ဘဝမှာ အရေးကြီးဆုံးက ပညာ

in #esteem6 years ago

image
မကောင်းတာတွေလုပ်ပြီး ကောင်းတာဖြစ်လာတယ်တို့၊ ကောင်းတာလုပ်ပြီး မကောင်းတာတွေဖြစ်လာတယ်တို့ဆိုတဲ့အခါမှာ
တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဓမ္မနဲ့အဓမ္မကို မျက်စိလည်သွားတာမျိုးတွေ ရှိတယ်။
အဲ့ဒါဟာ သဘာဝတရားရဲ့ ဖောက်ပြန်တာ မဟုတ်ဘူး။
ဆိုပါစို့ အခုမကောင်းတာ လုပ်နေတယ်။ဒါပေမယ့် ဒီလူဟာ ကြီးပွားနေတယ်
ချမ်းသာနေတယ်။ဒါအခုလုပ်နေတဲ့ အဓမ္မ မကောင်းတဲ့အကျိုးကို
သူခံစားရတာ မဟုတ်သေးဘူး။တစ်ချိန်တုန်းက ကောင်းတာတွေ
လုပ်ခဲ့တဲ့အကျိုးကို ခံစားနေရတယ်။အဲ့ဒီ ကွက်လပ်ကလေးကို မမြင်ဘူး
ဆိုရင် လူတွေကပြောကြတယ် မကောင်းတာလုပ်တဲ့သူလည်း
ကောင်းစားတာပဲ။ကောင်းတာ လုပ်တဲ့ကောင်က ဆင်းရဲတယ်။

အဲ့ဒါမျိုး သဘာဝတရားဟာ သူ့ရဲ့ ကိုပြောင်းလဲပစ်တာမျိုး
ဘယ်တော့မှ မရှိနိုင်ဘူး ဒါစိတ်ချ။ဘယ်တော့မှ မပြောင်းဘူး။
လူတွေမျက်စိလည်သွားတာပဲ ရှိတယ်ပေါ့။ဒါက
လောကကြီးမှာအချိန်စောင့်ရတယ်ဆိုတာက ရှိတာပဲလေ။ထမင်းချက်တာ
တောင်မှ ကျက်ဖို့အချိန်ပိုင်းလေး စောင့်ရသေးတယ်။ဒီထက်လွဲတဲ့
ခေါက်ဆွဲခြောက်လေးတောင် မိနစ်လောက် စောင့်ရသေးတာပဲ။
မစောင်လို့ ရမှမရပဲ။အခုလုပ် အခုကောင်းစားချင်လို့ ဘယ်ရမလဲ။
အေးဒါ့ကြောင့်မို့ ကောင်းတဲ့အပေါ်မှာလည်း သံသယမရှိနဲ့။
မကောင်းတဲ့အပေါ်မှာလည်း သံသယ မရှိနဲ့။မကောင်းတာဟာ
မကောင်းတဲ့အကျိုးပဲ ပေးမယ်။

လူအချင်းချင်း လှည်​ပတ်​ခြင်းကင်းကြ​စေ
ကျန်းမာကြပါ​စေ ချမ်းသာကြပါ​စေ
ဘေးရန်​ကင်းကြ​စေ ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင် သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့် သားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ ​ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက ယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက် လုပ်ပေးပါဦး အော်...ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော် ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကို ကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ် ကောင်လေးက သူ့ကိုထပ်မှာတယ်
image
ကောင်းလေးခမျာ ပြောသာပြောနေရတယ်
သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပာ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း
ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့
မျက်လုံးနှင့်ကြည့်ပြီး ကောင်လေးကြည့်ရတာ မြို့မှာသာ ကျောင်းလာတက်တယ် အိမ်ကမိဘတွေက ငွေကြေးအခက်ခဲ ရှိပုံရတယ်...!

အမှန်တကယ်တော့ သူတို့လင်မယားကလည်း
တစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကို သူများငှားပေးလို့သာ ကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ...

ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့
သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ ...

"ရှင်ဘာလုပ်နေတာလည်း ...

