Story
Credit:photo
ရဲစခန်းတွင်
မှောင်ရိပ်ခိုမှုဖြင့် သံသယ ရှိသူ တစ်ဦးကို
ရဲက စစ်မေးသည်
" မင်း နာမည် ပြော "
" မင်း.ဖေ "
" ဟျောင့် -မနာချင် ကောင်းကောင်း ဖြေနော်
- ပြော မင်းနာမည် "
" မင်း.ဖေ လို့ "
" ဟာ ငိုးမသား- ကောင်းကောင်း ဖြေပါ ဆိုတာကို -ကဲကွာ "
" ဖောင်း "
" အ "
ရဲက စိတ်မရှည်စွာ နရင်း ထ အုပ်သည်
လူရွယ်က နားမလည်စွာ ငိုမဲ့မဲ့ဖြင့် ပြောသည်
" ဘာလို့ ရိုက်တာလဲဗျ -ကောင်းကောင်း ဖြေနေတာကို "
" မေးတာကို -ယီးမို့ "မင်းအဖေ မင်းအဖေ" လို့ ဖြေနေတာလား ?"
" ဟုတ်တယ်လေဗျာ -ကျတော့်နာမည်က "မောင်မင်းဖေ "ပဲ ဟာကို "
" အမ် -မင်းဖေ "ဟုတ်လား -ငိုးမ နာမည်ကလည်း ယီးလိုပဲ "
ရဲက စာအုပ်တွင် မှတ်လိုက်ပြီး
" အဖေ "
" ဟေ "
" ဟျောင့် --"
" ဘာလဲ ! -ကျတော့်ဖာသာ လေချင် တက်တာကို "
" အဖေနာမည် ပြော "
" မင်း.ပထွေး "
" ဟေ့ကောင် -မင်း သေချင်နေပြီလား -မေးတာကို ကောင်းကောင်းဖြေလို့ - ပြောနေတဲ့ဟာကို - ပြော မင်းအဖေ နာမည် "
" မင်း.ပထွေး လို့ "
" ဟာကွာ -"
" ကဲ "
" ဖြောင်းး"
" အားလားလား "
ရဲက စိတ်မရှည်စွာ ထ တီးပြန်သည်
လူရွယ်က ခေါင်းလေးပွတ်ရင်း ငိုမဲ့မဲ့ဖြင့် ပြောသည်
ဘာလို့ အသားလွတ် လာရိုက်နေတာလဲဗျ "
" အရိုက်မခံချင် -ကောင်းကောင်း ဖြေလေ "
" ဖြေနေတာပဲ -ကျတော့်အဖေနာမည်က "ဥိးမင်းဘထွေး "လို့ "
" ဪ -မင်းဘထွေး လို့ ပြောတာလား ?"
" ဟုတ်တယ် "
" မင်းတို့နာမည် တွေက ယီးမလို့ ရှေ့က "မင်း"တွေ ထည့်ထားရတာလဲ ?"
" ထည့်မှာပေါ့ဗျ -ကျုပ်တို့က မင်းမျိုး တွေကို "
" ဪ ဘုရင်မျိုးနွယ်တွေပေါ့ "
" ဟုတ်ပါဘူး -တစ်ဆွေလုံး တစ်မျိုးလုံး -ရှေ့က မင်း တပ်ပြီး မှည့်ထားလို့ -မင်းမျိုး လို့ ပြောတာ "
" အော်အော် မှတ်သား လောက်ပါတယ်ကွာ -
ဒါနဲ့ -နေတာက -"
" မင်းနှမရင်ခွင် "
" ဘာကွ "
" ဖြောင်းး "
" အားး "
ဒီတစ်ခါ ရိုက်ချက်က ပြင်းသည်
လူရွယ်မှာ စားပွဲပေါ်သို့ပင် ငိုက်ကျသွားသည်
ထို့ကြောင့်
စိတ်တိုစွာ ထ ရပ်ပြီး ပြောသည်
" ခင်ဗျား လွန်နေပြီနော် "
" မင်းက ယီးမလို့ -ပေါက်ကရ ဖြေလဲ ?"
" ဘာ ပေါက်ကရလဲဗျ -ကျုပ်တို့ နေတဲ့ရွာက
မင်းဘူးမြို့နယ်က မင်းနှမရင်ခွင် ကျေးရွာ ဗျ "
" ဟော်ဗျာ -မင်းတို့အမျိုးက တတ်နိုင်တတ်နိုင် ကျတယ်ကွာ -တော်တော် မင်းကြိုက်တယ် ဟုတ်လား "
" အာ့တော့ ဘယ်တတ်နိုင်မလဲဗျ -မိဘတွေ လုပ်ခဲ့တာကို "
" ကဲကဲ -ဟုတ်ပါပြီကွာ -ဒါနဲ့ မင်းက ညဘက်ကြီး မှောင်ရိပ်ထဲမှာ ဘာလုပ်နေတာလဲ ?"
" မင်း နှမကို ခိုးမလို့ "
သည်တစ်ခါတော့ ရဲက မရိုက်တော့
လူရွယ်အကြောင်းကို သဘောပေါက်သွား၍ ပြုံးပြီး ထပ်မေးလိုက်သည်
" ဪ ငါသိပြီး -"မင်းနှမ " ဆိုတဲ့ကောင်မလေးကို ခိုးပြေးဖို့ မဟုတ်လား "
လူရွယ်ကလည်း စပ်ဖြီးဖြီးဖြင့်
ပြန်ပြောသည်
" ဟီးဟီး ဟုတ်တယ်ဟုတ်တယ် -မင်းနှမကို ခိုးမလို့ စောင့်နေတာ "
ထိုအခါ
ရဲကလည်း သမီးရီးဇား ကိစ္စကို နားလည်စွာဖြင့်
" အေး -ဒီတစ်ခါတော့ မင်းတို့ချစ်ခြင်းကို မခွဲချင်လို့ ပြန်လွတ်ပေးလိုက်မယ် -ဟုတ်ပြီလား"
လူရွယ်လည်း ကျေးဇူးတင်စွာဖြင့်
" ဟုတ်ကဲ့ ကျေးဇူးပါ ခင်ဗျ -မင်းနှမကို သွားခိုးမလို့ ခွင့်ပြုပါအုံး "
" အေးအေး -ပါအောင်လည်း ခိုးအုံးနော် ဟားဟား "
ရဲက တဟားဟားဖြင့်
သဘောကျစွာ ရယ်မောရင်း ကျန်ခဲ့လေသည်
သို့နှင့်
နောက်တစ်နေ့ နံနက်ရောက်သော်
ရဲဖြစ်သူ အစ်ကိုထံ
ညီမဖြစ်သူက
ဤသို့ စာရေး ထားခဲ့လေသည်
" အစ်ကို
-ညီမလေးချစ်သူနဲ့ မခွဲနိုင်လို့
-ညီမလေးချစ်သူ "ကိုမင်းဖေ" ခေါ်ရာကို ခိုးရာလိုက်သွားပါပြီ -ညီမမိုက်ကို ခွင့်လွတ်ပါနော်-" တဲ့
ကဲ အေးရော
ပြောပြီးတော့ကို ခိုးသွားတာ
😂😂😂😂😂😂😂😂😂
#Credit_လူချွန်တော်
What a fantastic work you are doing? CHEER @juliusseaser ❤
အယ်
သူခိုကြီးည့မှားသွာ့းပါ
what?
good post😂😂
good
good