အချစ်စစ်​တို့ရဲ့လမ်း မ​ဖြောင့်​ဖြူးနိုင်

in #esteem4 years ago

image
သူ့ရုံးက ဆယ့်နှစ်လွှာမှာရှိပြီး၊ ဒီအထပ်မှာ ရုံးခန်းပေါ
င်း ဆယ့်ရှစ်ခန်းကျော်ခန့်ရှိသည့်အနက် သူ့ရုံးခန်းကတော့ အစွန်ဆုံးမှာ ဖြစ်နေသည့်အတွက် ဓါတ်လှေကားဆီသို့ အတော်ပင်လှမ်းပါသည်။
"ဟာဟိုမှာမာန်ဟိန်းခန့်တို့အတွဲပါလား....ဆုရေငါတို့တခြားဆိုင်သွားကြရင်ကောင်းမလား "
"အင်း ငါလောလောဆယ် သူတို့ကိုမမြင်ချင်ဘူး နင်တို့လဲသိတဲ့အတိုင်းပဲငါ့ခံစားချက်တွေကိုဖုန်းထားရတာဘယ်လောက်ခက်ခဲမှန်း....ငါအရင်အပြင်ထွက်နှင့်တော့မယ်...."
သူမအပြင်ထွက်ဖို့လုပ်တုန်းဧကရီမြင်သွားပြီးတော့ဆောင်းဆုပွင့်ကိုမာန်ဟိန်းခန့်အရှေ့မှာအရှက်ခွဲဖို့ စိတ်ကူး မိလိုက်ပါတယ်။

"ဟဲ့ဆုရေ... ဒီကိုခဏလာပါအုန်း ငါမိတ်ဆက်ပေးစရာရှိလို့ နင်တို့လဲလာလေ..."
ဆောင်းဆုပွင့်သူငယ်ချင်းတွေသူမလေးနားကိုကပ်ပြီးတော့ .....

"ဆုရေ နင်ဖြစ်ပါ့မလားဟာ... ဟိုမိန်းမကတစ်ခုမဟုတ်တစ်ခုတော့နင့်ကိုပြသာနာရှာမှာပဲနောက်ပြီးမာန်ဟိန်းခန့်ကလဲရှိနေတော့နင်ပြန်ပြောဖို့မလွယ်ဘူးမလား...".

" ငါ့ဘေးနားမှာနေပေးကြပါ သူတစ်ခုခုလုပ်ရင်ငါပြန်မလုပ်မိအောင်လို့..."

ဆောင်းဆုပွင့် တစ်ယောက် မာန်ဟိန်းခန့် ကိုတစ်ချက်လောက်ကြည့်မိလိုက်တာ မျက်ခုံး ထူထူ နှာတံစင်းစင်းလေး မျက်လုံးအိမ် ကလဲ ဝိုင်းစက်ပြီး အသားဖြူ ဖြူ အရပ်ရှည်တယ် ဗလတောင့်တယ် ဝတ်ပုံစားပုံအနေအထိုင်ကလဲ သပ်ရပ်သန့်ရှင်းအောင်နေတတ်တယ် သူကြည့်နေတာဘယ်လောက်တောင်ကြာသွားမှန်းမသိ သူ့သူငယ်ချင်းတွေ သတိပေးမှ လက်ရှိအခြေအနေကိုသိရသွားတော့...ဧကရီတို့စားပွဲဝိုင်းကိုသွားထိုင်ပြီး ငြိမ်သက်လွန်းနေသည့် ညအချိန်မှာ သမံတလင်းပေါ် ရှပ်ပြီးထွက်လာသည့် သူ့ခြေသံအပြင် အခြားခြေသံတစ်ခုကိုပါ သူကြားလိုက်ရသည်။

နောက်ကို လှည့်ကြည့်တော့ မည်သူမှမရှိ..။ သူက ကြောက်တတ်သူမဟုတ်ပေမယ့် ချမ်းစိမ့်စိမ့်တော့ ဖြစ်သွားသည်..။

ဓါတ်လှေကားခလုတ်နှိပ်ကာ ခေါ်ထားရင်း ရပ်စောင့်နေမိသည်..။ ခုနက ခြေသံကို ကြားလိုက်ရပြန်သည်။ ထိုခြေသံကြားရာဆီသို့ လှမ်းကြည့်လိုက်ပေမယ့် ဘယ်သူမှမရှိ..။

