ပဆလ

in #esteem6 years ago

ရှာနိုင်​ရင်​ရှာ​ပေါ့ ချက်​တီးရယ်​# header
မြန်မာနိုင်ငံဟာ အမျိုးသမီးအခွင့်အရေး အတော်ရတဲ့နိုင်ငံလို့ ပြောရမယ်။
မနေ့က သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာပြောဖို့ လေ့လာတော့ ဥပဒေမှာပါတဲ့တစ်ချက်ကို သတိထားမိတယ်။
မိမိရဲ့ ကာမပိုင် မိန်းမဖြစ်လင့်ကစား
အမျိုးသမီးက အလိုမတူဘဲ လိင်ကိစ္စပြုလုပ်ရင်
ထောင်ဒဏ်နှစ်နှစ်ထိ ချလို့ရသတဲ့။
နည်းနည်းတောင် အံ့သြသွားတယ်။

အမျိုးသမီးတစ်ဦးဟာ မိမိကို ကျူးကျော်စော်ကားလာရင် ကာကွယ်ခွင့်ရှိတယ်။ တစ်ချက်ထက်မပိုဘဲ ဓါးနဲ့ထိုးရင်တောင် ခုခံကာကွယ်ခွင့်အနေနဲ့ အပြစ်ကလွတ်နိုင်တယ်ဆိုပဲ။
အိနြေ္ဒပျက်အောင် နှုတ်နဲ့ စနောက်ရင်တောင်
ထောင်ဒဏ်ငွေဒဏ် ချလို့ရတယ်တဲ့။
ဘာပဲဖြစ်ဖြစ် ခြုံငုံပြောရရင် မြန်မာ့ဥပဒေမှာ အမျိုးသမီးတွေကို ကာကွယ်ပေးထားတယ်လို့ ဆိုလို့ရတယ်။

ဒါပေမယ့် ပြင်ပလောကမှာကျ သိပ်မဟုတ်ပြန်ဘူး။
အကာအကွယ်ပေးတဲ့ ဥပဒေဟာ စာအုပ်ထဲမှာပဲ ရှိနေပြီး မြန်မာ့လူမှုအသိုက်အဝန်းရဲ့ Mindsetမှာကျ အမျိုးသမီးတွေကို Second Sexအနေနဲ့ပဲ သဘောထားကြတာမျိုးတွေ။
မဟာဖိုဝါဒီ သိပ်ပြင်းထန်တဲ့ ဟင်ဒီအယူအဆက ကူးလူးဆက်နွယ်လာတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းခံထားရတာမျိုးတွေ။

ယောက်ျားအိပ်ပြီးမှ အိပ်ရမယ်တို့
ယောက်ျားမနိုးခင် အိပ်ရာထရမယ်တို့
ယောက်ျားကို ပြုစုရင် နတ်ပြည်ရောက်တယ်တို့
စတဲ့ ဂျင်းတွေ အများကြီးပါသေး။

မုဒိမ်းမှု ကျူးလွန်ခံရရင်တောင် ကျူးလွန်ခံရတဲ့ အမျိုးသမီးကို ဘယ်လိုဝတ်ထားလဲမှ မသိတာတို့
ဘယ်လိုမြှူဆွယ်လဲမှ မသိတာတို့ စတဲ့ Victim Blaming တွေကို အမျိုးသမီးတွေကပါ ပျော်ပျော်ကြီး ကျူးလွန်နေကြတာ တွေ့ရတယ်။

ဥပမာ- ဒီရက်ထဲ ဟော့နေတဲ့ ငါးသိန်းတန်ကိစ္စ။
စနိုက်မဘက်က ပြောစရာ ဘာအကြောင်းမှ မရှိပါနော်။
ပြောချင်တာက Genderနဲ့ ပတ်သက်ပြီး ခွဲခြားကြတဲ့ကိစ္စပါ။
အမျိုးသားက ဖောက်ပြန်တယ်။
မယားကြီးက သိသွားတော့ အဲ့အမျိုးသားက ငါးသိန်းပေးပြီး စော်ခေါ်ချတာပါလို့ ပြောတယ်။
မယားကြီးက စနိုက်ကြော်ကို ပိုစ့်တင် အရှက်ခွဲတယ်။
အဲ့ယောက်ျားရဲ့ အမျိုးတွေက မယားကြီးကို နင်တာဝန်မကျေဘဲ ကလပ်တကာယွနေလို့ ယောက်ျားက ဖောက်ပြန်တာလို့ လက်ညှိုးထိုးတယ်။ ပိုစ့်တွေတင်တယ်။
ထားပါ... ဒါ သူများကိစ္စ။
ဒါမျိုးတွေက ဖေ့စ်ဘုတ်ပေါ်မှာ အများကြီး။
နေ့တိုင်းဖြစ်နေတာ။ အခုက ကောင်မလေးကလှတပတလေးမို့ လူသိများသွားတာ။

