ပထမဦးဆုံးများ

in #esteem7 years ago

မြန်​မာအမျိုးသမီးများထဲမှ ​ဆေးပညာအက်​ဖ်​အာရ်​စီအက်​စ်​(FRCS)ဘွဲ့ကိုပထမဦးဆုံးရရှိခဲ့​သောဆရာဝန်​မကြီးမှာ ​ဒေါက်​တာ​ဒေါ်​စောစဖြစ်​သည်​။မြန်​မာအမျိုးသမီး​ဆေးပညာရှင်​များ၏မိခင်​ကြီးဟုလည်း​ခေါ်နိုင်​ပါသည်​။ယခု​ခေတ်​​ဆေး​ကျောင်းသူ​လေးများ၏ဘွားဘွားကြီးဟု​ခေါ်လျှင်​လည်းမှားမည်​မဟုတ်​။သို့​သော်​ဆရာဝန်​မကြီး​ဒေါက်​တာ​ဒေါ်​စောဆမှာ လင်​ချစ်​ သားချစ်​ အပူရှာသူမဟုတ်​ပဲ တစ်​ကိုယ်​ရည်​ တစ်​ကာယဘဝဖြင့်​ လွတ်​လပ်​စွာ လူတိုင်းကို သားစိတ်​ သမီးစိတ်​ဖြင့်​ ကုသကယ်​တင်​ ကြင်​နာယုယခဲ့သူဖြစ်​သည်​။"​ဒေါ်​ဒေါ်ဆ ​​ဒေါ်​ဒေါ်ဆ"နှင့်​ လူငယ်​ပိုင်း၏ ချစ်​ခင်​​လေးစားမှုကိုအများဆုံးရရှိခဲ့​သောသူဖြစ်​သည်​။သူ၏ နာမည်​ကိုက ခပ်​ဆန်းဆန်းရယ်​။
ဆရာဝန်​မကြီး ​ဒေါ်ဆ၏​မွေး​နေ့မှာ ​ကောဇာသက္ကရာဇ်​ ၁၂၄၆ခုနှစ်​ ဝါ​ခေါင်​လဆန်း၁၀ရက်​၊ခရစ်​သက္ကရစ်​ ၁၈၈၄ခုနှစ်​၊သြဂုတ်​လ ၁ရက်​​နေ့ဖြစ်​သည်​။ပြည်​မြို့နယ်​ပိုင်​ဝန်​​ထောက်​ ဦးဘိုး​စော၏ ​ခြောက်​​ယောက်​​မြောက်​သမီးဖြစ်​သည်​။ခြောက်​​ယောက်​​မြောက်​သမီးဆိုသည့်​အတိုင်း ဖခင်​အမည်​နှင့်​တွဲ၍ မ​စောဆဟုအမည်​​ပေးခဲ့ခြင်းဖြစ်​သည်​။ပထမသမီးကို မ​စောအစ်​၊ဒုတိယသမီးကို မ​စော​ဒွေး၊တတိယသမီးကို မ​စောတဟူ၍ အစဉ်​လိုက်​မှည့်​​ခေါ်ပြီး ​မ​စောဆမှာ ​ခြောက်​​ယောက်​​မြောက်​ဖြစ်​​သော​ကြောင့်​ ​စောဆဟုအမည်​​ပေးခဲ့ခြင်းဖြစ်​သည်​။ထို​ခေတ်​ထိုအခါက အင်္ဂလိပ်​စာတတ်​ဖို့မှာ လွယ်​လှသည်​မဟုတ်​။အမျိုးသမီး ​အေ-ဘီ-စီ-ဒီသင်​ရ​ကောင်းလားဟု ကဲ့ရဲ့ကြ​သော​ခေတ်​။သင်​ချင်​တိုင်းသင်​ရ​အောင်​လည်း အင်္ဂလိပ်​​ကျောင်းကမ​ပေါများလှ။စရိတ်​စက အကုန်​အကျကလည်းများလှသဖြင့်​ ​တော်​ရုံလူမသင်​နိုင်​။၁၉၀၆ခုနှစ်​တွင်​ ​ဒေါ်​စောဆသည်​ သာသနာပြု​ကောလိပ်​မှ အက်​ဖ်​​အေ စာ​မေးပွဲကို​အောင်​မြင်​ခဲ့သည်​။အသက်​၂၂နှစ်​အရွယ်​တွင်​​အောင်​မြင်​ခဲ့ခြင်းဖြစ်​သည်​။ထိုအချိန်​တွင်​ ယူနီဗာစီတီးကား မရှိ​သေး။ကောလိပ်​သာရှိသည်​။
အက်​ဖ်​​အေ ​အောင်​ပြီး​သော်​ ​ဒေါ်​စောဆသည်​ ငါးနှစ်​အကြာတွင်​ ​ဆေး​ကောလိပ်​မှ အယ်​လ်​အက်​စ်​အမ်​ ဘွဲ့ကို ၁၉၁၁ခုနှစ်​တွင်​ရရှိခဲ့သည်​။ရိုးရိုးဘွဲ့မျိုးမဟုတ်​ဘဲ ​ဆေးသိပ္ပံပညာနှင့်​​ဆရာဝန်​အတတ်​ကို တတ်​​မြောက်​ထားခြင်းမှာ ထို​ခေတ်​ထိုအခါက အလွန်​ထူးခြားလှသည်​။နောက်​တစ်​နှစ်​ ၁၉၁၂ခုနှစ်​တွင်​ အက်​ဖ်​အာရ်​စီဟူ​သော ရခဲလှသည့်​ဘွဲ့ထူးကို ​တော်​ဝင်​ ​ဆေးပညာ​ကောလိပ်​မှ ပထမဦးဆုံး မြန်​မာအမျိုးသမီးအ​နေနှင့်​ဆွတ်​ခူးရရှိခဲ့​လေသည်​။မြန်​မာအမျိုးသမီးများထဲမှ ​ဒေါ်​စောဆသည်​ ထိုဆုကိုပထမဦးဆုံးရရှိခဲ့သည့်​အတွက်​ နိုင်​ငံ၏ကျက်​သ​ရေ​ဆောင်​လည်းဖြစ်​သည်​။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62861.17
ETH 2466.09
USDT 1.00
SBD 2.67