ဘဝခရီးလမ်း

in #esteem6 years ago

အ​ဖေမရှိ​သော မိန်းမ..
အစ်​ကိုမရှိ​သော မိန်းမ..
ခင်​ပွန်းမရှိ​သော မိန်းမ..
အဲ့ဒီသုံးချက်​နဲ့​လျှောက်​​နေတဲ့..
မိန်းမတစ်​​ယောက်​ရဲ့ခရီးလမ်းက..
ကြိုးတံတားတစ်​ခုနဲ့တူတယ်​..
ဟန်​ချက်​မပျက်​ဖို့အတွက်​က..
ကိုယ်​ကိုယ်​တိုင်​ထိန်းသိမ်းနိုင်​ရမှရမယ်​..
အဲ့ဒီ အတွက်​..
ဟန်​ချက်​ပျက်​​အောင်​ တိုက်​ခတ်​လာတဲ့​..
လေ​တွေကိုလည်း အပြစ်​တင်​ဖို့အချိန်​​ပေးလို့မရဘူး..
မငြိမ်​သက်​တဲ့ခရီးလမ်းကိုလည်းရပ်​ပစ်​လိုက် လို့မရဘူး..
အားနွဲ့သူရယ်​လို့မညှာတာတတ်​တဲ့မုန်​တိုင်း​တွေရှိ လာရင်​​တောင်​..
သည်းခံခြင်း​ဆိုတဲ့ကြိုးနဲ့ ..
ခန္ဓာကိုယ်ကိုတံတားမှာချည်​ရင်း..
ရင်​ဆိုင်​နိုင်​ဖို့လည်းကြိုးစားပစ်​ရမယ်​..
ကြိုးတံတားရဲ့အဆုံး​သတ်​မှာ ..
ကောင်းခြင်းနဲ့ဆိုးခြင်းတခုခု​​ထပ်​ရှိနေ​စေဦး..
ဒီခရီးလမ်းကိုလွန်​​မြောက်​ပြီးမှ​တော့..
ဒီထက်​ပိုပြီး ယိမ်းယိုင်​သွားဖို့မရှိတော့ပါဘူး..
image
Credit###လဲ့ယမင်း​အေး

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66426.55
ETH 3459.91
USDT 1.00
SBD 2.62