ဒါပေမယ့် ခြေသံကတော့ ပုံမှန်ဆက်ထွက်နေလေသည်..။ ပြီးတော့ သူ့ဘေးနားသို့အရောက် ငြိမ်သက်တိတ်ဆိတ်သွားလေသည်..။

"ဘယ်သူလဲ.…"

သူအော်ပြောလိုက်မိသည်..။ သူ့အသံမှလွဲ၍ မည်သည့်အသံမှ မရှိ..။ သူထိန်းထားသည့်ကြားမှ ဇောချွေးပြန်လာသည်…။
image
ထိုစဉ် ကံကောင်းထောက်မစွာ ဓါတ်လှေကားတံခါးပွင့်သွားသည်မို့ ခပ်မြန်မြန်ပြေးဝင်လိုက်သည်..။ ထိုခြေသံကလည်း လိုက်ဝင်လာလေသည်..။ ထောင့်စွန်းကို ကျောပေးကပ်နေရင်း အမြန်ဆုံးအောက်သို့ ရောက်ဖို့ ဆုတောင်းနေမိသည်…။

တကယ်တော့ ဒီဓါတ်လှေကားထဲမှာ သူတစ်ယောက်တည်းပါ..။ ဘယ်သူမှမရှိ..။ ခြေသံဆိုတာလည်း စိတ်အထင်နှင့် ကြားမိတာပဲဖြစ်မှာပါဟု ဖြေသိမ့်နေရင်း မှန်ထဲသို့ အကြည့်ရောက်သွားလေသည်..။ သူတွေ့လိုက်ရသည်က အမျိုးသားတဦး၏ ပုံရိပ်တစ်ခု...။

"အားးးးးးးးးးး"
သေချာပြန်သတိထားကြည့်တော့မှ မှန်ထဲတွင် သူ့ပုံရိပ်သူ ပြန်မြင်နေမိခြင်းဖြစ်သည်။ထိုအခါကျမှ
သူ သက်ပြင်းရှည်တစ်ခု ချလိုက်နိုင်တော့သည်။

ဓါတ်လှေကားတံခါးပွင့်သွားတော့ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး သူအေးအေးဆေးဆေးပင်ထွက်လာခဲ့သည်..။ သို့သော် ပြင်ပလောကတစ်ခုလုံး မှောင်မည်းလွန်းနေသည်။

ဟင့်အင်း.. မဖြစ်နိုင်ပါ..။ သူခါတိုင်း ရုံးနောက်ကျတတ်ပါသည်။ ဒီလိုအချိန်မှာ မြို့လယ်တလျှောက် ကားတွေ၊ ဆိုင်ကယ်တွေ၊ မီးတွေ ထိန်ထိန်လင်းနေရမှာပေါ့..။ အခုတော့ လူသွားလူလာလည်း တစ်ယောက်မှမရှိ..။ မြို့ပျက်ကြီးအလား ခြောက်ကပ်လွန်းနေသည်။ သူ့အိတ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်လိုက်မိသည်..။

ဒါပေမယ့် ဖုန်းက သူ့လက်ထဲကနေ အောက်သို့ ပြုတ်ကျသွားသည်။
တဆက်တည်းမှာပင် မြေအောင်မြောင်းအဖုံးကြားမှတဆင့် ပြုတ်ကျသွားလေသည်။

"ဟာ…ဒုက္ခပါပဲကွာ…အားကိုးစရာ အလင်းရောင်ဆိုလို့ ဒီဖုန်းပဲရှိတဲ့ဟာကို……"

သူ စိတ်ပျက်လွန်းစွာ ညည်းတွားလိုက်သည်…..။

ပတ်ဝန်းကျင်ကလဲ မှောင်အတိ…။သူဘာဖြစ်နေတာလဲ…။အိပ်မက်မက်နေတာလား……။အိပ်မက်ဆိုလျှင် အမြန်ဆုံး နိုးထချင်နေမိသည်..။

ဒါမှမဟုတ် သူတကယ်ပဲ တစ္ဆေအခြောက်ခံနေရတာလား။ သေချာတာကတော့ သူအရမ်းကို ၀မ်းနည်းနေမိတာပါပဲ..။

အရင်ကတည်းက တစ္ဆေဆိုတာ ကြောက်စရာဟု ဘယ်တော့မှ မထင်ခဲ့သော သူ…။
အခုတော့ ဒီအမှောင်ကြီးထဲမှာ စမ်းတဝါးဝါးနှင့် အိမ်သို့ပြန်ရတော့မည်။
မထူးတော့ပြီလေ။အိမ်နှင့်လည်း ဘတ်စ်ကား ငါးမှတ်တိုင်စာလောက်သာဝေးသည်မို့ လမ်းလျှောက်ပြန်ရန်အတွက် အိမ်ဘက်သို့ ဦးတည်၍ တဖြေးဖြေး လျှောက်လာခဲ့သည်။

