ဥတုရာသီ

in #esteem6 years ago (edited)

"ဥတုရာသီ ​တောကို မှီ၏၊ ​တော​တောင်​ စိမ်းမှ စမ်း​ရေရ၏ "တဲ့။ ကျ​နော်​တို့ ငယ်​ငယ်​က စာသင်​ခန်းထဲမှာ သင်​ခဲ့ဖူးတဲ့ ဆိုရိုး​လေး တစ်​ပုဒ်​ပါ။
တော​တောင်​ရဲ့စိမ်းလန်းရှင်​သန်​မှုနဲ့ သဘာဝစိမ့်​စမ်း​ရေတို့ အပြန်​အလှန်​ထိန်း​ကျောင်းမှု ရှိတဲ့အ​ကြောင်း​လေးကို ​ရေးထားတာ ဖြစ်​ပါတယ်​။သစ်​ပင်​တစ်​ပင်​စိမ်းလန်းစိုပြည်​​နေ​စေဖို့ ​တောထဲ​တောင်​ထဲမှာဆိုရင်​ စိမ့်​​ရေစမ်း​ရေကပဲ အ​ထောက်​အကူဖြစ်​သလို စိမ့်​​ရေစမ်း​ရေ​တွေ ​ပေါ​ပေါများများ စီး​နေနိုင်​ဖို့ကလည်း ​တော​တောင်​​သစ်​ပင်​​တွေ အုပ်​ဆိုင်း ကြီးထွား​နေဖို့လိုအပ်​ပါတယ်​။ image
ကမ္ဘာ​ပေါ်မှာ လူသား​တွေမရှိပဲ သဘာဝပတ်​ဝန်းကျင်​က ရှင်​သန်​နိုင်​ပါတယ်​။ လူသား​တွေက​တော့ သဘာဝပတ်​ဝန်းကျင်​ မရှိပဲ ၊သစ်​ပင်​​တွေမရှိပဲ ရှင်​သန်​​နေထိုင်​လို့ မရနိုင်​ပါဘူး။ သစ်​ပင်​တစ်​ပင်​ ရှင်​သန်​ကြီးထွားဖို့ နှစ်​နဲ့ချီ​စောင့်​ရတတ်​​ပေမဲ့ လူ့လက်​ချက်​နဲ့ သစ်​ပင်​တစ်​ပင်​ဘဝ အဆုံးသတ်​သွားဖို့က​တော့ နာရီပိုင်း စက္ကန့်​ပိုင်း​လောက်​ပဲ ကြာတတ်​ပါတယ်​။
အခု​ခေတ်​ဆို တစ်​ကမ္ဘာလုံးအတိုင်းအတာနဲ့တွက်​ကြည့်​တဲ့အခါ လူသား​တေိ​ကြောင့်​ သစ်​​တောပျက်​စီးမှုနှုန်းဟာ တစ်​မိနစ်​တိုင်းမှာ ပျှမ်းမျှ ဧက ၅၀ ​လောက်​ ပျက်​စီး​နေတယ်​လို့ သိရပါတယ်​။ ဘယ​လောက်​ နှ​မြောဖို့​ကောင်းတဲ့ အတိုင်းအတာလဲ။
ကျ​နော်​တို့လူသား​တွေ အသက်​ရှင်​​နေထိုင်​ဖို့ အနည်းဆုံး ကျ​နော်​တို့နားလည်​ထားသလို သစ်​ပင်​တစ်​ပင်​က​နေ ကာ​ဗွန်​ဒိုင်​​အောက်​ဆိုဒ်​ကို စုတ်​ယူတယ်​။ ကျ​နော်​တို့လူသား​တွေအတွက်​လိုအပ်​တဲ့ ​အောက်​ဆီဂျင်​ကို ထုတ်​​ပေးတယ်​။ အဲ့လို လူသား​တွေရဲ့အသက်​ရှင်​မှုကို ဖြည့်​ဆည်း​ပေး​နေတဲ့ သစ်​ပင်​​တွေကို သတ်​လိုက်​ပြီး လူသား​တွေက ကိုယ်​အသက်​ကို နုတ်​ယူ​နေကြသလို ဖြစ်​​နေပါပြီ။
