ဘဝပေးသင်ခန်းစာများ

in #esteem8 years ago

ဘဝမှာကြိုးစားရမယ်ဆိုတဲ့
အသိကို
စာထဲကရတာထက်
လက်တွေ့ဘဝကရလာတဲ့
အသိကပိုများတယ်။

ဘဝကပေးတဲ့အသိက
ဖြေရှင်းတဲ့အခါ
ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့
ကိုယ့်ကိုယ်ကိုတော့ယုံကြည်မှုတွေတိုးစေတယ်။

ဇိမ်ကျတဲ့ဘဝကမက်မောစရာကောင်းပါတယ်
ဖြေရှင်းတတ်တဲ့အစွမ်းအစကိုတော့
သူကသင်မပေးနိုင်ဘူး။

ဘာမှမလုပ်ဘဲအေးဆေးနေရတာကောင်းပါတယ်
ကိုယ့်အားကိုယ်ကိုးတတ်တဲ့အကျင့်ကိုတော့
သူကသင်မပေးနိုင်ဘူး။

တစ်နေကုန်မနားတမ်း
အလုပ်လုပ်ရလည်းမညည်းညူ နဲ့။

တစ်နေကုန်မအားလည်းစိတ်မပျက်နဲ့။

တစ်နေကုန်ရုန်းကန်နေရလို့လည်း
ဘဝကိုစိတ်မနာနဲ့။

နေသာတဲ့ဘဝကလူကိုညံ့ဖျင်းစေတယ်
အစွမ်းအစတွေကိုလျော့ကျစေတယ်
ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေကျစေတယ်

တစ်ကယ်တမ်းသာရွေးကြစတမ်းဆိုရင်..

"နေသာတဲ့လူဖျင်းဘဝထက်
ဘဝကြမ်းတဲ့လူတော်ဘဝကို"

လူတိုင်းပိုတန်ဖိုးထား
မက်မောတတ်ကြတာမဟုတ်လား..!!!

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 64198.23
ETH 1820.91
USDT 1.00
SBD 0.38