အော်..ရှင်ကလည်းတုံးလိုက်တာ
ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား
ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ ဘာလဲ ရှင်က ကျွန်မမြင်မှာ ကြောက်လို့လား ကြောက်စရာမဟုတ်တာရှင်
ကျွန်မလည်း စာနာထောက်ထားတတ်တဲ့
မိန်းမသားတယောက်ပါ

ဒီမိန်းမ ဘာတွေလာပြောနေတာလည်း
ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာ
ရောက်သွားမှာပေါ့ဟ ပြီးတော့လည်း သူရှက်သွားရင်
နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်း

မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီး
ပီတိဖြစ်မိသည် အမလေး ငါ့ယောက်ျားက
သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲ
လူတစ်ယောက်ကို အဖက်ဖက်က
စာနာစိတ်ကလည်း ကြီးမားပါလေရဲ့ .....

ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီး
ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်
သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး
မရိုးလေအောင် ဟင်းအမျိုးမျိုးကို
ထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်...

ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို
၁၀ နှစ်ကြာမျှတောင် တစ်ခါမှ ရောက်မလာတော့ပါ

တစ်နေ့တော့ မြေပိုင်ရှင်က
မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း
ဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း
လာပြောသောအခါ
လင်မယားနှစ်ယောက်သား
စိတ်ပျက်လက်ပျက်ဖြစ်ပြီး
အိမ်မှာ ထိုင်မိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့
ကားတစ်စီးက လာ၍ထိုးရပ်လာသည်
လူတယောက်က ကားပေါ်မှ ဆင်းပြီး
သူတို့ရှိရာ လျှောက်၍လာသည်..

ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့
မန်နေဂျာတစ်ဦးပါခင်ဗျ
ကျွန်တော့်သူဌေးက
အဒေါ်တို့လင်မယားချက်တဲ့ ဟင်းကို
အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့်
ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ
image
လင်မယားနှစ်ယောက် အံ့အားသင့်သွားသည်
သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ
လာပြီးစားဖူးပါလိမ့် ပြီးတော့လည်း သူတို့မှာရှိတာက
အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား
ထမင်းဆိုင်သွားဖွင့်ရမှာ
ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ငြင်းဆိုခဲ့တယ်

အဲဒီအတွက် မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးက
အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီး
ချက်ပြုတ်ရုံသက်သက်ပါ...

အဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်
ကောင်းနေရတာလည်းဆိုတာ သူတို့နားမလည်ခဲ့
နောက်ဆုံးတော့ သူတို့အပေါ်
ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီက
ထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့
ကျောင်းသားလေးမှန်းသိရတော့သည်....

ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင်
ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်
အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်
အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါ
ဘာမှ အားမနာကြပါနဲ့ ဇလွန်မြို့နယ် ဂျမ်းတိုက်ကျေးရွာအုပ်စု ကညင်ကွင်းခြံတန်းမြောက်ကျေးရွာတွင် နေထိုင်လျက်ရှိသော ကိုလှမျိုး(အသက် ၂၀ ကျော်ခန့်)သည် ပုံပါအတိုင်း ပါးစောင်ကင်ဆာကြောင့် ဆေးကုသရန် ခက်ခဲနေပါသည်။ ဘဝနေဝင်ချိန်ကို ဆင်းရဲပင်ပန်းစွာ ကျော်ဖြတ်နေရပါသည်။ သားအမိနှစ်ယောက်သာ ရှိရာ မိခင်မှာလည်း သားဖြစ်သူကို စောင့်ကြည့်ပြုစုနေရသဖြင့် စားဝတ်နေရေးပါ ခက်ခဲနေပါသည်။ အိမ်နီးနားချင်း ရပ်သူရွာသားများ၏ ပေးစာကမ်းစာဖြင့်သာ ကြပ်တည်းစွာ အသက်ဆက်နေရပါသည်။ ရွာကလည်း ဆင်းရဲသောရွာ ဖြစ်ပါသည်။ လူကြီးမင်းတို့၏ share တချက်ဖြင့် အလှူရှင် ပေါ်လျှင်လည်း ကူညီရာ ရောက်ပါသည်။ လှူရင်း ရင်း တတ်နိုင်သမျှ ကူညီကြပါဦးခင်ဗျာ။

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67003.49
ETH 3502.34
USDT 1.00
SBD 2.87