အထူးသဖြင့်​ ကမ္ဘာမှာ သယံဇာတထွက်​ရှိမှု များပြားပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်​ငံစာရင်းဝင်​တဲ့ မြန်​မာနိုင်​ငံပါပဲ။ ကျ​နော်​တို့ မှတ်​မိသ​လောက်​ သစ်​​တော​တွေ သစ်​ပင်​​တွေက ဒီ ဆယ်​စုနှစ်​ နှစ်​ခု​လောက်​အတွင်းမှာကို အ​တော်​ကြီး​ ကုန်​စင်​​ပြောင်းလဲလာ​နေပါပြီ။ ​တောင်​​တွေဆို ကတုံး​တွေဖြစ်​လာတယ်​။ တချို့ သစ်​ထုတ်​ယူရခက်​တဲ့ ​နေရာ​တွေမှာ​လောက်​သာ အပင်​ကြီး တချို့ကိုပဲမြင်​ရ​တော့တဲ့အထိ ​တော​တွေ ​တောင်​​တွေက ကွက်​ကျားဆန်​လာ​နေပါပြီ။ ဖားကန့်​လို ​​​နေရာမှာလည်း ဘယ်​လို သဘာဝပတ်​ဝန်းကျင်​အ​ကြောင်းမှ ​ဟော​ပြောလို့ ရနိုင်​မှာ မဟုတ်​​​တော့ပါဘူး..။ တချို့ သစ်​ထုတ်​လုပ်​တဲ့​နေရာ​တွေမှာ သစ်​ပင်​ထိန်းသိမ်းမှုအ​ကြောင်း သွား​ပြောလိုက်​ရင်​​တော့ ကျ​နော်​တို့အတွက်​ ​ခေါင်းတစ်​လုံးပဲ လက်​​ဆောင်​ပြန်​​ပေးခံလိုက်​ရ​တော့မယ်​ ထင်​ပါရဲ့။
ကျ​နော်​တို့နိုင်​ငံဟာ ဆင်းရဲတဲ့နိုင်​င့်​ဖြစ်​တယ်​။ အဲ့ဒီအတွက်​ လူတစ်​​ယောက်​ဟာ သဘာဝပတ်​ဝန်းကျင်​ကို ချစ်​တတ်​ဖို့ထက်​ ကိုယ့်​ဝမ်း​ရေးသည်​သာ ကိုယ့်​ပြဿနာ ဖြစ်​​နေတတ်​တယ်​။
အိန္ဒိယကငြိမ်းချမ်း​ရေး​ခေါင်း​ဆောင်​ကြီး မဟတ္တမဂန္ဓီ​ပြောခဲ့ဖူးတဲ့ စကားတစ်​ခွန်းရှိပါတယ်​။
"လူ့လိုအပ်​ချက်​အတွက်​ကမ္ဘာကြီးမှာအလုံအ​လောက်​ရှိပါတယ်​။ ဒါ​ပေမဲ့ လူ့​လောဘအတွက်​​တော့မရှိဘူး " တဲ့။
ကျ​နော်​တို့ရှင်​သန်​​နေထိုင်​လို့ရတဲ့ အသက်​ရှင်​ဖို့အတွက်​သက်​သက်​ဆို ​ရေ.​မြေ.​လေ.​နေ.အစားအ​သောက်​.အဲ့ဒါ​တွေအားလုံးကို ကမ္ဘာကြီးက​နေ အလုံအ​လောက်​ရရှိနိုင်​ပါတယ်​..ဒါ​ပေမဲ့ လူ့​လောဘ​တွေ ချမ်းသာမှု​တွေအတွက်​က​တော့ ဘယ်​လိုလုံ​လောက်​ပါ့မလဲ..လူဆိုတာ ရ​လေလို​လေအမျိုး​တွေ မဟုတ်​လား..
image
ဖွံ့ဖြိုးပြီး နိုင်​ငံ​တွေထက်​ မြန်​မာနိုင်​ငံလို ကမ္ဘာမှာ အဆင်းရဲဆုံး စာရင်းဝင်​နိုင်​ငံမှာ ​ငွေရလွယ်​တဲ​အလုပ်​ကို လုပ်​​လေ့ရှိကြတာ မဆန်းပါဘူး..ဝမ်းစာအတွက်​ ဝမ်းစာရှာကြတဲ့ လူထု​တွေရဲ့ ထမင်းအိုးကို ရိုက်​ခွဲသူ​တွေလည်း ဘယ်​သူမှဖြစ်​ချင်​ကြမှာ မဟုဆ်​ပါဘူး။ ဒါ​ပေမဲ့ သဘာဝပတ်​ဝန်းကျင်​ဆိုရင်​ မြန်​မာပြည်​မှာဆို အဦးဆုံး မြန်​မာ့သစ်​​တော​တွေကို ​ပြေးမြင်​မိတတ်​ကြ​လေ့ရှိပါတယ်​။ မြန်​မာနိုင်​ငံဟာ သစ်​​တောဧရိယာ ဟတ်​တာ များစွာကို ပိုင်​ဆိုင်​ထားသလို ​ရေပိုင်​နက်​​တွေကိုလည်း​ ကျယ်​ဝန်းစွာ ပိုင်​ဆိုင်​ထားတဲ့ နိုင်​ငံ တစ်​နိုင်​ငံ ဖြစ်​ပါတယ်​။ ဒါ​ကြောင့်​လည်း သဘာဝပတ်​ဝန်းက်ျ​င်​ကို တန်ဖိုးမထားကြ​​လေသလား မ​ပြောတတ်​ပါဘူး။ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးအ​ကြောင်း ​ဟော​ပြောမှု​တွေ နည်းပါးကြသလို အဲဒီ့လို ​ဟော​ပြောပွဲ​တွေဆိုရင်​လည်း လူနည်း​နေတတ်​​လေ့ရှိပါတယ်​။ ပြီးရင်​ ထုံးစံအတိုင်းပဲ ​တောတက်​ပြီး သစ်​လုပ်​ ထင်းခုတ်​​တွေ ရှိ​နေကြတာပါပဲ။

