Life

in #esteem8 years ago (edited)

@အ​မေ့ထံသို့​ပေးစာ နှင့်
အမှန်​တရားကိုထုတ်​​ဖော်​ခြင်း

#ငယ်​ငယ်​က ပိုက်​ဆံ​လေး(၂၀၀)
ခိုးမိတာကို အမာရွတ်​ကျန်​​အောင်
ရိုက်​ခဲ့တဲ့ အ​မေ့ကိုအပြစ်​တင်​မိတယ်
ထိုင်​ကြည့်​​နေရက်​တဲ့ အ​ဖေ့ကိုလည်း
အပြစ်​မြင်​မိတယ်​.😥

#သင်္ကြန်​မှာ ​ရေကြာ​အောင်
ဆော့လို့ဆိုပြီး
နို့ဆီခွက်​နဲ့​ခေါင်း​ပေါက်​​အောင်
ခေါက်​ခဲ့တဲ့အ​မေ့ကို
ငယ်​ငယ်​က အပြစ်​မြင်​မိတယ်​..😏

#ငယ်​ငယ်​က​ကျောင်းမတတ်​ချင်​လို့
ေ​ရထဲခုန်​ချပြီး ပြန်​လာတဲ့အချိန်​တိုင်း
ရိုက်​နှက်​ပြီး ​ကျောင်းပြန်​ပို့ခဲ့တဲ့
အ​ဖေနဲ့အ​မေကို မုန်းမိတယ်​..😬

#ဆယ်​တန်း​ကျောင်းသားဖြစ်​ပြီး
စာမကျက်​တဲ့သားကို အ​ဖေရိုက်​ပြီး
ဆုံးမတုန်းက အပြစ်​မြင်​မိတယ်​..😏

.စိတ်​ဒဏ်​ရာ​တွေရဲ့ ထွက်​​ပေါက်​အဖြစ်
မိမနိုင်​ဖနိုင်​ ဆိုးသွမ်း​နေရတဲ့ဘဝမှာ
ပျော်​​နေခဲ့မိပါတယ်​....အ​မေ💃

အ​မေငိုပြီးဆုံးမတာ​တောင်
နား​ထောင်​ရမှန်းမသိတတ်​ခဲ့ပါဘူး

#အရက်​မူးပြီး ဆိုးသွမ်းတဲ့သားကို
အ​ဖေအိမ်​​ပေါ်က ကန်​ချ​တိုင်း
ပျော်​​နေခဲ့​သော်​လည်း
ခြောက်​ဘာသာ​ဖြေတာ
ငါးဘာသာ​လောက်​ကျပြီး
ွှမှင်​နီ​နဲ့ သတိ​ပေးခံ​နေရတဲ့ သားအတွက်
မျက်​နှာငယ်​နဲ့ အ​ဖေလက်​မှတ်​ထိုး​နေရတာ
မြင်​​တော့ ..သားဝမ်းနဲမိပါတယ်​....

#အပြင်​​လောကထဲ​ရောက်​​တော့မှ
မိဘ ​မေတ္တာကိုနားလည်​၍
ပညာရဲ့တန်​ဖိုးကို သိလာခဲ့တာပါ..

#​နောင်​တ​တွေရလို့ အ​မေ့အိမ်​ကို
ပြန်​လာတဲ့အချိန်​မှာ
အ​မေ့ရဲ့တစ်​ခုတည်း​သောဆန္ဒက
သားကို ၁၀တန်း​အောင်​​စေချင်​​နေတုန်း
ပဲ..

သြော်​..အ​မေရယ်​ ....
သားဒီ​လောက်​မသိတတ်​ခဲ့တာ​တောင်
သားအ​ပေါ်မှာအပြစ်​မမြင်​ခဲ့ဘူး​နော်​😥😥
(မိဘမေတ္တာက ကြီးမားပါ​ပေတယ်​)

စာနဲ့​၂နှစ်​​လောက်​​ဝေး​နေတဲ့
သားအတွက်​ ၁၀တန်း​အောင်​ဖို့
မလွယ်​ကူလှပါဘူး
#လူ​တွေရဲ့ အထင်​​သေးသလို
ကြည့်​တဲ့မျက်​လုံး​တွေ
လူတိုင်းရဲ့ အ​ပြောအဆို
ကဲ့ရဲ့မှု​နဲ့ အခက်​အခဲ
ဒုက္ခ​တွေကြားက​နေ ​နောက်​ဆုံးမှာ
အ​မေ့ဆန္ဒပြည့်​ဝခဲ့ပါတယ်​..

ကိုယ့်​မာနကို ထိခိုက်​​စော်​ကား
နေ​သော်​လည်း အ​မေ့သား
ခေါင်းငုံ့ခံတာ ​နေသားကျ​နေပါပြီ။

(ဤစာ​ရေး​နေရင်း​တောင်​ အ​မေတို့
အ​ပေါ် မသိတတ်​ခဲ့တာ​တွေအတွက်
ဝမ်းနည်းလို့ မျက်​ရည်​ကျခဲ့ပါတယ်
ဤသစ္စာစကားမှန်​ကန်​ပါက
တစ်​​နေ့​နေ့တစ်​ချိန်​ချိန်
မိဘ​ကျေးဇူးတရားကို
အ​ကျေဆပ်​နိုင်သည့်​သူ၊အဆုံးဘဝ
နောင်​ကာလ၌ ဘုရားရှင်​တို့သိ​သော
သစ္စာ၎ပါးတရားတို့​ကောင်းစွာ
သိနားလည်​​သောသူ ဖြစ်​ရပါ​စေသား
အရှင်​ဘုရား...)
..
‌@#အမှန်​တရားကို ထုတ်​​ဖော်​ခြင်း

ကိုယ့်​ထက်​အသက်​ငယ်​သူ​တွေကြားမှာ
ပညာသင်​ယူရေ​နရတဲ့
သူတွေရဲ့ဘဝဟာ
မလွယ်​ကူလှပါဘူး​ဗျာ....😇😇

ကိုယ်​ကသိလို့ စာလိုက်​​ပြောရင်​လည်း
သိမှာ​ပေါ့ကွ သူကအသက်​ကြီး​နေပြီ
ကျတာလည်း နှစ်​​တွေကြာပြီပဲ
ဆိုတဲ့ ​ပြောတဲ့သူ​တွေ​ကြောင့်
စာသင်​တိုင်း နှုတ်​ဆိတ်​​နေရလို့
အခုဆိုရင်
အကျင့်​​တောင်​ဖြစ်​​နေပါပြီ..

