Kyi Couple

in #esteem6 years ago

လွတ်လပ်ရေးကြိုးပမ်းမှုအတွက် စတင်ခဲ့
ကြစဉ်တုန်းက လည်း ဗိုလ်ချုပ်ကို အရူးလို့
ပြောခဲ့ကြသလို လူကုံထံအသိုင်းအဝိုင်းက
နှာခေါင်းရှုတ်ခဲ့ကြဘူးတယ့်။

ဒါဟာ မြန်မာ လူ့အသိုင်းအဝိုင်းအတွက်
အစဉ်အလာတစ်ခုလို့တောင် ပြောလို့ရနိင်သလိုဘဲ။
အာရှမှာ အစောဆုံးစက်မှုနိုင်ငံထူထောင် ပြီး
အင်္ဂလန် နဲ့ဥရောပ ကို ယှဉ်နိုင်ဘို့ စက်မှုလုပ်ငန်း
တွေနဲ့မြေမြုပ်ဗုံးတွေတီထွင်ခဲ့တဲ့ကနောင်မင်းသားကြီးတုန်းကလည်း မလိုသူတစ်သိုက်က့

ဘာသာတရာနဲ့မတော်တဲ့ အကုသိုလ်လုပ်ငန်းတွေ လုပ်နေကြတာပါ ဖျာ့ လို့မင်းနားတော်
ရောက်အောင်လျောက်ပြီး ကန့်ကွက်ရှုတ်ချကာ့
နောက်ဆုံးတော့ အသက်ကိုပါ နုတ်ယူပစ်လိုက်ကြတယ့်

ဒီ မကောင်းတဲ့အမူအကျင့်တွေကဘဲ့ မြန်မာလူမျိုးတွေအတွက်သူများနိုင်ငံတွေထက့်
အခုနောက်ပိုင်းကာလ တွေမှာ
ဆင်းရဲတွင်း နက်သထက် နက်စေခဲ့သလို့
ကြွေးတွေ လည်ပစ်နစ်စေခဲ့ ကာ့
ကမ္ဘာ့စည်းဝိုင်းရဲ့အပြင်ဖက်ကိုရောက်ခဲ့ပြီး
အရာရာ နောက်ကောက်ကျနေခဲ့ရတာ့အခုထိ
မျိုးဆက် ဘယ်နှဆက်မှန်းတောင် မရေတွက်
နိုင်ခဲ့တော့ဘူ့း့

အင်းဝ့ဟံသာဝတီ အနှစ် ၄၀ ပြည်တွင်းစစ်မီး
ကတည်းက စခဲ့တဲ့ အချင်းချင်းတိုက်ခိုက်ကြတဲ့
တိုက်ပွဲတွေကလည်း ခုထိမရပ်စဲသေးသလို့
ငြိမ်းချမ်းရေးလမ်းစနဲ့လည်း ဝေးကွားနေဆဲဘဲ။

တစ်ဦးကောင်းရင် တစ်ယောက်မနာလို မုဒိတာ
မပွားနိုင်တဲ့လူ့ဝန်းကျင်အကြားမှာ ကိုယ်ကျိုး
အတ္တတွေကိုသာ ရှေ့တန်းတင်ရှာဖွေကြရင်း
ကိုယ်သာထင်ပေါ်လိုတယ် ကိုယ်သာချီးမြောက်ခံ
ချင်တယ့်ကိုယ်သာ ပထမနေရာက လိုချငိကြတယ့်

ဒီလိုနဲ့အသားကျ ပုံစံမပြတ် ခပ်ပေါ့ပေါ့ နေလာတဲ့လူ့ဝန်းကျင်အသိုင်းအဝိုင်အကြားမှာ
နေရာသစ်ဝန်းကျင်သစ် ပြောင်းလဲမှု ကို
ရှာဖွေဖော်ထုတ်ကျင့်ကြံ တဲ့သူပေါ်လာရင်တော့

ဒီလူဟာ တမူထူးတဲ့သူအဖြစ် အရူးလို့သာ
သတ်မှတ်ခဲ့ကြရင်း နေရာပေးဘို့ဝေးစွ့
အောက်ဆုံးအထိကိုပါ မကျကျအောင်လည်း
ဆွဲချပစ်ကာ ဟားတိုက်ရယ်မောပစ်လိုက်ကြ
ဘို့ ဝန်မလေးတတ်ကြဘူ့း့

ချီးထဲမှာ ပျော်တဲ့လောက်တွေလိုမျို့းဝါးလုံး
ခေါင်းထဲလသာကြရင်း အဂတိ လဘ်ပေးယူမှု အလဟသ အချိန်ဖြုန်းမှုကိုယ်ကျိုးစီးပွားရှာမှုတွေနဲ့သာ
အသက်တွေကြီးသွားကြတယ် နှောင်းလူတို့အတွက့်
လူ့ဝန်းကျင်အတွက် အနာဂတ်မျိုးဆက်သစ်တွေအတွက်
ပြောင်းလဲတိုးတက်မှုတစ်စုံတရာ သူတို့ဖော်ဆောင်
မသွားနိုင်ကြရှာဘူး

အိုးမဲ အသုတ်ခံထားရမှန်းမသိကြရလောက်တဲ့အထိ
သူ ငါ မခွဲခြားနိုင်တော့ဘဲ သူများအလိုကျသာ
အိမ်ကြက်ချင်းပြန်ခွပ်ကြရင့်း

#credit image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54260.52
ETH 2284.10
USDT 1.00
SBD 2.30