"သားသမီးကိုငရဲ​ပေးတဲ့ မိဘတကယ်​ရှိသလား" ********************

in #esteem6 years ago

image
ရှိပါတယ်​...

ဘယ်​လိုမိဘအမျိုးအစားကများ
သားသမီးကိုငရဲ​ပေးလို့ရ​နေသလဲ
တွေးကြည့်​ကြရ​အောင်​...
ပြောမရဘူး​လေ ဒီအမျိုးအစား​တွေမှာ
ကိုယ့်​မိဘလဲပါမယ်​ ကိုယ်​လဲပါနိုင်​တယ်​​လေ...

(1)အပြစ်​တင်​လွန်းတဲ့မိဘ...

ဒါကရိုးရှင်းပါတယ်
ဘာလုပ်​လုပ်​အပြစ်​တင်​​နေတာ
တစ်​နည်းဆိုရရင်​ ​လောဘကြီးမိတာ​ပေါ့
အသုံးမကျ ဘူးဆိုတဲ့ ​ဘောင်​ထဲသွတ်​သွင်းတာ
သားသမီးက တကယ်​အသုံးမကျ တာ
ဖြစ်​ချင်​ဖြစ်​မယ်​ ဒါ​ပေမဲ့
အသုံးမကျ ခြင်းကိုပဲ ​ဖောက်​မြင်​​နေတာ
ဒါကိုကြားရဖန်​များလာတဲ့အခါ ​ဒေါသက
မိဘကိုပြန်​ခံ​ပြောဖို့ စတင်​လာတယ်​...

(2)ဘက်​လိုက်​တာ...

သားသမီးချင်းတူရင်
ငါ့သမီးငယ်​​လေး ငါ့သားကြီးနဲ့
ဘက်​လိုက်​ဆက်​ဆံတာ...
ဒါကအရမ်းဆိုးတယ်​ ဘက်​လိုက်​တတ်​တဲ့
မိဘပိုင်​ဆိုင်​တဲ့ သားသမီး​တွေဟာ
မစည်းလုံးကြတာများတယ်
မိဘက​သွေးခွဲထားတာ​လေ
နင်​ကညံ့တယ်​ နင်​က​တော်​တယ်​ဆိုပြီး
ကွာလတီခွဲလိုက်​တဲ့ ကုန်​ပစ္စည်း​တွေဟာ
ဘယ်​​တော့မှ​ဈေးနှုန်းညှိမရကြ​တော့ဘူး...
ဘက်​လိုက်​မှုက မ​လေးစားမှုကို
အစပျိုးတယ်​ ပြီးရင်​အချင်းချင်း
မနာလိုစိတ်​က​နေ အမုန်းတရားပွားများတယ်
က​လေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်​​တော့မှ​ဖျောက်​မရဘူး...
မိဘ​ရှေ့ မို့ ဟန်​​ဆောင်​ဆက်​ဆံပြ​နေတာ
မိဘ​သေကြည့်​ ဒီ​မောင်​နှမ​တွေဟာ
ပက်​သက်​စရာလုံးဝကိုမရှိ​တော့တဲ့
လူ​တွေအဖြစ်​​နေကြလိမ့်​မယ်​...
အချင်းချင်းကူညီဖို့ဆိုတာက​တော့
ဟိုး အ​ဝေးကြီးမှာပဲ...

(3)ဆဲဆိုလွန်းတာ...

နေ့စဉ်​အဆဲခံရတဲ့လူဆိုတာ
ဒေါသများမယ်​ထင်​လား နည်းမယ်​ထင်​လား
ပြန်​များ​ပြောမိရင်​ မိဘကိုခံ​ပြောတယ်
ငရဲကြီးမှာ ဒုက္ခ​ရောက်​မှာ
ခွေးဖြစ်​မှာဆိုတဲ့ကျိန်​စာဆန်​ဆန်
စကား​တွေကအရမ်းဆိုးတာ
ဒါဆို ​နေ့စဉ်​သားသမီးကိုဆဲ​ရေး​နေတဲ့
မိဘက​ကော ငရဲမကြီးတတ်​​တော့ဘူးလား
ကောင်း​ကောင်းမွန်​မွန်​​ပြောပြီးခိုင်းလို့မရရင်
မခိုင်းသင့်​ဘူး ဆဲ​ရေးပြီးမှ
ခို​င်းရတယ်​ဆိုတာ အ​တော်​ကိုနည်းလမ်းမကျ တာ
သူဘာလို့မလုပ်​ချင်​တာလဲဆိုတာ
တော်​​တော်​ကို ချဉ်းကပ်​ရခက်​တဲ့ကိစ္စပါ
ဘာမှကိုမလုပ်​ချင်​တာလား
သူလုပ်​ချင်​တာဘာများလဲဆိုတဲ့လမ်းက
ဝေး​တော့ ဆဲပြီးခိုင်းလိုက်​တာမြန်​တယ်​​လေ...
ဒီနည်းပဲသုံးတယ်​...😡😡

(4)သားသမီးအိမ်​​ထောင်​ကိုစွက်​ဖက်​တာ...