အိမ်သို့ပြန်နေကျ လမ်းက သူနဲ့ သိပ်တော့ မစိမ်းလှ….။ မွေးရပ်မြေမဟုတ်ပေမယ့် သူငယ်ငယ်ထဲက ပြောင်းရွှေ့နေထိုင်ခဲ့သည်ဆိုတော့ အခုဆို မျက်စိမှိတ် သွားလျှင်တောင် ရသည့်အနေအထားဖြစ်သည်။

လက်ထဲက နာရီကိုကြည့်တော့ ကိုးနာရီခွဲခါနီးပြီ။ ဆောင်းတွင်းဆိုတော့ မိုးက ခပ်မြန်မြန်ချုပ်၍ထင်သည်။ မှောင်မိုက်မှုဒဏ်ကို ပိုကဲစွာခံစားနေရသလိုပင်။

ထိုစဉ် ရုတ်တရက် လမ်းဘေးဓါတ်တိုင်မှ မာကျူရီ မီးလုံးတို့ လင်းလာသဖြင့် သူအားတက်သွားသည်။

" ဒါဆို ခုနက မီးပျက်နေတာဖြစ်မယ်…"

တစ်ယောက်ထဲ တီးတိုးကောက်ချက်ချလိုက်ရင်း လမ်းဘေးတလျှောက် ၀ါကျင့်ကျင့် မာကျူရီမီးလုံးတို့၏ အကူအညီဖြင့် ခပ်သွက်သွက်လျှောက်လာလိုက်သည်။

ပုံမှန်အတိုင်းဆို ဒီအချိန်မျိုး စည်ကားတတ်သည့် ဒီမြို့လေးမှာ အခုတော့ လူတွေအတော်နည်းပါးနေပါလား..။

" နင်မိတ်ဆက်ပေးချင်တာ ဒီလူ မာန်ဟိန်းခန့် ကိုမလား ငါတို့အကုန်လဲသိပြီးသားပဲ... "

မာန်ဟိန်းခန့် တစ်ယောက် သူ့ကိုဒီလူလို့ ခေါ်တဲ့ကောင်မလေးကိုလှည့်ကြည့်လိုက်တာ ဟိုနေ့ကသူနဲ့တိုက်မိသွားတဲ့ ရုပ်ဆိုး လေးပဲ သူ့သူငယ်ချင်းတွေ နဲ့တောင်အဲ့ကောင်မလေး အကြောင်းတောင်ပြောဖြစ်လိုက်သေးတယ်လေဒါပေမဲ့ကောင်းသောပြောခြင်းတော့မဟုတ်ပါ.... တော်တော် လေးကို ရုပ်ဆိုးတာပဲဆိုပြီး... ကြည့်ရတာအပျိုကြီးဖြစ်မဲ့ကံဇာတာပါမှာပဲဆိုပြီးတော့ပေါ့....
image
"နင်ပြောစရာရှိသေးလားမရှိတော့ရင်ငါသွားပြီ... သူငယ်ချင်းတို့ငါအရင်သွားတော့မယ် .."ဆောင်းဆုပွင့် ထမလို့ပြင်နေတုန်းဧကရီက

"ခဏလေး ငါပြောလို့မပြီးသေးဘူးလေ ငါပြောချင်တာနင်ကိုကို့ကိုကြိုက်နေတယ်ဆိုတာငါသိနေလို့နင်ရှေ့ဆက်မတိုးလာပါနဲ့လို့ပြောချင်တာ.... " ဆောင်းဆုပွင့် ကောသူ့သူငယ်ချင်းတွေပါအကုန်ဒေါသထွက်သွားပါတယ်မသိရင်သူ့ကိုကိုနောက်ကိုပဲလိုက်နေတဲ့ပုံစံနဲ့ဆောင်းဆုပွင့်ကမာန်ဟိန်းခန့်ကိုကြိုက်ပေမဲ့သူ့ဘာသာသူအဝေးကနေပဲကြည့်နေတဲ့သူပါအခုတော့ဧကရီကြောင့်သူမလေးမှာရှက်လဲရှက်ဒေါသလဲဖြစ်ပြီးမျက်ရည်မကျမိအောင်ထိန်းထားနေတုန်းမှာပဲ မာန်ဟိန်းခန့် တစ်ယောက် ဧကရီကိုပြောလိုက်တဲ့စကားက

