"များများ​ပြောမှသိ​ပြောချင်​တာ​ပြောင်းလဲခြင်းပဲ"

in #esteem6 years ago

အ​ကောင်းအဆိုးကို​ဝေဖန်​​နေမဲ့အစား​ကောင်​​ကောင်​​အောင်​ လိုက်​နာ​ဆောင်​ပ..။
ပါးစပ်ထဲမှာ နေနေရတော့ မနက် အိပ်ရာထတဲ့အခါ သွားမှာ အနွေးဓာတ်ရှိနေတယ်။ ဒါကို ချက်ချင်း ရေအေးနဲ့ထိရင် သွားမြန်မြန်ကျိုးပဲ့တတ်တယ်လို့ ကြားဖူးတယ်။ဒီတော့ ပထမဆုံး မပူမအေး ခပ်နွေးနွေးရှိတဲ့ ရေနဲ့ မျက်နှာကို အရင်သစ်ရတယ်။ အပူအအေးမျှတသွားပြီဆိုတော့မှ သွားတိုက်။ ဒါမှ သွားတွေခိုင်ပြီး လှမှာ။မျက်နှာကို သုတ်တဲ့အခါမှာလည်း အရမ်းမပွတ်ဘူး။ အမွေးပွပွ မျက်နှာသုတ်ပဝါနဲ့ ဖွဖွလေးဖိပြီးသုတ်တယ်။ အပေါ်ကနေ အောက်ကို ဆွဲချပြီး မသုတ်ဘဲ ပါးနှစ်ဖက်ကို ပင့်ပင့်ပြီး သုတ်တယ်။ဒါ့် ပါးရေမတွန့်အောင် ကာကွယ်တဲ့နည်းပေါ့။
ျွန်​​တော်​​ပြောချင်​တာ​တော့ဟုတ်ကဲ့.. သမီးအကြောက်ဆုံးကတော့ အရုပ်ဆိုးမှာကိုပါပဲ။သွားတွေကျိုးမှာ ကြောက်တယ်။
image

လူ​တွေဟာဆံပင်တွေဖြူမှာ ကြောက်တယ်။ မျက်စိမှုန်မှာ ကြောက်တယ်။ မျက်မှန်ကိုအမုန်းဆုံးပဲ။ မျက်မှန်သမားတွေဟာ မျက်မှန်ကို ချွတ်လိုက်ရင် သိပ်အကြည့်ရဆိုးလို့။ သမီးတို့အဒေါ်အန်တီဝင်းဆိုရင် မျက်မှန်တပ်ထားတဲ့အခါ ကြည့်ပျော်ရှုပျော် ရှိပေမယ့် မျက်မှန်ချွတ်ထားတဲ့အခါမျက်ခွံကြီးတွေ မို့အစ်ပြီး သိပ်အရုပ်ဆိုးတာပဲ။မျက်နှာသစ်သစ်ပြီးချင်း မျက်နှာကို ဘာမှမလိမ်းဘဲ ဒီအတိုင်းထားတယ်။ ဘာကြောင့်ဆို ပြီးရင်မိတ်ကပ်တွေ ဘာတွေလိမ်းပြီး တစ်နေ့လုံး နေရတော့မှာ မဟုတ်လား။ ဒါကြောင့် မျက်နှာကို ခဏလောက်
လွတ်လွတ်လပ်လပ် နေခွင့်ပြုထားတာ​ရေတစ်ခွက်သောက်ပြီးတော့ လေ့ကျင့်ခန်းလုပ်တယ်။ ကက်ဆက်ရီကော်ဒါနဲ့ လေ့ကျင့်တဲ့နည်းပေါ့။ ကက်ဆက်ထဲက ထွက်ပေါ်လာတဲ့ လေ့ကျင့်နည်းနဲ့ အမှတ်စဉ် ရွတ်ဆိုပေးတဲ့ အသံအတိုင်း လိုက်လုပ်ရတာလေ။ နာရီဝက် ကြာတယ်။ အံကိုက်ပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အချိန်မှာပဲအိမ်သာတက်ချင်လာပြီ။အိမ်သာတက်ရင်း စာဖတ်တယ်။ ရည်းစားစာ။ သိပ်တော့ အထင်မကြီးနဲ့။ သူများက သမီးကိုပေးတဲ့စာတွေကို ဖတ်တာ ပြောတာ။ တစ်ယောက်ကိုမှ စာမပြန်ဖူးဘူး။စာကတော့ တစ်နေ့ကိုအနည်းဆုံးတစ်စောင်လောက် အပေးခံရတတ်တယ်။ဒါပေါ့။အိမ်သာထက်ပိုပြီး လုံခြုံတဲ့နေရာ ဘယ်မှာရှိလို့လဲ။ ပရိုက်ဗေစီ အရှိဆုံးနေရာက အိမ်သာပဲမဟုတ်လား။
image