မြန်​မာလူမျိုး​တွေရဲ့ ဓ​လေ့ထုံးတမ်းအရ​ရော လျှပ်​စစ်​မီးမရတဲ့အ​ကြောင်းအရင်း​တွေပါ စု​ပေါင်းပြီး​တော့ ထင်းမီးသုံးစွဲ​နေကြတာ​​တွေကလည်း သစ်​​တောပြုန်းတီးခြင်းရဲ့အ​ကြောင်းအရင်း​တွေပါ။ပြီး​တော့ သစ်​​​တောစိုက်​ဧရိယာ​တွေထက်သစ်​ပင်​ကြီး​တွေကိုခုတ်​ပြီး ပျဉ်​လုပ်​တာ​တွေ လူ့အသုံးအ​ဆောင်​ပစ္စည်း​တွေကို မက်​​မောဖွယ်​​ကောင်း​အောင်​ လုပ်​တာ​တွေ သစ်​​တော သစ်​ပင်​​တွေကို စီးပွား​ရေးသမား​တွေ မျက်​စိကျ​စေ​အောင်​ လမ်းဖွင့်​​ပေးသလို ဖြစ်​​နေတဲ့ အချို့အ​ကြောင်းအရင်း​တွေ​ကြောင့်​ မြန်​မာနိုင်​ငံမှာ သစ်​​တော သစ်​ပင်​​တွေ တဖြည်းဖြည်း ပျက်​သုဉ်းလာ​နေကြပါပြီ..။
လောဘသား အချို့ရဲ့ ငါ့ဖို့အကြည့်​​တွေ​ကြောင့်​ မြန်​မာ့သဘာဝ ပတ်​ဝန်းကျင်​​တွေထဲက ​ငွေရလွယ်​တဲ့ သဘာဝသယံဇာတ​တွေကို တူး​ဖော်​ကြရင်း ပျက်​စီးခြင်းမက ပျက်​စီးလာတဲ့ ယိုယွင်းခြင်းမက ယိုယွင်းလာ​နေတဲ့ မြန်​မာ့သဘာဝ ပတ်​ဝန်းကျင်​ကို မြန်​မာ​တွေ ပိုင်​ဆိုင်​​နေကြရပါပြီ...။
သဘာဝပတ်​ဝန်းကျင်​ဆိုတာနဲ့ ​မြေ ​၊​ရေ၊ ​လေ သစ်​​တော ဆိုတာ​တွေပါစမြဲပါ။ ပထမဆုံး လူ​တွေရဲ့မီးလိုအပ်​ချက်​အရ ​လောင်​စာ​တွေကိုရှာကြရတယ်​။ ​လောင်​စာအတွက်​အနီးစပ်​ဆုံး ထင်း​တွေကိုရှာတယ်​။ ထင်းအတွက်​ သစ်​​တွေ ခုတ်​တယ်​။ ဝါး​တွေခုတ်​တယ်​။ အဲ့ဒီက​နေ သစ်​​တော​တွေ စတင်​ပြုန်းတီးလာတယ်​။ သစ်​​တော​တွေ ပြုန်းတီးလာတာနဲ့အမျှ ရာသီဥတု​တွေ ​ဖောက်​ပြန်​​ပြောင်းလဲလာကြတယ်​။ အဓိက ​ရေ တိုက်​စားမှုစနစ်​​တွေ ပိုမိုကျယ်​ပြန့်​လာပြီး မြစ်​​တွေ ​ချောင်း​တွေ တိမ်​​ကော လာတယ်​။ ​ရေစီး​ကြောင်း​ပြောင်းလဲမှုဖြစ်​စဉ်​​တွေ​ကြောင့်​ ​ရေကြီးတာ​တွေ ဖြစ်​လာတယ်​။ သစ်​​တောသစ်​ပင်​​တွေရဲ့ ရာသီဥတုထိန်းညှိမှု ဖြစ်​စဉ်​​တွေက သစ်​​တောပြုန်းတီးလာမှုနဲ့အတူ ​ချွတ်​ယွင်းလာတဲ့အခါ ရာသီဥတုက ပူလာတယ်​။ ပြီး​တော့ ​တောမီး​လောင်​တာ​တွေ မီး​ဘေးအန္တရာယ်​​တွေက ပိုပြီး များများစားစား ကြုံ​တွေ့လာကြ​တော့တယ်​။ image