" သဲလေးရယ် စိတ်ချပါကွာ...... ကိုယ်မှသူ့ကိုစိတ်ကူးထဲတောင်မရှိတာ နောက်ပြီးသူ့ပုံစံကိုလဲကြည့်လေ ဂြိုဟ်သား လိုလိုဘာလိုလိုနဲ့မျက်စိထဲတောင်မဝင်ပါဘူးကွာ ကိုယ်ကဟောဒီကဧကရီဆိုတဲ့ကောင်မလေးကိုပဲချစ်တာပါဗျာ...." သူပြောလိုက်တဲ့စကားကဆောင်းဆုပွင့်ရင်ထဲကိုဘယ်လောက်ထိဂယက်ထသွားလဲဆိုရင်...

"ဒီမှာမာန်ဟိန်းခန့် ငါနင့်ကိုကြိုက်ခဲ့တာမှန်တယ် ငါနင့်ကိုဟိုးငယ်ငယ်လေးထဲကကြိုက်ခဲ့တာနင်စိတ်ရှုပ်မှာစိုးလို့နင့်အနားတောင်မကပ်မိအောင်နေခဲ့တယ်နင့်လိုceleရဲ့အနားကိုကပ်ချင်ခဲ့တယ်နင်celeဖြစ်နေလို့မဟုတ်ဘူးနင်ငယ်ငယ်လေးတုန်းကငါစာရေးဖို့ခဲတံမပါတုန်းက့နင်ငါ့ကိုပေးခဲ့တဲ့အချိန်ထဲကငါကြိုက်မိတာအခုတော့အဲ့တုန်းကနင်နဲ့တခြားစီပဲအခုတော့နင်စိတ်ရင်းအမှန်ကိုသိလိုက်ရပြီနင်မှတ်ထားမာန်ဟိန်းခန့်ငါနင့်ကိုမုန်းတယ်ငါ့နေရာကိုလဲခဏလောက်ခံစားကြည့်လိုက် ကိုယ်ကြိုက်နေတဲ့ယောကျာ်းလေးတစ်ယောက်ကကိုယ့်ကိုရုပ်ဆိုးတယ်လို့ပြောတာဘယ်မိန်းကလေးမှခံချင်မှာမဟုတ်ဘူး ထပ်ပြောလိုက်မယ် ဒီနေ့ကစပြီးငါနင့်ကိုလုံးဝမကြိုက်တော့ဘူး ငါနင့်ကိုအရမ်းမုန်းတယ်မာန်ဟိန်းခန့်....." ဆောင်းဆုပွင့် မျက်ရည် တွေကျပြီးပြောလိုက်တဲ့စကားတွေကြောင့် မာန်ဟိန်းခန့် ရောဧကရီရော သူ့သူငယ်ချင်းတွေ ရော စားသောက်ဆိုင်ထဲကလူတွေရော ကြောင်တောင်တောင် နဲ့နားထောင်မိနေပါတယ် ပြီးမှ...

"Sorry ပါ ငါအဲ့လိုပြောချင်တာမဟုတ်...."

"နင့်ပါးစပ်ကိုပိတ်ထားရင်ကောင်းမယ်မာန်ဟိန်းခန့် နောက်ပြီး ဧကရီ....... နင်ကြားချင်တဲ့စကားတွေကြားပြီးပြီမှတ်လားနောက်တစ်ခါငါနဲ့ထပ်ပြောစရာအကြောင်းတစ်စက်မှမရှိတော့ဘူးအေးငါ့ကိုနောက်တစ်ခါရန်လာစရင်တော့ငါ့အဆိုးမဆိုနဲ့နင်မိဘမကလို့ဘယ်သူပဲဖြစ်ဖြစ်ငါဂရုမစိုက်ဘူးနင်သေဖို့သာပြင်ထားလိုက်ကြားလား...." လို့ပြောပြီးဆိုင်ထဲကထွက်သွားပါတယ်နောက်မှသူမရဲ့သူငယ်ချင်းတွေကလဲ...