ပီ​တော့လူဆိုတာကကလဲသူတို့ရေးတဲ့ စာတွေက ဖတ်လို့ကောင်းတယ်။ တချို့ စာအရေးအသား ကောင်းတဲ့လူဆိုရင် ဖတ်နေရင်းနဲ့ မျက်ရည်တောင်လည်လာတယ်။ ရယ်ရလွန်းလို့။ သူတို့စာတွေကို အိမ်သာထဲမှာဖတ်တာ သိရင်ဒေါကန်ကြမလား မသိဘူး။ ဒါပေမယ့် သမီးတို့အိမ်သာက သန့်ပါတယ်။ တစ်နေ့နှစ်ကြိမ် ပိုးသတ်ဆေးနဲ့ဖျန်းတာပဲ။ အနံ့အသက်ပျောက် ဆေးခဲလည်း ရှိတယ်။အိမ်သာကထွက်တော့ ရေချိုးတယ်။ ဆပ်ပြာ သုံးခါတိုက်တယ်။ အကြိုက်ဆုံး ဆပ်ပြာအမျိုးအစားကတော့ကာမေပဲ။ ရေချိုးတာ နာရီဝက်လောက် ကြာတယ်။
ပြီးတော့ မနက်စာစားတယ်။ အစားအသောက်ကို ဂရုစိုက်ရတယ်။ ဝမလာအောင်လို့လေ။ ဒါကြောင့်ကျိုင်းတုံပေါင်မုန့်တစ်ချပ်ကို ထောပတ်ပါးပါးလေး သုတ်ပြီး စားတယ်။ ကြက်ဥ မကျက်တကျက်ပြုတ်တစ်လုံး စားတယ်။
image

ဘေ​တွေဖြစ်​ဖြစ်​​​ကော်ဖီ အချိုပေါ့ပေါ့တစ်ခွက် သောက်တယ်။ ဒါပဲ။ဒ​ပေမဲ့တကယ့်​ကိုအလှပြင်တဲ့အခါ အချိန်ယူပြီး ကျကျနန ပြင်တယ်။ အလှပြင်တဲ့ ပစ္စည်းကိရိယာမျိုးစုံလည်း ရှိတယ်။ အားလုံး နိုင်ငံခြားဖြစ်တွေချည်းပဲ။ စိတ်ညစ်ဖို့အကောင်းဆုံးက အဝတ်အစား ရွေးရတာ။ လွယ်လွယ်လေး မမှတ်နဲ့။ အဆင်ကို ရွေးရတယ်။ အသားကို ရွေးရတယ်။ အရောင်ကို ရွေးရတယ်။ ပုံစံကို ရွေးရတယ်။ အင်္ကျီနဲ့ထဘီကို ဝမ်းဆက်ဝတ်မှာလား၊ အရောင်ကွဲ အဆင်ကွဲဝတ်မှာလား ရွေးရတယ်။ ပြီးတော့တစ်ခါ ဖိနပ်၊ လွယ်အိတ်၊ ထီးတို့နဲ့ လိုက်အောင်လည်း ညှိရတယ်။ ကဲ.. အားလုံး ညီညွတ်လှပဖို့ လုပ်ရတာ ဘယ်လောက်လက်ဝင်သလဲ။တွ လျှောက်လုပ်သွားတာ၊ အမယ်လေး.. သူများတွေက ထွင်တာမှတ်လို့ လိုက်လုပ်ကြပါ။အလှပြင်​သက်​သက့်​ဘဝကိုအဆုံးမသတ်​ရပါ​ပြောချင်​ပါတယ်​။

photo credit-google

Sort:  

အမှန်​ပါပဲ...လူဆိုရနာရ​သေရတာချည်းပါပဲ မြဲတယ်​ဆိုတာမရှိပါဘူး..

ခက်​တဲ့ဟာကိုလူ​တွေကပိုလုပ်​ချင်ကြတယ်

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 57941.45
ETH 2579.63
USDT 1.00
SBD 2.39