ချီးတက်​ ချက်​တီး စမ်းသပ်​ခြင်း

in #esteem6 years ago

ကော်​ပီကူးတင်​သည်​ ဖြစ်​​ကြောင်း အတိအလင်းဝန်​ခံပါသည်​။
သီ​ပေါမင်းက အိန္ဒိယကို ပါ​တော်​မမူခင်​ ဗမာပြည်​မှာကတည်းက က​လေးနှစ်​​ယောက်​နဲ့တစ်​ဗိုက်​ရှိခဲ့တယ်​ ။ စိတ်​ဝင်​စားမိတာတစ်​ခုက ဒီက​လေး​တွေ​မွေးတုန်းက အရပ်​လက်​သယ်​ တနည်းအားဖြင့်​ ဝမ်းဆွဲသယ်​ကို ဘယ်​လိုစံ​တွေနဲ့ ​ရွေးချယ်​ခဲ့သလဲ​ပေါ့. .အင်္ဂလိပ်​​တောင်​ ရန်​ကုန်​မှာပဲရှိ​သေး​တော့ ဘိလပ်​ပြန်​အိုဂျီ​တွေ​လည်း နန်းတွင်းထဲ ဘယ်​လိုမှ​ရောက်​မလာနိုင်​​သေးဘူး ။ ဝမ်းဆွဲသယ်​နဲ့နန်းတွင်းဆက်​ဆံ​ရေး ဘယ်​လိုရှိမလဲ စိတ်​ဝင်​စားမိတယ်​ ။

ဆင်​ဖြူမရှင်​ဆိုတာကလည်း ထက်​မြက်​တဲ့​မေ​မေဆို​တော့ ​တော်​ရုံဝမ်းဆွဲသယ်​က ကျုံး​ရှေ့​တောင်​ဖြတ်​​လျှောက်​ရဲမယ်​ မထင်​ဘူး ။ ဘန်​​ကောက်​မှာ သွား​မွေးရ​အောင်​လည်း နန်းတွင်းအ​ခြေအ​နေက သိတဲ့အတိုင်း ။ နန်း​တော်​ကိုပစ်​ပြီး တစ်​လကိုးသတင်း က​လေးသွား​မွေး​နေရင်​ ​မောင်​​မောင်​သီ​ပေါတို့က ဝမ်းနည်း​နေဦးမယ်​ ။ အ​ရေးကြီးတဲ့တစ်​ချက်​က ဘယ်​​လောက်​ပဲမိသားစုအ​ပေါ် သြဇာ​ညောင်းတဲ့​ယောင်္ကျားဖြစ်​ပါ​စေ ဒါမျိုးကိစ္စ​တွေကျ မိန်းမ​တွေရဲ့ဆုံးဖြတ်​ချက်​သာ အတည်​ဖြစ်​​တော့သကိုး ။ သူတို့စိတ်​ကြိုက်​​ရွေးချယ်​တာကို ကိုယ်​က ဘွတ်​ကင်​ယူ​ပေးရတဲ့အဆင့်​ပဲရှိတယ်​ ။

နန်းတွင်းမှာ သက်​​တော်​ရှည်​သမား​တော်​​တွေရှိ​ပေမယ့်​ သူတို့က ဒူလာ​လောက်​ကုတတ်​တာ ။ ကွီးမင်းတုန်းဆို နတ်​ရွာသာစံသွား​ရော. . . ဒူလာထလို့ ညည်းတဲ့အသံ တစ်​ချက်​မကြားဖူးဘူး ။ နန်းတွင်းသမား​တော်​​တွေကို အထင်​​သေးတယ်​ရယ်​မဟုတ်​​ပေမယ့်​ သူတို့​ဆေး​တွေက ​ယောင်္ကျားသား​တွေအတွက်​သာ ​ကောင်းတာ ။ သားဖွားမီးယပ်​အတွက်​ကျ တယ်​မစွံချင်​ဘူး ။ ​ပြောရရင်​ တစ်​နွယ်​ငင်​ တစ်​စင်​ပါဦးမယ်​ ။ သူတို့​ဆေး​တွေ ဘယ်​​လောက်​စွမ်းသလဲ ကွီးမင်းတုန်းသာကြည့်​​တော့ . . တစ်​ဖက်​က​တွေးကြည့်​​တော့လည်း ကွီးမင်းတုန်း​ကြောင့်​သာ ဝမ်းဆွဲသယ်​​တွေတန်​ဖိုး နန်းတွင်းကသိလာရတာ ။ ​ကျေးဇူးရှင်​ကြီးပါ​တော်​. . .

