ဂျင်းပုံပြင်

in #esteem8 years ago

ဂျင်းပုံပြင် -----
&&&&&&&&&&&&&
တစ်ချိန်တစ်ခါတုန်းက ---
ဒီပုတ်ကြီးတစ်ခုထဲတွင် ဒီဂျ င်းများရှိကြလေ၏။
တစ်ချို့ ဂျင်းများက အတက်ကြီး၍ အလုံးလှကြ၏။
တစ်ချို့ ဂျင်းများမူကား ပိန်လှီသေးကွေး၍ ညှက်ကြ၏။
အချိန်တန်သောအခါ ---
ကုန်သည်ပွဲစားများရောက်လာကြပြီးလျှင်
ဈေးဖြတ်ဝယ်ယူကြကုန်လေ၏။


အတက်ကြီးသော ဂျင်းများကိုမူ ၄၉၀ - ၅၀၀ ကျော်ပေး၍
ဈေးဖြတ်ကြပြီးလျှင် အကောင်းစားအိပ်များထဲသို့
ထည့်၍ မြို့လယ်ခေါင်ရှိ ဈေးကြီးထဲသို့ တင်ပို့လေ၏။
ပိန်လှီသေးကွေးသော ဂျင်းများကိုမူကား ၂၄၀ နှင့် အထက်သာ ဈေးဖြတ်ကြကုန်၍
မြို့စွန်လယ်တောစပ်နားမှဈေးကလေးများသို့
တင်ပို့ကြကုန်လေ၏။


ထိုအခါ ၄၉၀ - ၅၀၀ ကျော်ရသော ဂျင်းများသည်
မြို့လယ်ခေါင်ရှိ ဈေးကြီးထဲသို့လည်းကောင်း၊
၂၄၀ ကျော်ရသော
ဂျင်းပိန်ဂျင်းညှက်ကလေးများတို့သည်
မြို့စွန်လယ်တောစပ်နားမှ ဈေးကလေးများသို့လည်းကောင်း
ပျော်ရွှင်ကျေနပ်စွာဖြင့်
ထွက်ခွာသွားကြလေသတည်း။


ဈေးအသီးသီးအတွင်း ရောက်ရှိသွားကြကုန်သော
ဂျင်းကလေးများကို ဝယ်သူအသီးသီးက
လာရောက်ဝယ်ယူကြကုန်၏။


၄၉၀ - ၅၀၀ ကျော်ဂျင်းကလေးများသည်လည်း
ဟင်းချက်ရန် ပြင်ဆင်ခံရသောအခါ
အခွံနွှာ၍ ထုထောင်းခြင်းခံရသလို
၂၄၀ ကျော်ဂျင်းကလေးများမှာလည်း
ထိုနည်းတူ ထုထောင်းခံကြရကုန်၏။
ထို့ကြောင့် ဂျင်းဆိုသည်မှာ
အတက်ကြီးပြီး အလုံးလှလျှင်လည်း ဂျင်းသာဖြစ်၍
အတက်ငယ်ပြီး ပိန်လှီသေးကွေးလျှင်လည်း
ဂျင်းသာဖြစ်၏။


သို့ဖြစ်ပါ၍
မိမိတို့ကို ဂျင်းအဖြစ် ဖြစ်စေသော
သဘာဝတရားကြီးကိုလည်းကောင်း ---
ဂျင်းဆိုလျှင် ထုရထောင်းရမည်ဟု သမုတ်ထားသော
လောကဓံတရားကြီးကိုလည်းကောင်း ---
ဂျင်းတွေကို သွေးခွဲသော
တန်ဖိုးဖြတ်ကုန်သည်ပွဲစားတို့ကိုလည်းကောင်း ---
ဒီပုတ်ကြီးထဲကို ဒီဂျင်းများထည့်ခဲ့သော
အဘတို့ကိုလည်းကောင်း ----
မေတ္တာတရားသာ ပွားများကြပေကုန်လော့
ဂျင်းအမျိုးပေါင်း သူတော်ကောင်းလေးတို့ ။။။

photo from facebook18156964_1879648642308631_1958820273839907371_n.jpg

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60051.75
USDT 1.00
ETH 1521.77
SBD 0.47