လှည်းကုန်သည်နှစ်ဦး

in #esteem6 years ago

image

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးတော်မူနေစဉ် တိထ္တိ တို့၏ ယုံ
ကြည်လိုက်နာမှု ခိုင်မာခြင်းနှင့် စပ်လျဉ်း၍ ယခုအ
တိတ်အကြောင်းကို ဆောင်၍ ဟောတော်မူလေသည်။

ရှေးလွန်လေပြီးသော အခါ ဗာရာဏသီမြို့တော်၌ ဗြဟ္မ
တ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရား အလောင်းသည် လှည်းကုန်သည် မျိုးရိုး၌ ဖြစ်လေသည်။သူသည် လိမ်မာရေးခြား ရှိ၍ ကျိုးကျောင်းသင့်အောင် ဆင်ခြင်
ဝေဖန်သုံးသပ် တတ်လေသည်။ လှည်းငါးရာဖြင့် အနယ်နယ် အရပ်ရပ် သို့ ကုန်သွယ် ကူးသန်း ရောင်း
ဝယ်ဖောက်ကားခြင်း အလုပ်ကို လုပ်ကိုင်လေသည်။
ထိုဗာရာဏသီ မြို့တော်၌ ပင် ဆင်ခြင်တုံတရားမရှိ
ယုံလွယ် လောဘကြီးသော တခြား လှည်းကုန်သည် တစ်ဦးလည်း ရှိလေသည်။ တစ်နေ့သောအခါဘုရားအ
လောင်းလှည်းကုန်သည်သည် လှည်းငါးရာ တို့ဖြင့် ကုန်
စည်ဝန် တို့ကို အပြည့်တင်ကာ ကုန်ရောင်းထွက်ရက်
စီစဉ်နေစဉ် လှည်းကုန်သည်မိုက်လည်း ဘုရားအ
လောင်းသွားမည့် ခရီးစဉ်အတိုင်း လှည်းငါးရာတို့ဖြင့်
ကုန်ရောင်းထွက် မည်ဆိုသည့် သတင်းရောက်လာလေ
တော့သည်။

ဘုရားအလောင်းက လူတစ်ထောင်နှင့် နွားနှစ်ထောင်
တစ်ချိန်တည်း တစ်ခရီးထဲ သွားရန်မလွယ်ကူ လမ်းခရီးတွင် ထင်းမီးကစ စခန်းချရေး အထိအခက်ခဲရှိမည် ဟု စဉ်းစားမိသဖြင့် လှည်းကုန်သည်မိုက်ကို ခေါ်၍ သင်ရှေ့ကသွားလိုက
သွားပါ သို့ မဟုတ် နောက်က ချန်၍ လိုက်လိုက လိုက်
ပါ ဟု ပြောဆိုဆွေးနွေးလေသည်။လှည်းကုန်သည် မိုက်က မိမိ ရှေးဦးက အရင်သွားလျှင် ကုန်ပစ္စည်းများ
ကိုရောင်းချရာ၌ ဈေးကောင်းရမည် နောက်မှလိုက်ပါက ဈေးကောင်းမရနိုင်ဟု တွေးကာ သူအရင်သွားမည်ဟု
ပြောလေသည်။

လှည်းကုန်သည်မိုက်ဦးဆောင်သောအဖွဲ့သည် ခရီး
ထွက်ခွာသွားပြီးနောက် ခရီးကြမ်းတစ်နေရာရောက်
လေသည်။ထိုစဉ် ကန္တာရတောထဲ၌ ဘီလူးတို့သည်
လူအသွင်ဖန်းဆင်းပီး နွားပျို တစ်ရှည်းပါသော လှည်း
ယာဉ် တစ်စင်းဖြင့် မျက်နှာခြင်းဆိုင် အရပ်မှ မောင်းနှင်
လာကြလေသည်။ခေါင်းဆောင်ဘီလူးက လှည်းစီးကာ
ကျန်သည့်အခြွေအရံများက ချေကျင်လိုက်ပါလာကြ
လေသည်။သူတို့၏ ကိုယ်နှင့် အဝတ်အစား လက်နက်
တို့မှာ ရွှံညွှန့်များဖြင့် ပေကျံနေကာ ရေစက်ရေပေါက်တို့
နှင့် ရွဲရွဲ စိုနေလေသည်။ကုန်သည်မိုက်အဖွဲ့နှင့်ဆုံ
ဆည်းကြသောအခါ လမ်းခရီး အခြေနေကို မေးမြန်း
စူးစမ်းကြလေသည်။ ဘီလူးများက ရှေ့တွင် မိုးသည်း
ထန်စွာ ရွာသွန်းနေသည် တောလမ်းခရီးတစ်လျှောက်ရှိ အင်းအိုင်ချိုင့်ဝမ်းများတွင် ရေများပြည့်လျံနေလျှက် ရှိပြီး
ကြာပန်းစုံတို့ ဖူးပွင့် နေကြသည်ဟု ပြောကြလေသည်။