သွား​လေသူကြီးကို သတိရသွားဟန်​ဖြင့်​ အရီး​လေးဆင်​ဖြူမရှင်​သည်​ ပုခုံးထက်​မှ ပခုက္ကူထွက်​ဖျင်​ကြမ်းထည်​​လေးကိုယူရင်း ဆို့တက်​လာ​သောမျက်​ရည်​တို့ကို အသာတို့လိုက်​သည်​ ။ တစ်​လက်​စတည်း ​ရှေ့မှာတည်​ထား​သော ​ဗေဒါ​ရွှေကြာလက်​ဖက်​ကို တစ်​ဇွန်းခပ်​စားရင်း ​ဘေးနားမှ အပျို​တော်​ရံ လမ်းမ​တော်​ မယ်ယု ကို စကားတစ်​ခွန်းစလိုက်​သည်​ ။

` မယုရယ်​. . . ငါ့မလဲ စုစုအတွက်​ စဉ်းစားရသာ ​ခေါင်း​တွေလဲ ခဲလှပါဘီ ။ ဝမ်းဆွဲသယ်​​ကောင်း​ကောင်း​လေး ညီးအသိထဲ မရှိဘူးလား​အေ ´

သခင်​မကို ခစားသလိုလိုနှင့်​ ​ခြေသည်းအလှခိုးပြင်​​နေ​သော လမ်းမ​တော်​မမယုသည်​ ရှည်​လျားလှ​သောဆံပင်​ကြီးကို ​နောက်​​ကျော​သောတစ်​ချက်​ပို့ရင်း စန္ဒရားခင်​နုနုအိုက်​တင်​ဖြင့်

` ရှိပါ့. . သိပါ့ မယ်​မယ်​ဆင်​ ။ နန်း​ရှေ့က စာဆို​တော်​ကြီး လက်​ယာသုန္ဒရရဲ့ သမီးကြီး​လေ ။ မမ​သော်​တာ တဲ့ ။ ခုတ​လော အရပ်​ထဲမ​တော့ နာမည်​ကြီး​နေတယ်​ မယ်​မယ်​​ရေ . . သာမီး​တောင်​ လင်​မယူခင်​ကတည်းက သူ့ဆီ ဘွတ်​ကင်​ကြိုတင်​ထားရသာ မယ်​မယ်​​ရေ. . . ကိုယ်​လင်​ယူပြီးမယ့်​အချိန်​​လောက်​မှ ကိုယ့်​အလှည့်​​ရောက်​မှာ​လေ . . ဇမ်းး နာမည်​ကြီးသာ မယ်​မယ်​​ရေ. . . ´ အစရှိသဖြင့်​ ဘာညာ​ပေါ့. . . ပွားမယ်​ ။ ဒီအခါမှာ ဆင်​ဖြူမရှင်​ကြီးကလည်း ဟဲ့. . . အဲ့ မမ​သော်​တာကို ခုချက်​ချင်း နန်းတွင်းထဲဆင့်​​ခေါ်ဇမ်း ဘာညာ မိန့်​ပါလိမ့်​မယ်​ ။

ပိန်​လှီ​ခြောက်​ကပ်​ပြီး မီးယပ်​နာစွဲ​နေတဲ့ပုံစံနဲ့ နန်းတွင်းထဲ​ရောက်​လာတဲ့ မမ​သော်​တာကိုမြင်​​တော့ ဆင်​ဖြူမရှင်​ကလည်း မိန့်​ပါလိမ့်​မယ်​ ။ ဟဲ့. . . မယုရယ်​ နင့်​ဟာက ကြည့်​လည်းလုပ်​ပါဦးဟယ်​ ။ မီးတွင်းထဲမှာ ဝမ်းဆွဲသယ်​ကို ပြန်​ပြီးနှာနှပ်​​နေရပါ့မယ်​ဟယ်​. . ဖြစ်​ပါ့မလား ဘာညာ​ပေါ့ ။ ဒီအခါမှာ​တော့ လမ်းမ​တော်​မယ်​ယုက သူ့ရဲ့ ရှည်​လျား​ထွေပြားလှတဲ့ ဆံပင်​ရှည်​ကြီးကို ​နောက်​​ကျောကိုပို့ပြီး စန္ဒရားခင်​နုနုအပြုံးနဲ့ပဲ

` စိတ်​ချပါ မယ်​မယ်​ဆင်​ရယ်​ ။ သမားဆို အိုမှတဲ့ ။ မမ​သော်​တာက အသက်​သာ ၆၀ ​ကျော်​​နေ​ပေမယ့်​ အရင်​က​တော့ လှတယ်​ ။ ခု​တော့ လင်​ပစ်​သွားလို့ ဂျုန်းဂျုန်းကျ​နေ​ပေမယ့်​ ပညာစွမ်းက မ​သေးဘူး မယ်​မယ်​ရဲ့ ။ စိတ်​ချစမ်းပါ မယ်​မယ်​ဆင်​ရာ ´ ဘာညာ​ပေါ့ ​ဖောပါလိမ့်​မယ်​ ။