ကိုယ်သတိထားမိတာ Hightlightလုပ်ချင်တာက
ဒီကိစ္စမှာ စနိုက်ကြော်ကလည်း ငါးသိန်းတန်ဆိုပြီး ပက်ပက်စက်စက်အဆဲခံ အပြောခံရပြီး အရှက်ကွဲသလို
မယားကြီးကလည်း လင်အပေါ် ကလေးအပေါ် တာဝန်မကျေဘဲ ကလပ်တကာပတ်ပွေနေတဲ့ မိန်းမအဖြစ် အရှက်ကွဲတယ်။
ဖောက်ပြန်တဲ့ သကောင့်သားရဲ့ အခန်းကဏ္ဍက ပျောက်နေတယ်။
အလိုတူအလိုပါ ဖောက်ပြန်ပြီး တွဲနေတဲ့ကိစ္စကို မယားကြီးက မိမှ ငါးသိန်းနဲ့ စော်ခေါ်ချမိတာဆိုပြီး သာသာလေး ရှောင်ထွက်သွားတယ်။
ဘယ်သူကမှလည်း ယောက်ျားပဲဆိုပြီး အပြစ်တင်စရာလို့ မထင်ဘူး။
အချို့ဆို စိတ်ထဲကနေ သားကြီး ပိုင်သကွာလို့တောင် ကျိတ်အားကျနေကြဦးမယ်။

ဆိုလိုချင်တာက မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးဖြစ်နေတာနဲ့တင် ကိစ္စရပ်တိုင်းမှာ
ပိုအပြစ်ရှိနေသူကြီးလို သတ်မှတ်ထားကြတာကို
Highlight လုပ်ချင်တာပါ။
အပြစ်လုပ်ရင် အပြစ်ရှိတာပေါ့။ ဒါသဘာဝပါပဲ။
ဒါပေမယ့် ပုံစံတူအပြစ်တစ်ခုကို အမျိုးသားက ကျူးလွန်ရင် ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ယောက်ျားသဘာဝဖြစ်ပြီး
အမျိုးသမီးက ကျူးလွန်ရင် အင်မတန်မှ ဂုဏ်သိက္ခာမဲ့လှသော စုတ်ပြတ်ရစရာမရှိအောင် ဘဝပျက်သွားအောင် ပြောဆိုကြတယ်။

အဲ့တော့ ဒီနိုင်ငံမှာ ဥပဒေအရ အမျိုးသမီးတွေကို ကာကွယ်ပေးထားပါလျက်
စိတ်ဓါတ်တွေအရတော့ အမျိုးသမီးတွေဟာ ဖိနှိပ်ခံအနေအထားပဲ ရှိနေသေးတာမို့
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုမိုတောက်ပြောင်အောင် ကြိုးစားနေထိုင်ကာမှ တော်ကာကျမယ်။
အတော်များများအနေမှန်ရင်တောင် ခြေတစ်ချက်ချော်တာနဲ့ တဆုံးဆွဲချတတ်တဲ့ လူမှုပတ်ဝန်းကျင်မှာ
ဂုဏ်သိက္ခာအနေနဲ့ရော အရည်အချင်းအနေနဲ့ရော
ထိန်းသိမ်းပျိုးထောင်ဖို့ လိုအပ်တယ် ထင်တာပဲ။
(ငှယ့်... ကြက်စွပ်ပြုတ်တွေ ဆန်လက်ထှာဆွာ 😂😂)

အဲ့တော့ မမများ
အားနေရင် အားနွဲ့သူပါရှင်ဆိုပြီး အီကြာကွေးလုပ်နေမယ့်အစား
လှအောင်နေ ကျော့အောင်ဝတ် တော်အောင်ကြိုးစားပြီး
ကိုယ့်ဘဝကိုယ် ကိုယ်မွေးမြူကြရအောင်လို့
တီတီပန်က Bellaကူရှင်လေးပုတ် အလှပြင်ရင်း တိုက်တွန်းလိုက်ရပါတယ်လို့...

(ဟီး.... မနေ့က ကွီးတို့အတွက် ရေးပေးထားတယ်နော်
မဆဲကြေး 😁😉😉)
ခွက်​ဒစ်​-ပဆလ

Sort:  

တင်​ချင်​ရာတင်​သည်

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 56036.67
ETH 2503.85
USDT 1.00
SBD 2.26