ကင်တို

in #esteem8 years ago

ကင်ဒိုပညာဆိုတာ
ကင်ဒိုဆိုတဲ့အမည်ကို တော်တော်များများသိကြမှာပါ။
စင်စစ်အားဖြင့် ကင်ဒိုဆိုတာ ဂျပန်ရိုးရာ ကိုယ်ခံပညာတစ်ခုဖြစ်ပြီး အကာအင်္ကျီနဲ့ ဝါးနဲ့ပြုလုပ်ထားတဲ့ဓားရှည်တို့ကို အသုံးပြုပြီး တိုက်ခိုက်ကြတဲ့ ဓလေ့ဖြစ်ပါတယ်။ ဒီကိုယ်ခံပညာဟာ ဂျပန်သာမက ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့တဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်ခံပညာနဲ့ ရုပ်ပိုင်းဆိုင်ရာအားကစားတို့ကို ပေါင်းစပ်ထားတဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။ image

၁၇၁၁ ကနေ ၁၇၁၅ ခုနှစ်အတွင်း စတင်မိတ်ဆက်ကစားခဲ့ကြပြီး ဂျပန်လို shinai လို့ခေါ်တဲ့ ဝါးဓားရှည်တွေနဲ့ တိုက်ခိုက်ကစားကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ bogu လို့ခေါ်တဲ့ အကာအင်္ကျီနဲ့ shinai ဓားရှည်တို့ကို ပိုမို အဆင့်မြှင့်တင်တီထွင်ခဲ့ကြပါတယ်။ ပညာရှင် Yamada Heizaemon၊ Naganuma Shirozaemon Kunisato အစရှိတဲ့ ပုဂ္ဂိုလ်တွေက ကင်ဒိုပညာပြန့်ပွားရေးဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအားကစားနည်းကို နာမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီး ၁၉၂ဝ ခုနှစ်မှာတော့ kendo အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ ၁၉၄၆ ဝန်းကျင်မှာတော့ အပိတ်ပင်ခံရပါသေးတယ်။ နောက်ပိုင်းမှာတော့ စစ်ပွဲတွေအတွင်း တိုက်ခိုက်မှုတွေမှာ ပြန်လည်မိတ်ဆက်ခဲ့ပြီး DNBK အဖွဲ့အစည်းက ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
image

၁၉၅၂ ခုနှစ်မှာတော့ All Japan Kendo Federation (AJKF) ကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကင်ဒိုပညာကို ကိုယ်ခံပညာအတွက်မဟုတ်ပဲ အားကစားပညာတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ပါတော့တယ်။ AJKF စတင်တည်ထောင်ချိန်ကစလို့ ကင်ဒိုပညာဟာ အားကစားနည်းတစ်ခုအနေနဲ့သာ တည်ရှိတော့ပြီး လက်ရှိမှာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

၁၉၇ဝ မှာတော့ International Kendo Federation (FIK) ကို တည်ထောင်ခဲ့ပြီး တစ်ကမ္ဘာလုံးက ကင်ဒိုပညာတွေနဲ့ပတ်သက်ပြီး စီမံခဲ့ပါတယ်။ FIK အဖွဲ့အစည်းဟာ ကင်ဒိုပညာအပြင် အာကီဒိုနဲ့ ဂျူဒိုပညာတွေ ပိုမို လူသိများစေဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၂ မှာတော့ International Martial Arts Federation (IMAF) ကို တည်ထောင်ခဲ့ပြီး ကင်ဒိုပညာဖွံ့ဖြိုးရေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကင်ဒိုပညာဆော့ကစားရမှာ လိုအပ်တဲ့ပစ္စည်းတွေကတော့ Shinai၊ Bokuto လို့ခေါ်တဲ့ တိုက်ခိုက်ရေးလက်နက်တွေ၊ Men လို့ခေါ်တဲ့ အကာဦးဆောင်း၊ Do၊ Tare၊ Kote လို့ခေါ်တဲ့ အကာအကွယ်ပစ္စည်းတွေ လိုအပ်မှာဖြစ်ပါတယ်။

ကင်ဒိုသိုင်းအကြောင်းကို ကြိုက်ပါတယ်
ကင်ဒိုသိုင်းအကြောင်းကို မကြိုက်ပါဘူး- image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 62737.20
ETH 1764.48
USDT 1.00
SBD 0.39