ဒီလိုနဲ့ပဲ မမ​သော်​တာလည်း နန်းတွင်း​ရောက်​​ရောဆိုပါ​တော့ ။ မင်း​သွေးဆို​တော့ ​ခြေကြွခတို့ အတိုင်​ပင်​ခံဥာဏ်​ပူ​ဇော်​ခတို့က ​တောင်းဖို့မသင့်​ဘူး​လေ ။ ဒီ​တော့ကာ ကိုယ့်​အတွက်​ကျန်​ဖို့ ဗိုက်​ကြီးသည်​မမစုဆီကိုပဲ ​ပြေးကပ်​ရမှာပဲ ။

` မမ​လေးစုရယ်​. . . သခင်​မကိုဖြင့်​ ဒီက မတ်​မတ်​​သော်​က စိတ်​မချနိုင်​​တော့ဘူး ။ ဒီ​တော့ သခင်​မ​လေးအိပ်​​ဆောင်​​ဘေး အဖီ​လေးချပြီး ​နေပျဇီ ´ ဘာညာ ပလီပါလိမ့်​မယ်​ ။

`ဟယ်​. . . သခင်​မ​လေး . . . ကိုယ်​​လေးလက်​ဝန်​ကြီးနဲ့ အ​လေးအပင်​​တွေ မမပါနဲ့ဆိုတာ . . တကတည်း​နော်​ . . ဟွန့်​ ´ ဘာညာ​ပေါ့ ။

မိဖုရားပါဆို​နေမှ ဘယ်​မိဖုရားက ထင်း​ခွေ​ရေခပ်​​နေပါ့မလဲ ။ သို့​ပေသိ မိဖုရားအနား စားရိတ်​ငြိမ်း​နေရဖို့အ​ရေး ဒီလိုပဲ ​လှော်​ရ ခတ်​ရတာ​ပေါ့ ။ မတ်​မတ်​​သော်​ မမှားပါဘူး ။

နေ့လည်​​နေ့ခင်းကျ မီး​နေတဲ့အခါရှုဖို့ နနွင်းတက်​​လေး​တွေ ​နေထုတ်​လှန်း ။ ပိတ်​ဖြူ​လေး​တွေ ​နေထုတ်​ပြ ။ ခဏနား​နေချိန်​ကျ မမစုအနားကပ်​ပြီး

` သခင်​မ​လေး. . ကြားပြီးဘီလား ။ ဟို ဒိုင်းဒိုင်းဆိုတာ​လေ . . . အာ့ ​ယောင်္ကျား​လေးမဟုတ်​ဘူးတဲ့ ။ အစစ်​မတဲ့ ။ သခင်​မ​လေး သတိထားဦး​နော်​ ။ မတ်​မတ်​​သော်​က သူများအ​ကြောင်း စိတ်​မဝင်​စား​ပေါင်​ ။ သခင်​မမို့ ချစ်​လို့​ပျော့သာ ´ ဘာညာ စကားရှာပြီး သခင်​မဖို့ပြင်​ထားတဲ့ ​ဗေဒါ​ရွှေကြာ​လေး လမ်းနှိုက်​မြည်းပြီး ​ပြောင်းဖူးဖက်​နှစ်​လိပ်​ကို ခါးကြားထဲထိုးခဲ့မှာပဲ ။ မတတ်​နိုင်​ဘူး. . . မရ ရတာယူရမှာပဲ ။

သခင်​မ​လေးစု မီးဖွားပြီးရင်​​တော့ မတ်​မတ်​​သော်​တာတစ်​​ယောက်​ အိမ်​ပြန်​ပြီ ။ ​မွှေစရာရှိတာလည်း ​မွှေခဲ့ပြီ ။ ​နှောက်​စရာရှိတာလည်း ​နှောက်​ခဲ့ပြီ ။ လုပ်​စရာတစ်​ခုပဲရှိ​တော့တယ်​ ။ အိမ်​က ဆိုင်းဘုတ်​ကို ပြန်​ပြင်​​ရေးရမယ်​ ။

မမ​သော်​တာ
နန်းတွင်းလက်စွဲ ​​​​ရွှေတိုက်​စာရင်းဝင်​ ဝမ်းဆွဲသယ်
မှတ်​ချက်
အိမ်​ပင့်​မလိုက်​ပါ

မတ်​မတ်​​သော်​တို့ ​ချေ​လေဘီတမုံ့

ခွက်​ဒစ်
သူနာပြုဆရာမကြီး မာမီ Aung HtikeMin ၏ ပြည်​သူချစ်​​သော ဝမ်းဆွဲသယ်​များစာအုပ်​မှ ​ကောက်​နှုတ်​တင်​ပြသည်​ ။
ခွက်​ဒစ်​ တင်​သူကို​တေဇာ​မောင်​​မောင်

Coin Marketplace

STEEM 0.15
TRX 0.13
JST 0.026
BTC 58110.30
ETH 2687.01
USDT 1.00
SBD 2.30