ငြိမ်းချမ်းပါ​စေ မြန်​မာ​ပြည်

in #esteem6 years ago

image
မြန်​မာပြည်​ကြီး စင်္ကာပူကို
ကျော်​မတက်​ချင်​​နေပါ​စေ​ ​မေ​မေ
ပုဝါ​လေးက တဝဲဝဲ
စိန်​ဘယက်​လည်​မှာဆွဲပြီး
ဝမ်းဆက်​​တွေအမျိုးမျိုး​ပြောင်း
ဗိုက်​​ဟောင်း​လောင်းသားတို့ဖြစ်​လည်း
ကုလားလက်​ထဲနိုင်​ငံမအပ်
သူတို့ဘက်​က အ​မေမရပ်​ရင်
ကျေနပ်​ပါပြီ ​မေ​မေ။

မြန်​မာပြည်​ကြီး စင်္ကာပူကို
ကျော်​မတက်​ချင်​​နေပါ​စေ ​မေ​မေ
လယ်​သမား​တွေရဲ့စပါး​ဈေးကွက်
အ​မေ့ဝမ်းဆက်​တစ်​စုံဖိုး​လောက်
တန်​ဖိုး​ပေါက်​​အောင်​အရင်​လုပ်
သားတို့လည်း အရင်းမပြုတ်
ထမင်းတစ်​လုပ်​ကိုဝ​အောင်​စား
ဘာသာတရား​လေးနဲ့ဘုရား​ကျောင်းသွား
နေသွားရရင်​​ကျေနပ်​ပါပြီ ​မေ​မေ။

မြန်​မာပြည်​ကြီး စင်္ကာပူကို
ကျော်​မတက်​ချင်​​နေပါ​စေ ​မေ​မေ
မိုးပျံတံတားကာလမ်းများထက်
ပျက်​​နေတဲ့လမ်းအိုအိုတံတား​ဟောင်းများ
ပြု ပြင်​ကာသွားနိုင်​​ရေး
ဘဏ္ဍာ​ငွေအခက်​အခဲအတွက်
သားတို့ လက်​ဘက်​ရည်​တစ်​ခွက်​ကို​လျှော့ကာ​သောက်​ အသစ်​မ​ဆောက်​အ​ဟောင်း​လောက်​ကို ပြုပြင်​​ပေးရင်​​ကျေနပ်​ပါတယ် ​မေ​မေ။

မြန်​မာပြည်​ကြီး စင်္ကာပူကို
ကျော်​မတက်​ချင်​​နေပါ​စေ ​ ​မေ​မေ
အ​နောက်​ဘက်​ကခြံစည်​ရိုး
အ​ရှေ့​မြောက်​က တံခါးကျိုး
ဟိုး တုန်းကထက်​အ​ခြေအ​နေဆိုး
စစ်​မီးခိုး​တွေ လေမှာပျံ
စံမြန်းရစစ်​ဒုက္ခ ငြိမ်းချမ်း​ရေးအတွက်
အ​မေ အားရ သားတို့ဘဝ​တေ
ွပျက်​ကာစ​​တေး အ​မေ့ရဲ့ငြိမ်းချမ်း​ရေးမှာ
စစ်​​ဘေးဒုက္ခနဲ့ ​ကျေနပ်​​ပေးရမှာ​ပေါ့ ​မေ​မေ။

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66704.41
ETH 3487.40
USDT 1.00
SBD 2.99