တန်ဖိုးရှိသောစာစုများ 📝📝📝

in #esteem6 years ago

ဘဝအတွက်တန်ဖိုးရှိသောမှတ်စုများ


💰သင့်ကျရှုံးမှုအတွက် ဘယ်တော့မှ မရှက်ပါနဲ့ ။အမှားတွေဆီကနေသင်ယူပါ။နောက်တစ်ကြိမ်ပြန်လည်ကြိုးစားပါ

💰အောင်မြင်မှုမှာလျှို့ ဝှက်ချက်ဆိုတာမရှိပါဘူး။ကြိုတင်ပြင်ဆင်ခြင်း ကြိုးစားခြင်းနဲ့ အရှုံးတွေဆီကနေ သင်ယူခြင်းရဲ့ရလာဒ်ဘဲ။

💰ငွေရဖို့ တစ်ခုထဲအတွက်အလုပ်လုပ်တယ်ဆိုရင် ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး။သင်ချစ်မြတ်နိုးတဲ့အရာကိုလုပ်တယ် သင့်ရဲ့customer တွေကိုပထမနေရာမှာထားတယ်ဆိုရင် အောင်မြင်မှုကသင့်လက်ထဲမှာပါ

💰သင့်ကိုယ်သင် အမြန်ဆုံးပြောင်းလဲတဲ့နည်းကတော့ သင်ဖြစ်ချင်တဲ့ သင်မျှော်မှန်းထားတဲ့ဘဝပုံစံရှိတဲ့သူတွေနဲ့ ဝန်းရံထားခြင်းပါဘဲ

💰စိတ်ကူးယဉ်တယ်ဆိုတာလွယ်ပါတယ်။လက်တွေ့ လုပ်ဆောင်ရတာ အခက်ခဲဆုံးပါ

💰ကျွန်တော်တို့ လုပ်နိုင်တဲ့တန်ဖိုးအရှိဆုံးအရာတွေကတော့ အမှားတွေပါဘဲ။ဘာလို့ လဲဆိုတော့ အရာရာပြည့်စုံနေတယ်ဆိုရင် ဘာဆိုဘာမှ သင်ယူနိုင်မှာမဟုတ်ပါဘူး

💰စီးပွားရေးမှာအောင်မြင်ဖို့ ဆိုရင် တယောက်ထဲလုပ်လို့ မရနိုင်ပါဘူး။အဖွဲ့ အစည်းလိုက် လုပ်ဆောင်ရမှာဖြစ်ပါတယ်

💰သင်မချမ်းသာသေးခင်မှာ သင့်ကိုယ်သင်ဘယ်လိုစိတ်အားမြှင့်တင်မလဲဆိုတာသင်ယူရမယ်။ကြောက်ရွံ့ တဲ့စိတ်ကိုဘယ်လိုအောင်နိုင်မလဲ?သင့်စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုဘယ်လို တုံ့ ပြန်မလဲဆိုတာတွေကိုလေ့လာရမယ်။ကြောက်ရွံ့ ခြင်းကိုကျော်ဖြတ်နိုင်ရင် အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကိုရောက်မှာအသေအချာပါဘဲ

💰အမြဲတမ်းအကောင်းဆုံးလုပ်ဆောင်ပါ။သင်စိုက်ပျိုးခဲ့သမျှအရာတွေဟာ တစ်ချိန်မှာရိတ်သိမ်းရမှာပါ

💰လူတွေကသင့်ကိုနှစ်သက်တယ်ဆိုရင် သင့်စကားနားထောင်ကြလိမ့်မယ်။လူတွေကသင့်ကိုယုံတယ်ဆိုရင် သင်နဲ့ စီးပွားရေးတွဲလုပ်ကြလိမ့်မယ်

💰သင့်ရည်မှန်းချက်တွေပေါ်မှာအမြဲမပြတ်အာရုံစိုက်ထားပါ။သင့်ဆီကိုဘယ်လိုအတွေးတွေမှမဝင်ပါစေနဲ့ တော့။သင်ခွင့်ပြုလိုက်တယ်ဆိုရင်တော့ သင့်ရဲ့မူလရည်မှန်းချက်တွေပျောက်ကွယ်သွားမှာပါဘဲ

💰သင်ကအမှန်တရားကိုပြောရင် အဲဒါက သင့်အတိတ်ရဲ့ မှတ်တမ်းတစ်ခုဖြစ်လာတယ်။သင်ကလိမ်ညာမှုတစ်ခုလုပ်မယ်ဆိုရင်တော့ သင့်အနာဂတ်ရဲ့မှတ်တမ်းတစ်ခုဖြစ်လာမှာပါ

💰ပေးကမ်းပါ။ဒါပေမယ့် သင့်ကိုတော့အသုံးခံမဖြစ်စေပါနဲ့ ။ချစ်ပါ။ဒါပေမယ့် သင့်နှလုံးသားကိုတော့ အနိုင်ယူမခံစေပါနဲ့ ။ယုံကြည်ပါ။ဒါပေမယ့် မအပါနဲ့ ။နားထောင်ပါ။ဒါပေမယ့် နှုတ်ဆိတ်တော့မနေပါနဲ့ 

💰ကြံကြံခံနိုင်စွမ်းရှိအောင်ကြိုးစားပါ။ဒါပေမယ့် မရိုင်းပါနဲ့ ။ကြင်နာပါ။ဒါပေမယ့် မပျော့နွဲ့ ပါစေနဲ့ ။ရဲရင့်တည်ကြည်ပါ။အနိုင်မကျင့်ပါနဲ့ ။

💰သင့်ကိုသင်ဘယ်တော့မှသံသယမထားပါနဲ့ ။မကောင်းတဲ့အတွေးတွေ မတွေးပါနဲ့ ။ကျရှုံးမှာကိုမကြောက်ပါနဲ့ ။သင့်ကိုယ်သင်လည်းမဝေဖန်ပါနဲ့ ။သူတပါးကိုလည်းမဝေဖန် မတိုက်ခိုက်ပါနဲ့ 

💰အချိန်ဆိုတာတဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားမှာပါဘဲ။သင်လိုချင်တဲ့ဘဝကိုသင်ကိုယ်တိုင်ဖန်တီးမလား?သင်မလိုချင်တဲ့ဘဝမှာဘဲနေထိုင်နေမလား? သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ

Follow me

@kokomyothant

SMT61


![image]()

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67900.86
ETH 3250.85
USDT 1.00
SBD 2.63