ရင်ထိတ်စွာ နားစွင့်ခဲ့ရပါတယ်

in #esteem6 years ago

image

ရင်ထိတ်စွာ နားစွင့်ခဲ့ရပါတယ်

မနေ့က ဒေါ်အောင်ဆန်းစုကြည် မြောင်းမြကိုသွားတယ်လို့ သတင်းရပါတယ်။ မြောင်းမြ ကြိုးတံတားပြတ်ကျ တာကို သွားကြည့်တယ်။ ဒေသခံပြည်သူများနဲ့ စကားဝိုင်း (Peace Talk) လုပ်တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားဝိုင်းထဲက စကားတွေထဲမှာ အလွန်နှစ်သက်မိတာကတော့ ကိုယ့်နိုင်ငံ အနေအထားကို မီးရထားနဲ့ နှိုင်းပြသွားတာပဲ။

“အခု ကျွန်မတို့ရဲ့ မီးရထား အခြေအနေက မကောင်းဘူးဆိုတာ အားလုံး သိပြီးသားပဲ။ နှေးလည်း နှေးတယ်။ သွားတဲ့ရထားတွဲတွေကလည်း ထိုင်လို့ မကောင်းဘူး။ နောက်ပြီးတော့ ခေါင်းတွဲတွေကလည်း ကောင်းသင့် သလောက် မကောင်းဘူး။ အဲဒါ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ကိစ္စ။ အဲဒီတော့ အခု ဒီလို ရထားတွဲကြီးကို ပြောတဲ့ အခါမှာ အခုက ကျွန်မတို့ဟာ စနစ်တစ်ခုကို ပြောင်းဖို့ပေါ့။ ကျွန်မတို့ စနစ်တစ်ခုကို ပြောင်းဖို့ဆိုတာဟာ နေ့ချင်း ညချင်း ဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ တစ်ချိန်လုံး ကြိုးစားနေရတယ်”

သဘောပေါက်ကြရဲ့လား မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက စီးချင်တာက ဂျပန်တွေစီးနေတဲ့ ကျည်ဆန်ရထား။ အဲဒီ ကျည်ဆန်ရထားကို စီးဖို့ဆိုတာ လက်ရှိ လမ်းဟောင်းပေါ်မှာ လာတင်ပြီး ပြေးလို့ မရဘူး။ ဒါကို ဘယ်လိုပြောသွားသလဲဆိုတော့

“အခု ကျွန်မတို့ အမြန်ရထားသွားစေချင်တယ်ဆိုရင် အမြန်ရထားက အခု နောက်ဆုံးပေါ် ဂျပန်မှာရှိတဲ့ ကျည်ဆန်ရထားလိုဟာမျိုး သွားဖို့ဆိုတာ ကျွန်မတို့ရဲ့ လမ်းဟောင်းကြီးပေါ်မှာ လာတင်လို့မရဘူး။ အားလုံး ပြန်ပြင်ရတယ်။ ရထားလမ်းတွေလည်း ပြန်ပြင်ရတယ်။ စနစ်ကိုလည်း ပြန်ပြင်ရတယ်။ ခေါင်းတွဲရော၊ နောက်တွဲ တွေရောပေါ့။ ပြီးတော့ ဒီဟာတွေကို မမောင်းနိုင်တဲ့ သူတွေကိုလည်း သွန်သင်ပေးရတယ်။ လေ့ကျင့်ပေးရ တယ်။ အဲဒါတွေ အားလုံး လုပ်ဖို့ဆိုတာ ပိုက်ဆံလိုတယ်။ အဲဒီလိုပဲ လိုအပ်ချက်တွေ အများကြီးပဲ။ ခေါင်းလေး တစ်ခုတည်း တပ်လိုက်ရုံနဲ့ မပြီးသွားဘူး။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံမှာ အပြောင်းအလဲ လုပ်ဖို့ ဆိုတာဟာ အနောက်ကနေပြီးတော့ ကိုးရိုးကားရား လုပ်နေတဲ့ သူတွေကတော့ အမြဲ ရှိမှာပဲ”

image

နောက်ကနေပြီး ကိုးရိုးကားရား ခွလိုက်တိုက်နေတာ ဘယ်သူတွေရှိနေသလဲ မြင်အောင် ရှုကြပါတော့ဗျာ။

ဒေါ်အောင်ဆန်းစုကြည် မြောင်းမြကိုသွားတော့ ရဟတ်ယာဉ်နဲ့ သွားတယ်ဆိုတာ မနေ့က Facebook ပေါ်မှာ တွေ့လိုက်ရတာကို စိုးရိမ်တာ။

အလွန်သတ္တိကောင်းတဲ့ နိုင်ငံ့ခေါင်းဆောင်ပါခင်ဗျာ

အသက်အရွယ်ကြီးလာပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရဟတ်ယာဉ်နဲ့ သွားမှ အဆင်ပြေမယ် ဆိုတာ သိပေမယ့် ရင်ထဲမှာ စိုးရိမ်ထိတ်နေမိတာ ဘာကြောင့်မှန်းတော့မသိပါ

ညကျတော့လည်း သတင်းတွေကိုဖွင့်ထားရတယ်။

ချောမောစွာ ပြန်ရောက်ပါစေ ဆုတောင်းပေးနေမိတယ်။

နေပြည်တော်ကို ပြန်ရောက်ကြောင်း သတင်းကြားမှ သက်ပြင်းချနိုင်ပါတယ်။

ရဟတ်ယာဉ်စီးရဲတယ်။ တော်တော် သတ္တိကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား နောက်ဆိုရင် ပြည်တွင်း ခရီးတွေ သိပ်မသွားဖို့ မေတ္တာရပ်ခံပါတယ်။ သွားရင်လည်း လေကြောင်းနဲ့ မသွားပါနဲ့လားခင်ဗျာ။ စိုးရိမ် မိပါတယ်။

ကျွန်တော် အလွန်လေးစားခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးတစ်ယောက် ဘာကြောင့်ကွယ်လွန်သွားခဲ့ရတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သိမှာပါ။

တင်ညွန့်

photo : facebook

image

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55258.26
ETH 2459.89
USDT 1.00
SBD 2.19