အရွယ်ဆိုတာ

in #esteem8 years ago

အရွယ်က စကားပြောခြင်း

အောင်မြင်မှုထက်
ငြိမ်းအေးခြင်းကို ပိုခုံမင်တတ်လာတဲ့အရွယ်
တက်ကြွခြင်းထက်
တည်ငြိမ်မှုကို ပိုနှစ်ခြိုက်လာတဲ့ အသက်
အတွေးတွေကို ခေါင်းစဉ်ပြောင်းတပ်ကြည့်ရင်း
စိတ်ကို စိတ်နဲ့တင် ကျေနပ်နေခဲ့ပေါ့။

လောဘ ဒေါသ မောဟတွေက နိုင်စရာလား
နားလည်စရာလား၊
မနိုင်ရုံနဲ့တော့ မရှုံး
နားမလည်ရင်တော့ အသိ သတိပါ ဆုံးရချည့်။

ဥစ္စာဓနဆိုတာ
တပါးသူအပေါ် မူတည်
စိတ်ချမ်းသာခြင်းဆိုတာ
မိမိကိုယ်ကိုသာ ပဓာန
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေရဲ့ ပြင်ပမှာ
တစ်ကိုယ်စာ လုံခြုံနွေးထွေး
ဘဝအရေးမှာ
ဓမ္မအတွေး အကောင်းမြင်တဲ့ မူနဲ့
လ ရေးနှစ်ချောင်းငင်ကွယ့်
လူ. . .။
ငြိမ်းသဇင် (ပညာရေး)image

Sort:  

Upvoted ☝ Have a great day!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 64180.37
ETH 1908.22
USDT 1.00
SBD 0.38