တရုတ်နဲ့ ပတ်သတ်ပြီး အထင်မှားနေတာလေး တစ်ခုရှိတယ်…

in #esteem7 years ago

တရုတ်နဲ့ ပတ်သတ်ပြီး အထင်မှားနေတာလေး တစ်ခုရှိတယ်…

ဦးဇေရေ… ပြောပြရဦးမယ်… ဟိုနေ့က အသိတစ်ယောက်နဲ့ တွေ့တော့ သူက ပြောပြတယ်… တရုတ်အလုပ်သမားတွေ ဒီက Construction မှာ လာလုပ်နေတယ်ဆိုပဲ… ကိုကို ထင်လိုက်တာက Engineer တွေ လာလုပ်တာ… ပညာရှင်တွေဆိုပြီး… မဟုတ်ဘူးတဲ့… Construction Worker တွေတဲ့… အံ့အားသင့်မိတယ်… တစ်ချိန်တည်းမှာပဲ ဒေါသလည်းထွက်မိတယ်… ကိုယ်လူမျိုးတွေ အတွက်တောင် အလုပ်အကိုင်အခွင့်အရေးက ရှားပါးနေတာ… အခုတော့ ဝေစု ခွဲပေးနေကြရပြီ… ဒီလို အခြေခံ အလုပ်လောက်တော့ ကိုယ့်လူတွေလည်း လုပ်နိုင်တာပဲဆိုပြီး… နောက်တကယ်တမ်းပြန်စဉ်းစားတော့ စိတ်မကောင်းလည်း ဖြစ်မိတယ်… သူပြောပြတာ Skill တွေ ကွာနေတယ်တဲ့လေ… ကွာဆို… သူတို့ဆီမှာ သင်တန်းကျောင်းတွေ နဲ့ အစိုးရက အားပေး အားမြှောက် တွန်းပို့ပေးနေတာကို… ကိုယ်တွေမှာတော့ မိရိုးဖလား ဖြစ်သလို လုပ်ကိုင်နေကြတာဆိုတော့ ကွာပြီပေါ့… အင်း… စိတ်မကောင်းတာကလွဲပြီး… ဘယ်ကနေ ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ပါဘူး…

တိုက်တိုက်ဆိုင်ဆိုင်ပဲ… Apple ရဲ့ CEO, Tim Cook ရဲ့ Video လေး ကြည့်လိုက်ရတယ်… တကယ် သဘောကျမိတယ်… အဲ့ဒါနဲ့ အားလုံး အဆင်ပြေအောင်… ဘာသာ ပြန်ပြီး ရေးပေးလိုက်တယ်…

Tim Cook: “ တရုတ်နဲ့ ပတ်သတ်ပြီး အထင်မှားနေတာလေး တစ်ခုရှိတယ်… အဲ့တော့ ကျွန်တော့် အမြင်လေးကို ပြောပြပေးချင်တယ်… တရုတ်ပြည်ကို ကုမ္ပဏီတွေ ရွေ့ပြောင်းလုပ်ကိုင်နေကြတာဟာ အလုပ်သမားခ သက်သာလို့ အများစုက ထင်ကြတယ်…

သူတို့ တရုတ် ရဲ့ ဘယ်ပြည်နယ်မှာ သွားလုပ်တယ်တော့ မသိဘူး… အမှန်က တရုတ်ပြည်မှာ အလုပ်သမားခ သက်သာတယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်း မရှိတော့တာပါ… ဈေး သက်သာလို့ လာလုပ်ကိုင်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး…

ဘာကြောင့်လာကြတယ်ဆိုတော့ လုပ်ရည်ကိုင်ရည် အရည်အချင်း ကြောင့်ပါ… တစ်နေရာတည်းမှာ အရည်အသွေး ရှိသူ၊ လုပ်ကိုင်နိုင်သူ အများအပြား ရှိတာရယ်၊ တကယ်လည်း လုပ်နိုင်တာရယ်ကြောင့်ပါ…

ကျွန်တော်တို့ ပစ္စည်းတွေကို (iPhone, iPad etc.) ထုတ်လုပ်နိုင်ဖို့ဆို… တကယ်ကို ခေတ်မှီတဲ့ စက်ပစ္စည်းတွေ၊ တိကျ သေချာမှုတွေ၊ အဲ့ဒီ စက်ပစ္စည်းတွေကို ကျွမ်းကျင်စွာ ကိုင်နိုင်မှုတွေ အများကြီးလိုအပ်လာတယ်… အမေရိကားမှာဆိုရင်တော့ ဒီလို ကျွမ်းကျင်တဲ့ စက်ပစ္စည်းကိုင် အင်ဂျင်နေယာတွေကိုဆို အခုဟောပြောပွဲလုပ်နေတဲ့ အခန်း ပြည့်အောင် တောင် လူစု နိုင်ပါ့မလား မသေချာဘူး… တရုတ်ပြည်မှာကြတော့ ဘောလုံးကွင်း ပေါင်း များစွာလောက်ကို ဖြည့်နိုင်တယ်… တကယ့်ကို အသက်မွေးဝမ်းကြောင်း တစ်ခုလို သေသေချာချာကို လုပ်ကြတာ…

ကျွန်တော်ကတော့ တရုတ်ရဲ့ ပညာရေးစနစ်ကို ပဲ ချီးကျူးမိပါတယ်… အခြား နိုင်ငံတွေမှာ ဒီလို အသက်မွေးလမ်းကြောင်းမှုတွေကို စူးစိုက်မှုလျော့ကျ လာနေတဲ့အချိန်မှာ သူတို့က အဲ့ဘက်ကို တောက်လျောက်ဆိုသလို အားပေးခဲ့တယ်… တွန်းခဲ့တယ်…

အခုတော့… ကျွန်တော်ထင်ပါတယ်… ကမ္ဘာနိုင်ငံ အတော်များများကတော့ အခုမှ တရေးနိုးပြီး “ဟာ… ဒီလို အသက်မွေးဝမ်းကြောင်းအလုပ်တွေက အရမ်းအရေးကြီးတယ်… လမ်းမှန်အောင် လုပ်ရမယ်” လို့ ထအော်နေကြပြီလေ… ဒါပေမယ့် တရုတ်ကတော့ အစကတည်းက နည်းလမ်းမှန်ခဲ့တယ်လေ…”

ဦးဇေရေ… ကိုယ်တွေလည်း တရေးနိုးသင့်ပြီလေ… အမှန်တော့ တရေးနိုးပြီးလို့ ကော်ဖီ ၁၂ ခွက်နဲ့၊ ကျွဲရိုင်း ၁၆ လုံး လောက်တောင် သောက်ထားပြီး သင့်ပြီ… လိုအပ်ရင် မျက်စိထဲပါ သံပရာသီး ညှစ် ထည့်ထားစေချင်တာ… အမှီလိုက်ဖို့လေ…

အခုတော့… ဆက်အိပ်လို့ ကောင်းနေတုန်းသလား မသိပါဘူး… ဦးဇေရေ…

ဝမ်းနည်းစွာနဲ့...

ကိုကို
image

Video Ref: https://www.facebook.com/FortuneMagazine/videos/10155596353037949/

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68244.61
ETH 2640.30
USDT 1.00
SBD 2.69