အမြင်အမျိုးမျိုး

in #esteem8 years ago

image

အမြင်အမျိုးမျိုး

ဘဝဆိုတာအခုလျှောက်နေတဲ့လမ်းနဲ့ခံယူထားတဲ့ပန်းတိုင်ကြားထဲကအချိန်တွေကိုဟန်ချက်ညီအောင်လျှောက်နေတဲ့ခြေတစ်လှမ်းပဲ..ဒါလူသားတိုင်းရဲ့
ဘဝပဲ။

ဘဝဆိုတာ​မွေးဖွားခြင်းနဲ့​သေဆုံးခြင်းရဲ့ ကြားက ကာလတခ၊ု အပိုင်းအခြားတခုပါ
အဲ့ဒီကြားကာလ​လေးမှာ 
မျှော်​လင့်​ခြင်း​တွေ ဖန်​တီးခြင်း​တွေနဲ့ ​အတူပျော်​ရွင်​ခြင်း​ဝမ်းနည်းခြင်းတွေကို ဖြစ်​​ပေါ်​စေတယ်​ ။
ဒါဟာ ဘဝ "ပါပဲ။

image

ဘဝဆိုတာက ကိုယ်ရွေးခြယ်ပိုင်ခွင့်မရှိပဲရောက်လာတယ်ဆိုပေမယ့် ရောက်လာတဲ့ဘဝမှာ အကောင်းဆုံးဆိုတာတွေ အသက်ရှင်သန်ချိန်မှာလုပ်ဆောင်နေ
ပြီး ပြသာနာများစွာကို ကိုင်တွယ်ဖြေရှင်း
ရင်ဆိုင်ပြီးအောင်မြင်မှုများစွာ
ရအောင်ကြိုးစားနေတာဘဝပါ။

ဘဝဆိုတာ အမြဲတမ်း ရုန်းကန်လှုပ်ရှားနေရတဲ့အရာကြီးပါ...အရှုံးတွေရှိသလို အပြုံးတွေလဲရှိခဲ့ပါတယ် မိမိအတွက် မိသားစုအတွက် လူမှုဝန်းကျင်အတွက် မသေမခြင်းလုပ်နေရတဲ့ ရုန်းကန်လှုပ်ရှားမှု ဖြစ်စဉ်ကြီးလို့ မြင်ပါတယ်...။

image

ဘဝဆိုတာ တိုက်ပွဲတွေကြားထဲက သင်ကြားခွင့်ရနေတဲ့ကျောင်းလိုပါပဲ။အရှေ့ဘက် နေထွက်သလို အနောက်ဘက်ရပ် နေဝင်မှာပဲ။
အရှေ့ဘက်နေထွက်တဲ့အခါ အပူဒဏ် ခံနိုင်ဖို့ တိုက်ပွဲဝင်ကြရတယ်။
အနောက်ဘက်နေဝင်တဲ့အခါ မိုက်မှောင်နေတဲ့လမ်းကို ကျော်ဖြတ်ဖို့ အမြဲသင်ယူနေရတဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းလိုပါပဲ။

image

စတင်​မွေးဖွားခြင်းနဲ့​သေဆုံးခြင်းကြားက
အချိန်​တစ်​ခုကို ဘဝလို့ သတ်​မှတ်​မယ်
ဆိုရင်​ ကောင်းတာပြုခဲ့တဲ့သူက
ကောင်းတဲ့ဘဝ
ဆိုးတာပြုခဲ့သူ​တွေကဆိုးတဲ့ဘဝ
ကျိုးစားသူကအောင်မြင်သောဘဝ
ကာလသုံးပါးမှာကံ(အလုပ်​)ရဲ့
အ​ကြောင်းအကျိုးကိုညွန်းတဲ့ ပြယုတ်
ကျွန်​​တော့်​အဲ့သလိုမြင်​​တယ်​။

           written by kokogyi1
           photo credit; kokogyi1

image

Sort:  

Wow its a great post ever!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 64171.76
ETH 1736.48
USDT 1.00
SBD 0.44