"အကို ရှင်တော်တော်လွန်သွားပြီပဲ ဆုကရှင့်ကိုငယ်ငယ်လေးထဲကကြိုက်တာကျွန်မတို့လဲအကုန်သိတယ်တခြားဘယ်ယောကျာ်းလေးကိုမှသူစိုက်တောင်မကြည့်ဘူးအကိုသူ့ကိုအဲ့လိုမပြောသင့်ဘူးသူကရုပ်မလှပေမဲ့စိတ်ထားကတော့ရှင့်ဘေးမှာရှိတဲ့ဧကရီထက်အဆအများကြီးသာတယ်နောက်ပြီးဟိုကောင်မဧကရီနင်ဆုကိုနောက်ထပ်သွားမစပါနဲ့သူ့ကိုသွားစမိလို့နင်တစ်ခုခုဖြစ်သွားရင်ငါတို့လဲမကယ်နိုင်ဘူး...."

ဆိုင်ထဲကနေအကုန်အပြင်ကိုထွက်လာကြတော့ ပလက်ဖောင်းပေါ်မှာဆောင်းဆိုပွင့်တစ်ယောက်အသည်းအသန်ငိုနေတာတွေတွေ့တောသူမရဲ့သူငယ်ချင်းတွေလဲစိတ်မကောင်းပါ....သူမလေးကိုချော့မော့ပြောပြီးတော့သွားချင်တဲ့နေရာစားချင်တဲ့နေရာကိုလိုက်ပို့ပေးတတ်တဲ့ အကောင်းဆုံး သူငယ်ချင်းတွေ ရှိနေလို့တော်သေးတယ်လေ။

အအေးဓါတ်ပိုသည့် ဆောင်းတွင်းမို့ထင်ပါရဲ့..။ မိသားစုတိုင်းက အိမ်ထဲမှာ မီးလင်းဖိုဖြင့် အချမ်းဖြေနေကြသောကြောင့် ဖြစ်မည်ထင်သည်။

စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် ပြန်လည်ဖြေဆိုရင်း ခြေလှမ်းကို ပိုသွက်လိုက်မိသည်။

သူတို့လမ်းထိပ်နားရောက်လာတော့ ပိုအားတက်မိသွားပြန်သည်။ အိမ်သို့လဲရောက်တော့မည့်အပြင် လူတစ်ယောက်စ နှစ်ယောက်စ လမ်းလျှောက်နေကြသည်ကိုတွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဆယ်စုနှစ် ၂ခုကြာနေထိုင်ခဲ့သည့်အတွက် သူတို့ရပ်ကွက်ထဲကလူတွေကို သူအတော်ရင်းနှီးပါသည်။ သို့သော် အခု သွားလာနေသည့် လူများကို သူမမြင်ဖူး။

သူတို့အားလုံးက ခေါင်းကို ခပ်ငိုက်ငိုက်ထားကာ ခပ်ဖြေးဖြေး လမ်းလျှောက်နေကြသည်။ သူတို့အားလုံး သူ့ကို ရင်းနှီးသည့် ဟန်မပြသလို၊ စိတ်ဝင်စားသည့်ပုံလည်း မပြ။

အခြားရပ်ကွက်မှ မူးယစ်ဆေးသုံးပြီး ကွဲနေသည့် လူများဖြစ်မည်ဟု စိတ်ထဲတွင်ထင်မြင်ချက်ပေးရင်း သူ အိမ်အရောက် ခပ်သုတ်သုတ် ဆက်လျှောက်နေမိသည်။

ထိုလမ်းထိပ်မှ သူ့အိမ်ဘက်သို့ သွားရန် ချိုးကွေ့ရသည်။ ထိုအကွေ့တွင် အလွန်ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင်ရှိသည်။ အလွန်ကြီးမားသည့်အတွက် နေ့ခင်းတွင် အရိပ်ရသလောက် ညဘက်တွင် မကောင်းဆိုးဝါးတစ်ကောင်အလား ထီးထီးကြီး တည်နေတတ်သည်။
image
အမှောင်ရိပ်သန်းလာတိုင်း ထိုနေရာအရောက် ကျွန်တော်တို့ ဘာရယ်မသိ ခပ်သွက်သွက်လေး ဖြတ်လျှောက်တတ်ကြသည်။ အခုတော့ အဲဒီညောင်ပင်နားသို့ ကျွန်တော်ရောက်လာခဲ့ပြီ။ လှည့်ကြည့်လိုစိတ်ကို တမင်ချိုးနှိမ်ရင်း ခြေလှမ်းအရှိန်ကို မြှင့်နေစဉ် စူးရှသည့် မိန်းကလေး ရယ်သံကို ကြားလိုက်မိသည်။