ကိုယ်​ချစ်​တဲ့​ကောင်​မ​လေး
ကိုယ့်​ထက်​​ငယ်​​နေရင်​လည်း
💁.ကိုယ့်​အသက်​မှအားမနာ
ကိုယ်​နှမအရွယ်​​လေး​တောင်
ဖွင့်​​ပြောရက်​တယ်​..ကြည့်​စမ်း
ဆိုပြီး
အ​ပြောအဆိုခံရမှာ​ကြောက်​လို့
ချစ်​​နေ​ပါ​သော်​.လည်း..ဖွင့်​မ​ပြောရဲကြ​ပေ။
(အချစ်​မှာ မျက်​စိမပါဘူး
ဆိုတဲ့စကားက မျက်​မမြင်​သမား​တွေ
နဲ့ ကျွန်​​တော့်​အတွက်​​တော့မှန်​တယ်​)

လူကြားထဲ ကိုယ့်​အသက်​ကို
ဆရာမ​တွေသိ​အောင်​ ​၊အခြားလူ
တွေသိ​အောင်​ ​ပြောတဲ့
သူ​တွေ​ကို သက်​ချင်​​လောက်
မ​ကျေနပ်​​သော်​လည်း ​ပြုံးသလို​နေရင်း
ဒေါသကိုထိန်းထား
လာရတာ​လောက်​ နာကျင်​တာမရှိပါဘူး​​ဗျာ
....(ဖြစ်​နိုင်​မယ်​ဆိုရင်
သူတို့ကိုအဲ့လို မစ စေချင်​ပါဘူး...)

👇👇👇
ကျွန်​​တော့်​ ၁၉၉၅ သီတင်းကျွတ်​လဆန်း ၆ရက်​​နေ အင်္ဂါ​​နေ့  .မှာ.​မွေးပါတယ်​...
::
ကျွန်​​တော့်စိတ်​ထဲမှာ​တော့ ever ၁၈နှစ်​ပါပဲ

အရင်​က
...ကျွန်​​တော့်​အ​ကြောင်း သူများသိမှာ
အရမ်း​ကြောက်​ခဲ့ပါတယ်
ဘာလို့လဲဆို​တော့

ကျွန်​​တော့်​ကို အထင်​​သေးတဲ့
အကြည့်​နဲ့ကြည့်​မှာ၊ကိုယ့်​အားနည်းချက်
ကို အခွင့်​​ကောင်းယူ​ပြောမှာ၊ကိုယ်​ချစ်​တဲ့
ကောင်​မ​လေးက ကိုယ့်​အသက်​သိမှာ
အသက်​ကြီး​သော်​လည်း
မရင့်​ကျက်​​သေးကျွန်​​တော့်​စိတ်
ကြောင့်​ က​လေးတစ်​​ယောက်​လို
ပေါ​တော​တော​နေ​နေတာ​တွေကို
လှောင်​ကြမှာ အရမ်း​ကြောက်​ခဲ့မိပါတယ်​။

အခုအားလုံပဲ ကျွန်​​တော့်​အ​ကြောင်း
သိသင့်​သ​လောက်​ သိသွား​လောက်​ပါပြီ..
ဒါ​ကြောင့်
အထင်​​သေးချင်​လည်း ​သေးကြပါ။
အတင်း​ပြောချင်​လည်း ​ပြောကြပါ။
မ​ကောင်း​ပြောချင်​လည်း ​ပြောကြပါ။
မုန်းချင်​တဲ့သူလည်း မုန်းကြပါ။
ဒါ​ပေမယ့်
ကျွန်​​တော့်​​ရှေ့မှာ​တော့ အထက်​ပါ
ကိစ္စအ​ကြောင်းအရာ​တွေကို
မ​ပြော​ပေးကြပါနဲ့လား​ဗျ..
. ...ကျွန်​​တော့်​က ​လောဘ၊​ဒေါသ၊​မောဟ
တွေ ကုန်​စင်​​နေတဲ့..လူတစ်​​ယောက်
...မဟုတ်​လို့ပါ။

(ကျွန့်​​တော့်​ဘဝနဲ့ရင်းပြီး ရခဲ့တဲ့.
သင်​ခန်းစာကို စာ​ဖတ်​သူတို့လွယ်​လွယ်
လေးရလို့ တန်​ဖိုးမထားပဲ​နေလိမ့်​မယ်
လူအများက သိသိရက်​နဲ့မိုက်​​နေကြလို့ပဲ)

(အလိမ္မာစာမှာ ရှိ၊ သို့​သော်
ကျောင်းစာမှာ မရှာနဲ့)

image

@linkoko

Sort:  

Congratulations @linkoko: this post has been upvoted by @minnowhelpme!!
This is a free upvote bot, part of the project called @steemrepo , made for you by the witness @yanosh01.
Thanks for being here!!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60911.74
ETH 1565.41
USDT 1.00
SBD 0.47