အမျိုးသားအဆင့် နိုင်ငံရေး

in #esteem6 years ago

ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နှင့် ညှိနှိုင်း သဘောတူထားချက်အရ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ဧပြီ ၆ ရက်က ရေးမြို့နယ်တွင် ကျင်းပရန် လျာထားသော်လည်း ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
image
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် ဧပြီ ၂ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်း ရေးကော်မရှင် အကြံပေး ဦးလှ မောင်ရွှေ၊ အတိုင်ပင်ခံရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ မှ ဦးသုဝေ၊ ဦးမင်းဇေယျာဦး၊ မွန် ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်ရေးအဖွဲ့ဝင် များ တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့သည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး မွန်ပြည်နယ်အဆင့် အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ တစ်ရပ်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် အဖွဲ့ဝင်ကိုးဦးတို့ ဖြင့် မတ်လ ၂၃ ရက်က ဖွဲ့စည်း ခဲ့သည်။

Sort:  

This post has received a $33.33 % upvote from @siditech thanks to: @maylaynwe.
Here's a banana! banana-small.png

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59653.51
ETH 2353.20
USDT 1.00
SBD 2.47