ချစ်စရာလေး

in #esteem8 years ago

image

ချစ်စရာလေး

ဒီအဖြစ်အပျက်ကလေးက တကယ့်အဖြစ်အပျက်လေးပါ။ တောင်အမေရိက၊ ကိုလမ်ဘီယာက ဆရာ အတတ်သင်ကျောင်းတစ်ကျောင်းမှာဖြစ်ခဲ့တာ။ အဲဒီ ကျောင်းဝင်းထဲမှာ နီဂရိုးလို့ အမည်ပေးထားတဲ့ ခွေးကြီး တစ်ကောင်ရှိတယ်။

နီဂရိုးကို ဒီကျောင်းကိုရောက်နေတာ ၅ နှစ်ရှိပြီ။ ညဆိုရင် ကျောင်းဝင်းထဲမှာ အိပ်တယ်။ ကျောင်းထဲက ဆရာတွေက သူ့ကို ကျွေးထားတယ်။

ကျောင်းထဲမှာ မုန့်ဆိုင်တစ်ဆိုင်ရှိတယ်။ ကွတ်ကီးမုန့်တွေရောင်းတာ။ တစ်နေ့တော့ နီဂရိုးဟာ ကွတ်ကီးမုန့်တွေ ရောင်းတဲ့ ဆိုင်ရှေ့မှာ ငုတ်တုတ်လေးထိုင်ပြီးတော့ ကြည့်နေတယ်။

မုန့်လာဝယ်တဲ့ ဆရာတွေက ကောင်တာကို အစိမ်းရောင် ဒေါ်လာလေးတွေ ပေးနေတာ သူတွေ့သွားတယ်။ ဒေါ်လာပေးရင် မုန့်ပြန်ပေးတာလည်း သူတွေ့နေရတယ်။

image

နီဂရိုးဘာလုပ်သလဲသိလား

အစိမ်းရောင် သစ်ရွက်လေးတစ်ရွက်ကို ပါးစပ်နဲ့ ကိုက်လာပြီးတော့ ကောင်တာကို လာပေးတယ်။ ကောင်တာက အရောင်းစာရေးမကြောင်နေတာပေါ့။ နောက်မှ သဘောပေါက်ပြီး နီဂရိုးပါးစပ်ထဲက သစ်ရွက်လေးကို ယူလိုက်တယ်။ ပြီးတော့ ကွတ်ကီးတစ်ခု ကျွေးလိုက်တယ်။ ခွေးက အရမ်းသဘောကျသွား တယ်။

အဲဒီနေ့ကစပြီးတော့ နီဂရိုးဟာ တစ်နေ့ကို သစ်ရွက်တစ်ရွက် ကိုက်လာ။ ကောင်တာကိုလာပေး၊ ကွတ်ကီးစား နေတာ ဒီနေ့အထိပဲ။ နေ့တိုင်းလာတယ်လို့ အရောင်းဆိုင်ကပြောတယ်။

ကဲတွေ့လား

ခွေးတောင်သိတယ်

တစ်ခုခုကို လိုချင်ရင်

တစ်ခုခုကို ပေးရတယ်ဆိုတာ

တင်ညွန့်

photo : facebook

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 61923.74
ETH 1755.88
USDT 1.00
SBD 0.38