အဟာရနှင့် ကျန်းမာရေး

in #esteem6 years ago

image

အဟာရနှင့် ကျန်းမာရေး

မနက်​က ကွမ်းစားလို့ ခံတွင်းကင်​ဆာ ဖြစ်​​နေတဲ့သူ
ကိုယ်​တိုင်​ရိုက်​ထားတဲ့ ပုံ​တွေ
Post အ​နေနဲ့ တက်​လာတာ ​တွေ့လိုက်​တယ်

ကွမ်းစားရင်​ ကင်​ဆာ ဖြစ်​​စေတယ်​ဆိုတာ
သိကြ​ပေမယ့်
တကယ်​ဖြစ်​ဖူးမှ လူဆိုတာ လက်​ခံတာမျိုးဗျ

တကယ်​​တော့ ကွမ်းရယ်​မှ မဟုတ်​ပါဘူး
ခန္ဓာကိုယ်​ ရဲ့ ဆဲလ်​​တွေကို ဒုက္ခ​ပေးနိုင်​တဲ့
Free radical ဓာတ်​တိုးပစ္စည်းတိုင်းဟာ
ကင်​ဆာဖြစ်​​စေမယ့်​ အ​ကြောင်းရင်း​တွေပါပဲ
အချိန်​​စောတာနဲ့ ​နောက်​ကျတာပဲကွာသွားတာ

ကျ​နော်​တို့ နိုင်​ငံအ​နေနဲ့က​တော့
လူ၁၀၀ မှာ ၈၀ ​လောက်​က ကင်​ဆာ ဖြစ်​ဖို့
အလားအလါအရှိဆုံးပဲ

ဇီဝ ကမ္မ ဖြစ်​စဉ်​အရကိုက
ရှူ​နေတဲ့ ​လေ စား​နေရတဲ့ အစားအ​သောက်​​တွေဆီက​နေ
နေ့စဉ်​ free radical ​တွေ ရ ရှိ​နေကြတာ
နေ့စဉ်​ ဆဲလ်​​တွေ ပျက်​စီး ​နေကြတာ

ဒါ​ကြောင့်​ ဗုဒ္ဓ ဘုရား ​ဟောခဲ့တဲ့အထဲမှာ
မ​နေ့က ရုပ်​အ​ဟောင်း ဒီ​နေ့က ရုပ်​အသစ်​လို့
ပါလာတာ
အစက​တော့ နားမလည်​ဘူး
ဆေးပညာ နားလည်​သွားမှ
သ​ဘော​ပေါက်​သွားတာ

image

ဆဲလ်​​တွေ က ​နေ့တိုင်းသန်းချီ ပျက်​ဆီး​နေတာ
ပြီးရင်​ သန်းချီ ပြန်​​မွေးဖွားလာကြတာ

အိုမင်းမှုဆိုတာကို ချက်​ခြင်းမသိသာတာက
အချိန်​ ​ကြောင့်​ပဲ

နေ့တိုင်းပျက်​စီး​နေ့တိုင်းအသစ်​ပြန်​ဖြစ်​လာတဲ့ ဆဲလ်​​တွေကြားမှာမှ
မူမမှန်​တဲ့ ဆဲလ်​​တွေ ​မွေးဖွားလာမှုက
ကင်​ဆာ ကို ဦးတည်​​နေ​စေတာပါပဲ

လူ့ ဇီဝသ​ဘောအရ
သဘာဝက​ပေးထားတဲ့
ကိုယ်​တွင်း antioxidant ​တွေ ဆိုတာရှိတယ်
ထိုအရာ​တွေကပဲ free radical ​တွေကို
ပြန်​ကုစား​ပေး​နေကြရတာ

အဲ့ သဘာဝ antioxidant ဆိုတာကို
ထုတ်​​ပေးနိုင်​ဖို့
လူမှာ သင့်​​တော်​တဲ့ အာဟာရ ရှိဖို့လိုတယ်

အဲ့ အာဟာရ ကို အစားအ​သောက်​ကရတယ်

ခက်​တာက မြန်​မာ ပြည်​မှာ
အစားအ​သောက်​အားလုံးက
ဓာတုအဆိပ်​ သင့်​​နေတာချည်းပဲ
ဆန်​ က အစ အသီးအရွက်​ သားငါး အဆုံး
ဓာတု ကင်းတာမပါဘူး

အဲ့ ​တော့ နဂိုသဘာဝအရ
ဆဲလ်​​တွေ အလိုလိုပျက်​စီးအလိုလို​မွေးဖွားတဲ့စနစ်​ကို
ကုစား​ပေး​နေတဲ့ အာဟာရဓာတ်​ကအစ
အဆိပ်​သင့်​​နေ​တော့
ဒီကလူ​တွေ အသက်​၄၀ ၅၀ ​လောက်​မှာ
ရောဂါ​ပေါင်းစုံ စုပြုံ လက္ခဏာ ပြလာကြတဲ့
ပြသနာ ​ပေါ်လာတာပါပဲ

ဒီနိုင်​ငံမှာ ရှိတဲ့ လူချမ်းသာ​တွေ
သူတို့အိမ်​မှာ စား​သောက်​​နေတဲ့
ဆီဆန်​ဆားက အစ
သာမန်​ပြည်​သူ စား​နေတဲ့ ပုံစံ နဲ့
တူမယ်​ မထင်​ပါနဲ့

ချမ်းသာ​လေ ​သေမှာ ​ကြောက်​​လေပါပဲ
ဒါ​ကြောင့်​ လူချမ်းသာအများစုက
ကျန်းမာ​ရေးအသိ​နောက်​ လိုက်​ကြတယ်
အစားအ​သောက်​အ​နေအထိုင်​ကအစ
ကျန်းမာ​ရေးအတိုင်​ပင်​ခံ ထားကြတယ်

ပြည်​သူမှာ ​ရွေးချယ်​စရာ မရှိတဲ့ကြားထဲ
ဗဟုသုတ က မရှိရင်
အကုန်​ ဓားစာခံ ချည်းပဲ

ဒါ​ကြောင့်
ကိုယ့်​အသိနဲ့ ကိုယ်​သာ
ဦး​ဏှောက်​ ရှိ​အောင်​ လုပ်​ပါ
ချမ်းသာ​အောင်​လုပ်​ပါ။

ခရစ်တို ထံမှ ကူးယူသည်။

photo: facebook

image

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66822.94
ETH 3490.23
USDT 1.00
SBD 2.90