သူလှည့်ကြည့်လိုက်တော့ သူ့အရွယ် ကောင်မလေးတစ်ဦး..။ သူမက သူ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။ အသိမိတ်ဆွေ တစ်ဦးမှ မရှိသည့် အချိန်တွင် သူမလို ခင်မင်ဖွယ်ရာကောင်းသည့် အပြုံးကို မြင်လိုက်တော့ တခဏအတွင်း သူအားရှိသွားသည်။ သူလည်း သူမကို ပြုံးပြလိုက်သည်။

အဲဒီနောက် အိမ်ဘက်သို့ ဆက်လှမ်းလိုက်သည်။ ထိုစဉ် ရုတ်တရက် သူ့ဘေးနားသို့ သူမရောက်လာသည်။

"ဟာ မြန်လိုက်တာ…"

သူအံ့သြနေတုန်း သူမက
ခပ်စူးစူးလေးရယ်မောရင်း သူ့ခန္ဓာကိုယ်ကို တပတ်ပတ်ပြေးနေလေသည်။ သူသိလိုက်ပါပြီ။ သူမက သာမန်မိန်းကလေးတဦးမဟုတ်…။သူမသည် တစ္ဆေတစ်ကောင်ဖြစ်သည်...။

တဟားဟားနှင့် ရယ်ရင်းပတ်ပြေးရင်း သူမမျက်နှာက ဖြူဆုတ်လာသည်။ သူမမျက်နှာကိုကြည့်ရင်း သူ့လိပ်ပြာတွေ လွင့်ထွက်မတတ် ခံစားနေရသည်။ ခြေထောက်တို့က ထွက်ပြေးချင်ပေမယ့် ဘယ်လိုမှ ရုန်းလို့မရ...။

ပါးစပ်က ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ အစွမ်းကုန်အော်ဟစ်နေသော်လည်း ဘာသံမှ ထွက်မလာ...။ အိပ်မက်ဖြစ်ပါစေလို့သာ သူ ဆုတောင်းနေမိသည်။
သူမကတော့ တဟားဟားအော်ဟစ်ရယ်မောရင်း ပတ်ပြေးနေဆဲ...။

ရုတ်တရက် သူ့မျက်လုံးတို့က လမ်းထိပ်တွင်တွေ့ခဲ့သောလမ်းလျှောက်နေကြသည့် သူများဆီသို့ရောက်သွားသည်။
အားကိုးရလိုရငြား အော်ဟစ်အကူအညီတောင်းကြည့်သည်။
မရ။

နောက်ဆုံး အသိစိတ်ထဲဝင်လာသည်က ဘုရားစာရွတ်ဖို့...။ ဒီလိုနှင့် သူရသည့် ဘုရားစာတွေကို နှုတ်မှ တိတ်တိတ်ကလေး ရွတ်နေမိသည်။ မျက်လုံးကို မှိတ်ထားပြီး သူအဆက်မပြတ်ရွတ်ဖတ်နေမိသည်။ တခဏအကြာ အသံတို့ ငြိမ်သက်သွားတော့မှ မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ ဘယ်သူမှမရှိတော့။

ထို့နောက် သူတဟုန်ထိုးပြေးထွက်ခဲ့လေတော့သည်။

အိမ်ရှေ့ရောက်ပြန်တော့ အမောက ထပ်စို့ပြန်သည်။အိမ်တံခါးရော ခြံတံခါးရောသော့ခတ်ထားသည်ကိုသူတွေ့လိုက်ရသည်။

"ဟာ…အိမ်ကလူတွေ ဘယ်သွားနေကြတာလဲ…ညကြီးအချိန်မတော်…"

ခါတိုင်းသူအိမ်ပြန်နောက်ကျတတ်သော်လည်း
ခြံတံခါးကိုသာသော့ခတ်ထားလေ့ရှိပြီး အိမ်တံခါးကိုတော့စေ့ထားတတ်သည်။သူ အပြင်ကလှမ်းခေါ်လျှင် သူ့အဖေကခြံတံခါးလာဖွင့်ပေးသည်။ယခုတော့ ခြံတံခါးရော အိမ်တံခါးပါသော့ခတ်ထားသည်။သော့ကလည်း အပြင်က ခတ်ထားခြင်းဖြစ်သည်။

သူ့မိဘတွေအတွက်သူစိုးရိမ်သွားသည်။ဒီအချိန်ကြီး ဘယ်နည်းနှင့်မှ သူ့မိဘနှစ်ပါးအပြင်သွားစရာအကြောင်းမရှိ။သူ့ခေါင်းထဲအတွေးပေါင်းစုံက ရောထွေးနေသည်။
ဝမ်းနည်းသလိုလို အားငယ်သလိုလိုလဲ ခံစားနေမိသည်။