တော်​​တော်​များများဒါကိုလုပ်​ကြတယ်​...
နင်​ယူထားတဲ့ ​ယောက်ျားကဘယ်​လို
နင်​ယူထားတဲ့ မိန်းမကဘယ်​လိုဆိုတာမျိုး
မ​ပြောသင့်​ဘူး သားသမီးရဲ့
ရွေးချယ်​မှုကို​လေးစားရမယ်
သူဟာ ​သူ့ဘဝကိုသူ​နေတတ်​လို့
နေ​နေတာ သားသမီးက
သူ့အိမ်​​ထောင်​နဲ့ပက်​သက်​ပြီးကူညီပါလို့
မ​ပြောမချ င်း ဝင်​ပါစရာကိုမလိုတာ...
ငါ့သမီး ပဲ မှန်တယ် ငါ့သား က မှန်တယ် ဆိုတာ ချည်းပဲ ယူဆတာ မှားတယ်

သားသမီးအ​ကြောင်းမိဘကသိတယ်​ဆိုတာ
က​လေးဘဝမှာပဲဖြစ်​လိမ့်​မယ်​...
သားသမီးအ​ကြောင်းမသိကြလို့သာ
သားသမီးက လူသတ်​မိရင်
မုဒိမ်းကျင့်​တာမျိုးလုပ်​မိရင်
မိဘက အံ့သြတကြီးဖြစ်​ကြရတာ​ပေါ့...
...ငယ်​စဉ်​ကသိတယ်​ဆိုတာ
က​လေးဘဝမှာမိဘနဲ့တစ်​​နေကုန်​ရှိ​နေလို့
အကျင့်​​လေး​တွေသိ​နေတာ...
သူတို့်​အရွယ်​​ရောက်​တဲ့အခါ မိဘနဲ့
အချိန်​ကုန်​တာနည်း​လေ မိဘက
သားသမီးစိတ်​ကိုမသိရ​လေပဲဆိုတာကို
သိထားသင့်​တယ်​...

သားသမီးဆိုတာ
မိဘကိုအစစအရာရာ​ပြောပြချ င်​တဲ့
အရွယ်​ဆိုတာ အသက်​​လေးငါးဆယ်​နှစ်
အရွယ်​မှာပဲရှိတယ်​...
ဒါကိုက​လေးလိုပဲ အကုန်​သိချင်
အကုန်​​ဖြေရှင်း​ပေးချင်​တယ်​ဆိုရင်
တကယ်​ဖြစ်​ရင်​​တောင်​ မိဘကိုမတိုင်​ပင်
ကြ​တော့တာများတယ်​... ငါ​ပြောသားပဲ
ဆိုတဲ့စကား​နောက်​ကအပြစ်​တင်​မှု​တွေဟာ
ပြဿနာကို​ဖြေရှင်းဖို့​ဝေးကွာ​စေတာ
သားသမီး​တွေကရိပ်​စားမိကြတယ်​...
သားသမီးအ​ကြောင်းတကယ်​သာသိရင်
ဒါမျိုးမလုပ်​သင့်​တာကိုသိကိုသိထားရမယ်​...

(5)သားသမီးကို​​​ပြောဆိုဆက်​ဆံပုံမှားတာ...

အချို့ မိဘ​တွေရှိပါတယ်​ ပြင်​ပမှာ​တော့
လူငယ်​လူကြီး​မ​ရွေးကို အရမ်းအ​လေးထား
ဆက်​ဆံတတ်​ပါတယ်
ပြောရရင်​ လူ​တွေအ​ပေါ်​လေးစားမှုရှိတာ​ပေါ့
သားသမီးကိုကျ အဲ့လိုမလုပ်​နိုင်​ကြပါဘူး
သားသမီးဆိုတာ ငယ်​နိုင်​လိုဖြစ်​​နေ​တော့
စိတ်​အလိုမကျ တိုင်းသားသမီးကို
နှိမ်​​နေတတ်​တာမျိုးပါ...
စေတနာစကား​ပေမဲ့ အ​ပြောမတတ်​ရင်
နားခါးတာလူ့သဘာဝပါ...

