ကျေးဇူးတင်တတ်တဲ့စိတ်ကိုမွေးပါ

in #esteem7 years ago

image

ကျေးဇူးတင်တတ်တဲ့စိတ်ကိုမွေးပါ

If the only prayer you say in your life is thank you , that would be enough.
အကယ်၍ သင့်ဘဝမှာ သင့်ရဲ့တစ်ခုတည်းသော ဘုရားရှိခိုးစာဟာ ကျေးဇူးတင်ပါတယ် တစ်လုံးတည်းဖြစ်နေရင်လည်း ဒါဟာ လုံလောက်ပါပြီ ပြည့်စုံပါပြီ .. တဲ့။
ဒီနေရာမှာ ကျေးဇူး ဆိုတဲ့စကားက အမိအဖတင်မက လူတစ်ဦးတစ်ယောက်တင်မကပါဘူး .. လောကကြီးတစ်ခုလုံးကို ကျေးဇူးတင်တာနော်။
အင်မတန်အဆင့်မြင့်တဲ့ ဦးနှောက်အသိဥာဏ်ရှိမှ သဘာဝရေမြေတောတောင် အပါအဝင် တစ်လောကလုံးရဲ့ ကျေးဇူးတရားကို နားလည်တတ်တာပါ။
ဘယ်လိုလူမျိုးတွေက လောကကြီးကို ဖျက်ဆီးကြတယ်ထင်သလဲ... ။ လောကကြီးကို ကျေးဇူးမတင်တတ်တဲ့သူတွေဟာ လောကကြီးဖျက်ဆီးကြတယ်။
လူ့အသိုင်းအဝိုင်းကြီးထဲမှာ ရှင်သန်နေထိုင်ပြီး လူ့အသိုင်းအဝိုင်းကျေးဇူးကို မသိတဲ့သူက အသိုင်းအဝိုင်းကို ချိန်းခြေါက်တယ် .. ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်တယ် .. ရေ မြေ လေ ကို အဆိပ်သင့်အောင် လုပ်တယ်။

image

ကျေးဇူးကို နားလည်လိုက်တယ် ဆိုတာအင်မတန်အဆင့်မြင့်တဲ့သူက အင်မတန်အဆင့်မြင့်တဲ့အလုပ်ကို လုပ်လိုက်တာပါနော်။ 
ဒါ့ကြောင့်ပဲ မြတ်စွာဘုရားက ကျေးဇူးတရားကို အောင့်မေ့နိုင်စွမ်း သိနိုင်စွမ်း ရှိတယ် ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အလုပ် မဟုတ်ပါဘူးတဲ့.. လောကမှာ ရှားပါးလူနှစ်မျိုးရှိတယ်တဲ့ .. တစ်မျိုးက ကျေးဇူးကိုသိသောသူ..  နောက်တစ်မျိုးက ကျေးဇူးကိုဆပ်တတ်သောသူ ..တဲ့။ 
 မိဘကို ကျေးဇူးတင်တတ်တဲ့သူဟာ မိဘကို စောင့်ရှောက်တယ်။ လူအသိုင်းအဝိုင်းရဲ့ကျေးဇူးကို နားလည်တဲ့သူဟာ လူ့အသိုင်းအဝိုင်းကို စောင့်ရှောက်တယ်နော်။ 
 ဒါ့ကြောင့်ပဲ သူကပြောတာ..   အကယ်၍ သင့်ရဲ့ဘုရားရှိခိုးစာဟာ ကျေးဇူးတင်ပါတယ် ဆိုတာ တစ်လုံးတည်းဖြစ်နေရင်လည်း .. ဒါဟာ လုံလောက်ပါပြီ ပြည့်စုံပါပြီ .. တဲ့။ 

 မနက်ခင်းတိုင်းကို ကျေးဇူးတင်တဲ့ စိတ်ကလေးနဲ့ စပါ။ 
 နေ့စဉ် ကိုယ့်ဘဝမှာ ကောင်းတာတွေ အများကြီး ဖြစ်နေတာကို မြင်အောင် ကြည့်ပါ။ ကျေးဇူးတင်ပါ။ 
သားသမီးတွေ တပည့်တွေကို လောကကြီးကို ကျေးဇူးတင်တတ်အောင် သင်ပါ။ 

ကျေးဇူးတင်တတ်တဲ့စိတ်ဟာ သုခဘုံကြီးပါ။

ကျေးဇူးသိတဲ့စိတ်ထဲမှာ .. စိတ် ငြိမ်းချမ်းမှု မြင့်မြတ်မှု မာန်မာနနိမ့်ချမှု  ရိုသေမှု အားလုံးပါသလို ..  စိတ်ရဲ့ တည်တန့်မှုနဲ့ စိတ်ရဲ့ ခိုနားရာရမှုတွေ အများကြီးပါနေပါတယ်။

photo : facebook

image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by luyoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 64236.48
ETH 2519.13
USDT 1.00
SBD 2.66