မြန်​မာဆန်​ဆန်

in #esteem6 years ago

အက်​ဖ်​​အေ ​အောင်​ပြီး​သော်​ ​ဒေါ်​စောဆသည်​ ငါးနှစ်​အကြာတွင်​ ​ဆေး​ကောလိပ်​မှ အယ်​လ်​အက်​စ်​အမ်​ ဘွဲ့ကို ၁၉၁၁ခုနှစ်​တွင်​ရရှိခဲ့သည်​။ရိုးရိုးဘွဲ့မျိုးမဟုတ်​ဘဲ ​ဆေးသိပ္ပံပညာနှင့်​​ဆရာဝန်​အတတ်​ကို တတ်​​မြောက်​ထားခြင်းမှာ ထို​ခေတ်​ထိုအခါက အလွန်​ထူးခြားလှသည်​။နောက်​တစ်​နှစ်​ ၁၉၁၂ခုနှစ်​တွင်​ အက်​ဖ်​အာရ်​စီဟူ​သော ရခဲလှသည့်​ဘွဲ့ထူးကို ​တော်​ဝင်​ ​ဆေးပညာ​ကောလိပ်​မှ ပထမဦးဆုံး မြန်​မာအမျိုးသမီးအ​နေနှင့်​ဆွတ်​ခူးရရှိခဲ့​လေသည်​။မြန်​မာအမျိုးသမီးများထဲမှ ​ဒေါ်​စောဆသည်​ ထိုဆုကိုပထမဦးဆုံးရရှိခဲ့သည့်​အတွက်​ နိုင်​ငံ၏ကျက်​သ​ရေ​ဆောင်​လည်းဖြစ်​သည်​။
ဒေါ်​စောဆသည်​ အမျိုးသမီး​ဆေးပညာ​လောက၏ မီးရှူးတန်​​ဆောင်​ဖြစ်​သည့်​အား​လျော်​စွာ ရန်​ကုန်​​ဆေးရုံကြီးနှင့်​ ဒပ်​ဖရင်​​ဆေးရုံကြီးတွင်​အမှုထမ်းရင်း အသက်​​ပေါင်းများစွာကိုကယ်​တင်​ခဲ့သည်​။မျက်​နှာဖြူ မျက်​နှာနီများကြားထဲတွင်​ ဘီးဆံထုံးကြီးတကားကားနှင့်​ ပုဝါစုံချပြီး ခန့်​ခန့်​ငြားငြားအသွင်​အပြင်​ဖြင့်​ တိုင်းပြည်​အတွက်​လုပ်​အား​ပေးခဲ့​သောသူ့ဓာတ်​ပုံ များကိုယခုအချိန်​ထိ မှတ်​မိ​နေ​သေးသည်​။ရန်​ကုန်​​ဆေးရုံကြီးအမျိုးသမီးလူနာဌာန၌လက်​​ထောက်​ဆရာဝန်​မကြီးအဖြစ်​ဖြင့်​လည်း​ကောင်း၊ဒပ်​ဖရင်​​ဆေးရုံကြီးတွင်​ ၁၉၁၄ခုနှစ်​မှ ၁၉၂၁ခုနှစ်​ထိ ၇နှစ်​တိုင်​​အောင်​ ​ဆေးရုံအုပ်​ကြီးအဖြစ်​ဖြင့်​လည်း​ကောင်းတာဝန်​ယူရင်း အမျိုးသမီး မိခင်​​လောင်းများစွာ၏အသက်​ကို ကယ်​တင်​ခဲ့ဖူးသည်​။လူ့ပြည်​သို့ဘွားကနဲ ​ရောက်​လာကာစ သားသမီး​လေးများအား ​ဒေါ်​စောဆသည်​ကြင်​နာယုယ​သော ကြင်​နာယုယ​သောအသည်​နှလုံးဖြင့်​လည်း​ကောင်း၊ သူ၏နူးညံ့​သောလက်​နျစ်​ဖက်​ဖြင့်​လည်း​ကောင်း၊ဆီးကြိုနှုတ်​ဆက်​ ​ပွေ့ဖက်​ချီ​မြောက်​ခဲ့သူဖြစ်​သည်​။သူ​မေ်း​ပေး၍ လူလား​မြောက်​ကာ အ​ကျော်​အ​မော်​ဖြစ်​​နေ​သောပုဂ္ဂိုလ်​များကား မည်​မျှရှိမည်​ဟု မခန့်​မှန်းနိုင်​ပါ။ဥ​ရောပ၏ မီးခွက်​ရှင်​မ​ခေါ် ဂရုဏာရှင်​မကြီးဖ​လောရင့်​ နိုက်​တင်​​ဂေးနှင့်​ နိုင်းယှဉ်​တင်​စားသင့်​သည်​။
‌​ဒေါ်​စောဆသည်​ ငါဆရာဝန်​မကြီးဖြစ်​ပြီဟူ၍ ​ရောင့်​ရဲတင်းတိမ်​မ​နေခဲ့ပါ​ချေ။ထိုသို့​သော​ကြောင့်​ ၁၉၁၃ခုနှစ်​တွင်​ ပီအိပ်​ခ်ျ​ဒီ ဘွဲ့ကိုရရှိခဲ့​လေသည်​။ဆေးနှင့်​ကုတာထက်​ ​ဒေါ်​စောဆ၏ ​မေတ္တာ​စေတနာနှင့်​ကုတာက ပိုပြီးများပါတယ်​ဟု​ပြောကြသည်​z

Coin Marketplace

STEEM 0.15
TRX 0.13
JST 0.026
BTC 58110.30
ETH 2687.01
USDT 1.00
SBD 2.30