ဆံသား​ကောင်​​စေဖို့

in #esteem6 years ago

ဆံကေသာအလှ ပြီးပြည့်စုံစေဖို့ ဆံသားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဓာတုကင်းတဲ့ သဘာဝနည်းလမ်းကောင်းလေး ပြောပြပေးလိုက်ပါတယ်။
(၁) ဆံပင်ကျန်းမာသန်စွမ်းစေဖို့ သင့်တော်တဲ့အစားအစာ စားသုံးပေးသင့်ပါတယ်။ ပုံမှန်ဆံသားအတွက်ဆိုရင် ငါး၊ ကြက်သား၊ ကုလားပဲအမျိုးမျိုးကို စားသုံးပါ။ ခြောက်သွေ့တဲ့ဆံသားအတွက် ဆိုရင်တော့ အသီးအရွက်မျိုး စုံနဲ့ ငှက်ပျောသီး၊ အခွံမာသီးတွေနဲ့ ဗစ်တာမင်အီးကို စားသုံးပါ။ အဆီပြန်တဲ့ ဆံသားအတွက်ဆို အစိမ်းရောင်ပါ တဲ့ အသီးအရွက်မျိုးစုံ၊ ဆလပ်၊ လတ်ဆတ်တဲ့သီးနှံတွေနဲ့ ဒိန်ချဉ်တွေကို စားသုံးပေးပါ။

(၂) ကြက်ဥကို သုံးပြီးဆံပင် ပျော့ဆေးအဖြစ်သုံးလို့ ရပါတယ်။ ကြက်ဥ အနှစ်အရည်ဆိုရင် ဆံသား ခြောက်သွေ့တဲ့သူတွေသုံးနိုင်ပြီး ကြက်ဥအကာအရည်ဆိုရင်တော့ အဆီပြန်တဲ့ဆံသားတွေအတွက် အသုံးပြု နိုင်ပါတယ်။

(၃) ဦးရေဖျားယားယံတာတွေ သက်သာစေဖို့ သံပုရည် (၂)ဇွန်း၊ သံလွင်ဆီနဲ့ ရေအနည်းငယ်ရောပြီး မိနစ် ၂၀ခန့် ဦးရေမှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။

(၄) နေရောင်ခြည်နဲ့ထိတွေ့တာ၊ ဆံပင်ပုံစံ ပြုပြင်မှုအမျိုးမျိုးကို ခဏခဏလုပ်တာတွေက ဆံသားတွေကို ပျက်စီး စေနိုင်ပါတယ်။ ပျားရည်ဇွန်းတဝက်၊ သံလွင်ဆီ ၂ဇွန်းကို ရောပြီးလိမ်းပေးပါ။ မိနစ် ၂၀ခန့်ထားပြီး ခေါင်းလျှော်လို့ ရနိုင်ပါပြီ။

ဒီမှာဖော်ပြထားတဲ့ နည်းလမ်းတွေအသုံးပြုမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဆံသားအလှကို ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ဆံကေသာအလှ ပြီးပြည့်စုံစေဖို့ ဆံသားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဓာတုကင်းတဲ့ သဘာဝနည်းလမ်းကောင်းလေး ပြောပြပေးလိုက်ပါတယ်။
(၁) ဆံပင်ကျန်းမာသန်စွမ်းစေဖို့ သင့်တော်တဲ့အစားအစာ စားသုံးပေးသင့်ပါတယ်။ ပုံမှန်ဆံသားအတွက်ဆိုရင် ငါး၊ ကြက်သား၊ ကုလားပဲအမျိုးမျိုးကို စားသုံးပါ။ ခြောက်သွေ့တဲ့ဆံသားအတွက် ဆိုရင်တော့ အသီးအရွက်မျိုး စုံနဲ့ ငှက်ပျောသီး၊ အခွံမာသီးတွေနဲ့ ဗစ်တာမင်အီးကို စားသုံးပါ။ အဆီပြန်တဲ့ ဆံသားအတွက်ဆို အစိမ်းရောင်ပါ တဲ့ အသီးအရွက်မျိုးစုံ၊ ဆလပ်၊ လတ်ဆတ်တဲ့သီးနှံတွေနဲ့ ဒိန်ချဉ်တွေကို စားသုံးပေးပါ။

(၂) ကြက်ဥကို သုံးပြီးဆံပင် ပျော့ဆေးအဖြစ်သုံးလို့ ရပါတယ်။ ကြက်ဥ အနှစ်အရည်ဆိုရင် ဆံသား ခြောက်သွေ့တဲ့သူတွေသုံးနိုင်ပြီး ကြက်ဥအကာအရည်ဆိုရင်တော့ အဆီပြန်တဲ့ဆံသားတွေအတွက် အသုံးပြု နိုင်ပါတယ်။

(၃) ဦးရေဖျားယားယံတာတွေ သက်သာစေဖို့ သံပုရည် (၂)ဇွန်း၊ သံလွင်ဆီနဲ့ ရေအနည်းငယ်ရောပြီး မိနစ် ၂၀ခန့် ဦးရေမှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။

(၄) နေရောင်ခြည်နဲ့ထိတွေ့တာ၊ ဆံပင်ပုံစံ ပြုပြင်မှုအမျိုးမျိုးကို ခဏခဏလုပ်တာတွေက ဆံသားတွေကို ပျက်စီး စေနိုင်ပါတယ်။ ပျားရည်ဇွန်းတဝက်၊ သံလွင်ဆီ ၂ဇွန်းကို ရောပြီးလိမ်းပေးပါ။ မိနစ် ၂၀ခန့်ထားပြီး ခေါင်းလျှော်လို့ ရနိုင်ပါပြီ။

ဒီမှာဖော်ပြထားတဲ့ နည်းလမ်းတွေအသုံးပြုမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဆံသားအလှကို ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62414.94
ETH 3019.57
USDT 1.00
SBD 3.58