Myanmar knowledge wire short

in #esteem6 years ago

Wire short
ဒီနေ့တော့ ထီပေါက်တဲ့နေ့ပါဘဲ အလုပ်လုပ်နေရင်းနဲ့ မထင်မှတ်ထားတဲ့ ဆုံရှံူးမူ့ပါ။ဖြစ်ပုံက ဒီလိုဗျ ကားက မီးနဲ့ပတ်သက်တာ ဘာတစ်ခုမှ မလာပါဘူးတဲ့ မောင်းလို့တော့ရနေပါတယ်။အဆင်ပြေအောင် လုပ်ပေးပါဆရာတဲ့ ကားရဲ့battery လိုင်းကို လိုက်ကြည့်လိုက်တော့ အဖြေတွေ့ပာတယ်။မိန်းဖြူစ့် ခုံမှာရှိတဲ့ ဖြူစ့်တွေ ပြတ်နေပါတယ်။အဲ့ဒါနဲ့ ပိုင်ရှင်ကိုမေးကြည့်ပါတယ် battery ဖြုတ်ပီးလဲထားသေးလား တစ်ခြား ထူးခြားတာ ဘာတွေ လုပ်ထားလဲ။
ဥပမာ မီးလိုင်းအသစ် သွယ်ထားသေးလားပော့ ဘာမှမလုပ်ထားပါဘူး ကားကမောင်းနေရင်း ဟွန်းတီးလို့မရလို့ နည်းနည်း လိုက်စစ်ပီး အဆင်မပြေဘူးထင်လို့ ယူလာတာပာလို့ပြောပာတယ်။အဲ့ဒာနဲ့ ဖြူစ့်တွေ မကောင်းတာဖြုတ် အသစ်လဲပေးလိုက် ပီးရင် စက်နိုးစမ်းကြည့် အဆင်ပြေရင် ကားဆရာကို ဟိုနားဒီနား နည်းနည်းမောင်စမ်းခိုင်လိုက်လို့ ဆိုင်က တပည့်လေးကိုပြောပီ ကားရဲ့ အရှေ့နားမှာ ထိုင်ပီးတပည့်ကျော်လုပ်တာ ထိုင်ကြည့်နေပါတယ်။ဒီနေရာမှာ ပြောစရာ တစ်ခုရှိပါတယ် ဆရာက ကိုယ်တိုင် မလုပ်ဘူးလားလို့ အမှန်တော့ လုပ်ပေးမလို့ပါ ကိုယ့်အနားမှာရှိတဲ့ ပညာသင်လေးတွေကို ဆရာလုပ်သူက ပညာသင်ပေးတဲ့အခါ စာနဲ့ အမြင်နဲ့ လက်တွေ့ တို့ပာမှ အတက်မြန်ပါတယ်။သူတို့ကို ယုံကြည်မူ့မရှိလို့ မခိုင်းရင် တစ်သက်လုံး အဲ့ဒီကလေးက ပညာတက်မှာ မဟုတ်ပါဘူး သူများအနောက်ကနေဘဲ ဘဝကို ရှင်သန်ရပာမယ်။ဒီလိုအဖြစ်မျိုး မလိုချင်လို့ ခိုင်းတာပါ။ပညာရှင်ဆိုတာ မည်သည့်ပညာကိုမဆို လက်ဆင့်ကမ်း အမွေပေးရင်း ရှင်သန်စေအောင် ပြုလုပ်သူကို ပညာရှင်လို့ ခေါ်ပာတယ်။ဒီအမြင်လေးကတော့ ကျွန်တော့် အမြင်ပာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပာတယ်။ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းက ဘယ်အချိန် ကုန်မလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ကိုတက်ထားတဲ့ ပညာရပ်တစ်ခုကို တစ်ခြားသူတစ်ယောက် ကိုလက်ဆင့်ကမ်း သင်ပေးရင်း နေရာ ဖယ်ပေးရပါတယ်။ဒီသင်ပေးတဲ့ ပညာနဲ့ သူ့ဘဝ သူ့မိသားစု ရပ်တည်နိုင်ခဲ့မယ်ဆိုရင် ဆရာလုပ်တဲ့သူရဲ့ ပီတိက ပြောပြခိုင်းနိုင်းစရာ မရှိတော့ပါဘူး။ဖြူစ့်လဲလိုက်ပီး မီးတွေစမ်းတယ် အားလုံး အဆင်ပြေတယ် စက်နိုးလိုက်တယ် ကားခေါင်းနဲ့ အင်ဂျင် အောက်ဘက်က မီးခိုးတွေ အများကြီးထွက်လာပါတယ် သိလိုက်ပာတယ် ဝါယာရှော့ဖြစ်ပီ အဲ့ဒါနဲ့ ကောင်လေးကို ကားစက် ချက်ခြင်းရပ် ပီးတာနဲ့ battery အမြန်ဖြုတ်ခိုင်းလိုက်ပာတယ်။ကားခောင်းခန်း ဝါယာထုပ် မီးလောင်သွားပါတယ်။အဲ့ဒာနဲ့ ဝါယာထုပ် ပြန်အေးအောင် ခဏလောက်စောင့် လိုက်ရပါတယ်။အေးသွားတော့မှ အတွင်းခန်း dashboart ဖြုတ် ဝါယာထုပ် ဖြည်တွေ့ပါပီ ကားက ဖရိန်ဆွေးနေတော့ ဝါယာ သွယ်ထားတဲ့ ပြေးလမ်းနံရံ တစ်လျောက် သံချေးကိုက်ပီး ကြိုးပေါက်ကာ ရှော့ဖြစ်တာပါ။အားလုံးအစကနေ ပြန်လုပ်ပေးရပါတယ်။
လောင်သွားတဲ့ကြိုးတွေ အစားထိုး ဖြူစ့်တွေ ပြန်တပ် သံချေးတွေ ခွာချ အဲ့ဒါမှဘဲ အဆင်ပြေသွားတော့တယ်။ပိုင်ရှင်အပြောက မီးလောက်ဘဲ မလာတာပါတဲ့။ကျွန်တော့်မှာ body ပါပြင်ပေးလိုက်ရပါတယ်။ပြောစရာ တစ်ခုတော့ ရှိပါတယ် ဆရာဆိုတာ တစ်ချိန်တုန်းက တပည့်ပာဘဲ ခင်ဗျာ။HFS GB9
image

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 71054.38
ETH 3862.54
USDT 1.00
SBD 3.52