Casssiafistula ( Part-6)

in #esteem5 years ago

ငုဝါပန်း (အပိုင်း- ၆)

Hello , all steemit member.

m2qzhirxlr.png

လှပလွန်းသော ငုပန်းပွင့် ငုပန်းပင် လေးများသည် လူသားတို့ ၏ မျက်စိပသာဒ ကို အဟာရ ဖြစ်စေရုံသားမက ဘဲ

အစွမ်းထက်သော ဆေးဖက်ဝင်သော ဂုဏ်သတ္တိ ထူးများ လည်း ရှိနေပါသေး သည်

️ငုရွှေဝါ ( ငုကြီး / ငုရွှေ / ငုဝါ ) ဆိုပြီး အမျိုး အစားကွဲပြားသော်လည်း အားလုံးသည် ဆေးဘက်လည်းဝင် အသုံးဝင်ပါသည်

ငုပန်းပင် ၏ အသီး အပွင့် အရွက် အမြစ် ငုပင် တစ်ပင်လုံးသည် ဆေးဖက်ဝင်ပါသည်

ငုပင်၏ အသီး သည် ချိုသက်သော အရသာ ရှိသည်

ငုပင်၏ အရွက် သည် စပ်သောအရသာ ရှိသည်

ငုပင်၏ အပွင့် သည် အေးသောအရသာ ရှိသည်

ငုပင်၏ အသား သည် ဖန်သော အရသာ ရှိသည်

ငုပင်၏ အမြစ် သည် ခါးသော အရသာ ရှိသည်

ထို့ကြောင့် အစာကြေလွယ်ခြင်း နှုတ်မြိန်စေခြင်း အဖျားရောဝါပျောက်ကင်းစေခြင်း နှလုံး၊ရောဂါ လေပိတ်လေချုပ် လေထိုးလေအောင့်နာတို့ ကို နိုင်၏ ဟူသော ဂုဏ်သတ္တိ ထူးများ ပိုင်ဆိုင်ပါသည်

်ငုပင်၏ပဉ္စငါးပါး ဖြစ်သော အမြစ် အခေါက် အသီး အပွင့် အရွက် တို့ကို ရေနှင့်သွေး၍ လိမ်းပေး ပါကပွေးနာ, ဝဲခြောက် နှင့်အရေပြားရောဂါတို့ ကို ပျောက်ကင်းစေပါသည်

အဆစ်ရောင် နာများ ကို ငုပင်၏ အရွက် ကို ပြုပ်၍ ကျပ်ထုပ်ထိုပေးပါက သက်သာစေပါသည်

ဝမ်းဖော ဝမ်းယောင် ဖြစ်ပွားပါက ငုပင်၏ အနှစ်ကို ရေနှင့်သွေး၍ ချက်ပတ်လည်တွင် လိမ်းပေးပါက ပျောက်ကင်းပါသည်

နားနှင့်ပတ်သက်သော ရောဂါများအတွင် ငုပက်၏ ပဉ္စငါးပါး ကျိတ်ထားသော အရေ ကို နားအတွင်းခပ်ပေးပါက ပျောက်ကင်းပါသည်

အပူလောင်သောအနာ ပိုးရောဂါများ ဖြစ်ပွားပါက ငုပင်၏အမြစ်ကို နွားနို့ နှင့်ပြုတ်သောက်လျှင် ပျောက်ကင်း ပါသည်

ငုပန်ပင် ၏ ဆေးဖက်ဝင် ပုံ အသုံးဝင် ပုံ များ နှင့် အကျိုးတရားများမှာ အံ့မခန်း များပြားလှ ပါသည်

ငုပင်၏ အသုံးဝင် အစွမ်းထက်သည့် နည်းလမ်းများလည်း အများအပြား ရှိပါသေးသည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ငုဝါ အမည်က လှတယ် သူ့ရဲ့ပွင့်ချိန်မှာလည်း လွမ်းစရာကောင်းတယ်အေ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57344.91
ETH 3100.39
USDT 1.00
SBD 2.42