ထိုသတင်းကိုကြားရသောအခါ လှည်းကုန်သည်မိုက်
သည် ဝန်ပေါ့စေရန် ပါလာသောရေများ ကို သွန်ပစ်စေ
ကာရှေ့ ဆို့ခရီးဆက်လာကြလေသည်။ညနေ နေဝင်
လို့ တနေရာ အရောက်တွင် စခန်းချကြသော အခါ ရေ
မရှိသဖြင့် မချက်ပြုတ်နိုင်ကြဘဲ နွားများလည်း ရေငတ်
လူများလည်း အဟာရပြတ် ကုန်ကြလေတော့သည်။
ထိုအခါ ဘီလူးများသည် ညဥ့်သန်းခေါင် အချိန်ရောက်
သောအခါ လှည်းစခန်းကို ဝိုင်းရံလာကြပီး လှည်းကုန်
သည်မိုက် အဖွဲ့အား သတ်ဖြတ်စားသောက်ပြစ်လိုက်
ကြလေတော့သည်။

ဘုရားအလောင်းလှည်းကုန်သည်အဖွဲ့သည် လှည်း
သည် မိုက်တို့ သွားပီး လဝက်ခန့် အကြာမှ စတင်ခရီး
ထွက်လာကြလေသည်။ကန္တာရ သို့မရောက်ခင် ရေကို
လုံလောက်အောင်ဖြည့်သည် မိမိ ခွှင့်ပြုချက်မရဘဲ ရေ
ကိုလက်တစ်ခုပ်မျှ မဖြုန်းတီးပစ်ရ မည်သည့် သစ်သီး
သစ်ရွက်ကိုမှ ခူးဆွတ်မစားရဟု စည်းကမ်း တင်းကျပ်
စွာချထားလေသည်။အဆိပ်သီး အဆိပ်ရွက်များကိုစား
သောက်မည် ဆိုး၍ စည်းကမ်းကို တင်းကျပ်စွာချထား
ခြင်းဖြစ်လေသည်။

ဘုရားအလောင်း လှည်းကုန်သည်အဖွဲ့တို့ကန္တာရ ထဲ
သို့ရောက်သောအခါ ဘီလူးများက ယခင်နည်း အတိုင်း
လှည့်စားကြပြန်လေသည်။သို့သော် ဘုရားအလောင်း
ကို လှည့်စား၍ မရပေ။ ကန္တာရ ထဲတွင် မိုးရွာနေသည်
ဟုဘီလူးတို့ကဆိုသော် လည်း မိုးရိပ် လေရိပ်မမြင် သ
ဖြင့် မယုံကြည် ထို့အပြင် ထိုသူများသည် မျက်လုံးနီ
သည် ကိုယ်အရိပ်လည်းမထွက် လူသား စစ်စစ်များ
မဖြစ်နိုင် ဘီလူးသော်လည်းကောင်း ဖြစ်နိုင်သည်ဟု
စဉ်းစားဆင်ခြင် သုံးသပ်မိလေသည်။ထို့ကြောင့် ရေများ
ကိုမစွန့်ပစ်စေဘဲ သယ်ဆောင်စေခဲ့သည်။နေဝင်စပြု
လာချိန်တွင် စခန်ထောက်နေရာသို့ရောက်သောအခါ
လှည်းကုန်သည် မိုက် တို့အဖွဲ့အား ဘီလူးတို့ စားထားသည့် အရိုးစုတို့ နှင့် တကွ လှည်းများနှင့် ကုန်
ပစ္စည်း များကို တွေကြလေသည်။

ဘုရားအလောင်းနှင့် အဖွဲ့တို့သည် ထိုညအဖို့ ထိုနေရာ
တွင်ပင် ညစာချက်ပြုတ်စားသောက်ကာ ညအိပ်ရပ်နား
ကြလေသည်။ဘုရားအလောင်းကမူ မအိပ်ဘဲ သံလျက်
ကိုစွဲကိုင်၍ ညဥ့်သုံးယံလုံး သူ့တပည့် တပန်းများကို
စောက်ရှောက်လေသည်။နံနက် မိုးလင်းသောအခါ ဘု
ရားလောင်းသည် မိမိ၏ လှည်းများထဲမှ အိုဟောင်း
သောလှည်း များကို ဖယ်ထုတ်ကာ လှည်းသစ်များဖြင့်
အစားထိုး လေသည်။ပါလာသော ရောင်းကုန်များထဲမှ
တန်ဖိုးနည်းကုန်များကို ချထားခဲ့ပီး ပိုင်ရှင်မဲ့ ပစ္စည်း
များထဲမှ တန်ဖိုးကြီးရောင်းကုန်များကို ပြောင်းတင်
သည်။ထို့နောက် မိမိတို့ လိုရာခရီးသို့ သွားရောက်
ရောင်းချကာ အမြတ်ငွေ နှစ်ဆ ရရှိခဲ့လေတော့သည်။

@lay2myint

Sort:  

စတီးမစ် အခုမှသုံးတာလား bro

အသစ်ဆိုရင် လမ်းညွန်ပေးမလို့ ပါ

ဟုတ်ပါတယ်ဗျ လမ်းညွှန်ပါဦး

ဟုတ်ပါတယ်ဗျ လမ်းညွှန်ပါဦး

Congratulations @lay2myint! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 66984.19
ETH 2613.30
USDT 1.00
SBD 2.67