"လူလေး.…"

ခေါ်သံတခုကို ကြားလိုက်ရတော့ သူ ဆတ်ကနဲ တုန်သွားသည်..။ထို့နောက် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ ဒါပေမယ့် ဘာကိုမှ မမြင်ရ..။ မှောင်မည်းလွန်းနေသည်။

" ဘယ်…ဘယ်သူလဲ...ဘာမှလည်း မမြင်ရဘူး……ခင်ဗျားကရော တ…တစ္ဆေလား"

အရဲစွန့်ရင်း သူပြန်မေးမိသည်။

"အဘက တစ္ဆေမဟုတ်ပါဘူး… လူလေးကို ကာကွယ်ပေးမယ့်သူပါ.."

"ဒါဆို ကျွန်တော်က ဘာလို့မမြင်ရတာလဲ..။ ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုရင် အမြန်ဆုံးကယ်ပါဗျာ… ကျွန်တော်ကြောက်လို့သေတော့မယ်... ကျွန်တော့်အဖေနဲ့အမေလည်း အိမ်မှာမရှိကြဘူး…"

ငိုသံ ဗလုံးဗထွေးဖြင့် သူအော်ပြောလိုက်မိသည်။ချွေးများကရေချိုးထားသည့်အလား တတောက်တောက်စီးကျနေသည်။

"အေးပါကွယ်...။ အဘ လူလေးကို စိုးရိမ်လို့ လိုက်လာတာ..။ အခု အဘရှေ့ကတိုင်ပေးတာကို လိုက်ဆိုမယ်ဆိုရင် လူလေးအခုခံစားနေရတဲ့ အဖြစ်ဆိုးကြီးကနေ လွတ်မြောက်သွားလိမ့်မယ်..."

နွေးထွေးသော အသံကြောင့် အဘ ဆိုသူကို သူအားကိုးမိလာသည်…။

"အဘ..အဘမျက်နှာကို ကျွန်တော်ပြလို့ရမလား..…အဘက ကျွန်တော့်ကို သိမယ်ဆိုရင် ကျွန်တော်လည်း အဘကို သိမယ်ထင်ပါတယ်…"

ထိုသို့ပြောပြီးနောက်အဘိုးအိုမျက်နှာကို သူတဖြည်းဖြည်းမြင်ရလာသည်..။

အကြင်နာတရားအပြည့်ဖြင့် လူသားတစ်ဦးမျက်နှာကို မြင်လိုက်ရတော့ သူဝမ်းသာလွန်းအားကြီးစွာ မျက်ရည်ကျမိသည်။

"လူလေး.. အဘမျက်နှာကို မြင်ပြီဆိုတော့ အဘကို သိရဲ့လား..."

သူသေချာစဉ်းစားမိသည်..။ ဟင့်အင်း..။ မသိ..။ သူမသိပေမယ့် သူမြင်ဖူးနေသလိုလိုတော့ရှိသည်။သူတော်တော်လေးကိုရင်းရင်းနှီးနှီးမြင်ဖူးနေသည်။သို့သော် သူမမှတ်မိ။

အဘကတော့ သူ့ကို သိသည်ဟု ဆိုသည်။ ဒါပေမယ့် မလိမ်မညာပဲ သူမသိကြောင်း ခေါင်းခါပြလိုက်သည်။

သူ့ဆီက အဖြေကိုသိတော့ အဘဆိုသူ၏ မျက်ဝန်းမှာ မျက်ရည်တွေ ၀ဲသီလာသည်ကိုတွေ့လိုက်ရသည်...။

"ကဲပါ.. လူလေးက အဘကို သိတာမသိတာ အရေးမကြီးဘူး…အခု အဘက လူလေးခံစားနေရတဲ့ အဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ ကူညီချင်တာ…ဒါကြောင့်မို့ အဘခိုင်းတဲ့အတိုင်း လိုက်လုပ်နော်……
ကဲ.. လက်အုပ်ချီ...ပြီးတော့ အဘတိုင်ပေးတဲ့အတိုင်း လိုက်ရွတ်…"

သူရိုသေစွာ အဘခိုင်းသည့်အတိုင်း လိုက်လုပ်နေမိသည်။ လက်အုပ်ချီရင်း၊ အဘတိုင်ပေးတာကို လိုက်ရွတ်ရင်းဖြင့် မှောင်မည်းနေသော လောကတခွင်လုံး လင်းလာလေသည်။

