့ သွားရောက် ကြည့်ရပါတော့သည်

မိမိနေထိုင်ရာမြို့တွင် ရုပ်ရှင်ရုံမရှိသည့်အတွက် ရုပ်ရှင်ကြည့်ခြင်ပါက မန်းလေးမြို့သို့သွားရောက်ရသည့်အတွက် ရုပ်ရှင် ကြည့်ရှုချိန်အပြင် လမ်းခရီးအသွားအပြန် ကြာချိန်များပါပေးရပါတော့သည်

ထိုအထဲကမှ နာမည်ကြီးဇာတ်ကားများရုံတင်ပါက ရုပ်ရှင်လက်မှတ်အား ကြိုတင် ဘိုကင် ဖြတ်ရသည့်အခါမျိုးတွင် ပို၍ အချိန်ကုန်ပါသည်

ရုပ်ရှင်တစ်ကားကြည့်ဖို့အရေး တစ်နေ့တာ အချိန်ကုန်လွန်သွားသည့် အတွက်

အခုနောက်ပိုင်း ရုပ်ရှင်ရုံသို့ သွားရောက်၍ ရုပ်ရှင် မကြည့်ဖြစ်တော့သည်မှာ ၃နှစ်ခန့်ပင်ကြာခဲ့ပါသည်

7imoyls3uk.jpg

@mamamyanmar

Sort:  

You seem to be using older version of eSteem!
Please update to newest version to get most out of eSteem, Install Android, iOS mobile app. For desktop Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကျုပ်လည်း ရုပ်ရှင်နဲ့ဝေးနေတာကြာပေါ့ သွားကြည့်အုံးမှာပါအေ

ရုပ်ရှင်ရုံထဲ သွားအိပ်တာပါ အေ

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63101.67
ETH 2588.03
USDT 1.00
SBD 2.74