အပြင်​ပန်းကမှတ်​မထားတာမှန်​​ကောင်း
မှန်​ပါလိမ့်​မယ်​... စိတ်​ခံစားချက်​က
မှတ်​ထားတတ်​လို့သာ မိဘ​ပြောတိုင်း
မ​ကောင်းမြင်​တယ်​ဆိုပြီး ​ဒေါသကြီး​နေတတ်​တဲ့
သားသမီး​တွေရှိလာရတာပါ...

စိတ်​ဆိုတာအမြဲမရှည်​ပါဘူး
ဒါ​ကြောင့်​ သားသမီးကိုအမြဲနားပူ​အောင်
နေ့စဉ်​ဆုံးမစကားဆို​မ​နေပါနဲ့...
သူ​နေ့စဉ်​လုပ်​တာ​တွေမှတ်​ထားပြီး
တစ်​ပတ်​တစ်​ခါ တစ်​လတစ်​ခါ​လောက်​သာ
စားပွဲဝိုင်းမှာ ​အေး​အေး​ဆေး​ဆေးပဲ
ဆုံးမစကားတစ်​ခွန်းချင်း​ပြောသင့်​တာပါ
တစ်​ပတ်​တစ်​ခါမို့ ဆုံးမရတာ
စိတ်​လဲရှည်​တယ်​ သားသမီးအ​နေနဲ့လဲမိဘက
ချက်​ကျလက်​ကျ​ပြော​တော့ ငြင်းရခက်​တယ်
သူ့အမှားကိုဆင်​ခြင်​နိုင်​တယ်
ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်​အကျိုးသက်​​ရောက်​ပါတယ်
ဘာလို့လဲဆို​တော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်​ရင်​အရွဲ့တိုက်​တတ်​လို့ပါ...


အဆင်​မ​ပြေမှု​တွေကိုမလိုလားကြပါဘူး
ဒါ​ပေမဲ့ ငြင်းဆန်​မရရင်​တော့
မိဘနဲ့ထိပ်​တိုက်​ရင်​ဆိုင်​ခြင်းထက်
အ​ဝေးကို ​ပြေးသွားလိုက်​တာ
အကုသိုလ်​အနည်းဆုံး
အ​ဆင်​​ပြေဆုံးလို့ထင်​ပါတယ်​...

မိဘအတွက်​လဲ မျက်​စိထဲအဆင်​မ​ပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်​တည်​​နေတာ
ကိုယ်​မမြင်​ရဘူးဆို အပူသက်​သာတယ်
မိဘရဲ့ အ​ဝေးမှာ​နေမယ်​ဆိုရင်​လဲ
အဆင်​​ပြေ​ပြေ မ​ပြေ​ပြေ မိဘသာမသိ​စေနဲ့
မေးလာရင်​အဆင်​​ပြေတယ်​ပဲ​ပြောလိုက်​ပါ
ဒါမှ အ​ဝေးမှာမိဘ​ကော သားသမီးပါ
စိတ်​​အေးလက်​​အေး​နေနိုင်​မှာပါ
နို့မို့ ​တွေးပူ​နေတာနဲ့ မိဘစိတ်​ပင်​ပန်းပါမယ်​...

နေ့စဉ်​တစ်​​ယောက်​နဲ့တစ်​​ယောက်
အကုသိုလ်​ယူ​နေရတာမျိုး
ဘာလို့လုပ်​​တော့မလဲ..

ကိုယ်​တတ်​နိုင်​ရင်​ အ​ဝေးက​နေ​ထောက်​ပံ့ခြင်း
ကိုလုပ်​လို့ရပါတယ်​...

အနီးမှာပဲ​နေရမယ်​ဆိုလဲ မိဘနဲ့
အဆင်​​ပြေ​အောင်​နည်းလမ်းရှာ
စိတ်​​လျော့တာလဲလုပ်​နိုင်​ပါတယ်​...

မိဘဆိုတာ အဖိုးတန်​ပါတယ်
ဒါ​ပေမဲ့ သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်​ဖိုးသူရှိတယ်​ဆိုတာ
မိဘများ အထူးသတိချပ်​ရင်
မိဘနဲ့သားသမီး ဆက်​ဆံ​ရေးက
အဆင်​​ပြေမှာပါ...

Sort:  

Good ရင်voteပေးသွား :)

Congratulations! This post has been upvoted from the communal account, @minnowsupport, by Ko Shine from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58913.67
ETH 2640.76
USDT 1.00
SBD 2.42