ပြီးတော့ တဖြည်းဖြည်း အဘနှင့် သူဝေးကွာလာသလိုလို...။
အဘပဲ နောက်ဆုတ်သွားတာလား သူပဲနောက်ကိုဆုတ်မိနေတာလား မဝေခွဲတတ်…။
အဘမျက်ဝန်းတွေမှာတော့ မျက်ရည်စတွေဝဲသီလို့………………။
image
အဲဒီနောက်………
အဲဒီနောက်တော့ မျက်စိများကျိန်းစပ်လာသည်အထိ အလင်းရောင်များ စူးဝင်လာပြီး သူ လွင့်မျောသွားလေတော့သည်………………။

ဆေးရုံတရုံ၏ အခန်းတခုထဲမှာတော့ ဦးမိုးနောင် တစ်ယောက် တိတ်တဆိတ် မျက်ရည်ကျနေမိသည်။

ဒီမျက်ရည်က ၀မ်းနည်းလို့ကျခြင်းမဟုတ်..။ ၀မ်းသာလွန်း၍ ကျသောမျက်ရည်ဖြစ်သည်….။

နံဘေးမှာတော့ ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးနေသော ဇနီးသည် ခင်ခင်ဝိုင်း ….။

လူနာကုတင်ပေါ်မှာတော့ အလုပ်မှအပြန် ကားတိုက်ခံရပြီး လွန်ခဲ့သော နာရီပိုင်းကပင် အသက်ဆုံးရှုံးသွားရပြီဖြစ်သည့် သားလေး..။

ဖြူလျော့နေသော သားမျက်နှာကိုကြည့်ရင်း ဦးမိုးနောင် သက်ပြင်းချမိသည်။ ချစ်လှစွာသော သားအတွက် သူတကယ်ကို စိတ်ချရပါပြီလေ…။

သူပြန်ရောက်လာတာကိုမြင်တော့ ဇနီးဖြစ်သူက……

"ကိုမိုးနောင်…သားလေးဆုံးပါပြီဆိုမှ တော်က ဘယ်တွေသွားနေတာတုန်း……အခု…အခုတော့ သားလေးမရှိတော့ဘူး... သားလေး ကျွန်မတို့ကို ထားသွားခဲ့ပြီတော့………"

သူ့ရင်ဘတ်ကိုထုကာ ငိုကြွေးနေသော ဇနီးကို သူဖွဖွလေးဖက်ထားလိုက်သည်..။

ကွယ်လွန်ခြင်း၏ အခြားတစ်ဖက်မှာ ကိုယ့်ဖခင်အရင်းကိုပင် မမှတ်မိတော့သည့် သံသရာခရီးသည်တစ်ဦးအတွက်……

သားရယ် အမှတ်ဖြင့် အလူးလူးအလဲလဲ ငိုကြွေးနေသည့် ဇနီးကိုကြည့်ကာ ဖြေသိမ့်နိုင်မည့် စကားလုံးတွေကို ရှာနေမိတော့သည်……။

တကယ်တော့ ဦးမိုးနောင်ဟာ ပရလောကကို မြင်နိုင်စွမ်းရှိတာကိုတော့ သူကိုယ်တိုင်ကလွဲ၍ ဘယ်သူမှ မသိပါလေ..။

သားလေးတစ်ယောက် ဘ၀ကူးသွားခဲ့တာကို မသိရှာပဲ ပရလောကမှာ တစ်ယောက်ထဲ အားကိုးမဲ့စွာကြောက်ရွံ့နေတာကို သူမြင်ရတော့ ရင်နှင့်မချိအောင် ခံစားခဲ့ရသည်။

ဒီဘ၀မှာ ဆုံဆည်းခဲ့ရသော ဖခင်တစ်ယောက်အနေနဲ့ရော သံသရာခရီးသည် တစ်ယောက်အနေနဲ့ပါ သူကိုယ်တိုင် တတ်စွမ်းသလောက် သားလေးရဲ့ဝိညာဉ်ကို ကောင်းရာသို့ရောက်အောင် လမ်းညွှန်ပို့ပေးခဲ့ပြီးပြီဆိုတာကိုတော့.. သူတစ်ယောက်တည်းသာ သိပါလိမ့်မည်။

Coin Marketplace

STEEM 0.24
TRX 0.08
JST 0.040
BTC 28949.88
ETH 1750.07
USDT 1.00
SBD 2.49