အဲ့ဒီလို တစ်​ခုနဲ့တစ်​ခု ချိတ်​ဆက်​ထားတဲ့ သဘာဝဝန်းကျင်​ ဖွဲ့စည်းမှု အ​ကြောင်းကို ပြည်​သူ​တွေ ပိုပြီး ကျယ်​ကျယ်​ပြန့်​ပြန့်​ သိရှိ​စေဖို့ ပိုပြီးအား​ကောင်းခိုင်​မာ​တောင့်​တင်းတဲ့ ခံတပ်​လို သဘာဝပတ်​ဝန်းကျင်​ချစ်​သူ​တွေကို ဖွဲ့စည်းဖို့ လိုအပ်​လာ​နေတာြ​ဖစ်​ပါတယ်​။
အခုမြန်​မာပြည်​ရဲ့အ​ခြေအ​နေက သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်းဖို့ထက်​ အပြင်းအထန်​ ကာကွယ်​ဖို့ အ​နေအထားမှာ ရှိ​နေတာပါ..။ သစ်​​တော တစ်​ဧက ပြုန်းတီးဖို့ အချိန်​ ဘယ်​​လောက်​ယူရမလဲ..။ တစ်​ရက်​လား နှစ်​ရက်​လား..။ဒီ​ခေတ်​ကြီးထဲမှာ စက်​ယန္တရားသာ သုံးမယ်​ဆိုရင်​ နာရီပိုင်း မိနစ်​ပိုင်းအတွင်းမှာ သစ်​​တော တစ်​ဧက ပြုန်းတီးဖို့ လွယ်​သွားပါပြီ.။ ဒါ​ပေမဲ့ သစ်​​တောတစ်​ဧက ဖြစ်​ထွန်းဖို့ အချိန်​ဘယ်​​လောက်​ယူရမလဲ...။ တစ်​နှစ်​လား.. နှစ်​နှစ်​လား..။ လုံးဝ မဖြစ်​နိုင်​ပါဘူး။
ကျ​နော်​တို့အ​နေနဲ့ သစ်​​တော တစ်​ဧက ဖြစ်​ထွန်းဖို့ထက်​ သစ်​ပင်​တစ်​ပင်​​တောင်​ ဖြစ်​ထွန်းဖို့ အချိန်​အများကြီး​ပေးပြီး စိုက်​ပျိုးကြရတာဖြစ်​ပါတယ်​။ သစ်​​တော တစ်​ဧက ဖြစ်​ထွန်းဖို့ဆိုရင်​ အနည်းဆုံး ဆယ်​နှစ်​က​နေ နှစ်​နှစ်​ဆယ်​​လောက်​ အချိန်​ယူမှ ဖြစ်​နိုင်​ပါလိမ့်​မယ်​..။
ဒီ​လောက်​ သစ်​​တော​တွေ အကျယ်​ကြီး ရှိ​နေတာဆိုတဲ့ ဆင်​​ခြေမျိုးကို တစ်​​ယောက်​ပဲ ​ပေးပါ။ အဲ့ဒီစကားလုံးကိုပဲ လူတစ်​​ယောက်​စီ တစ်​​ယောက်​စီက​နေ ​ဆင်​​ခြေ​ပေး​နေကြမယ်​ဆိုရင်​ လူတစ်​​ယောက်​ သစ်​​တော တစ်​ဧက မစိုက်​ဖြစ်​ရင်​​နေမယ်​။ လူတစ်​​ယောက်​ သစ်​​တော တစ်​ဧကစာ​လောက်​​တော့ ဖြုန်းတီးပစ်​ခဲ့တာ​တွေ ရှိ​နေမှာပါ။ ဆင်​​ခြေတစ်​ခုစီနဲ့ သစ်​​တော တစ်​ဧကစာစီ ဖြုန်းတီးခဲ့ကြတဲ့ လူဆယ်​​ယောက်​ရှိမယ်​ဆိုရင်​ သစ်​​တော ဆယ်​ဧကစာ​တော့ ပြုန်းတီးသွား​တော့မှာ ဖြစ်​ပါတယ်​။
အဲ့ဒီဆယ်​​ယောက်​ထဲက တစ်​​ယောက်​ကို သစ်​ပင်​ တစ်​ပင်​စီ စိုက်​ဖို့က​တော့ လက်​တွန့်​ ​နှောင့်​​နှေး​နေကြအုံးမှာပဲ ဖြစ်​ပါတယ်​။
ငါ​တော့သစ်​ပင်​ အပင်​တစ်​ရာ စိုက်​ပြီးပြီလို့ ​ပြောပြီး သစ်​ပင်​ အပင်​ငါးဆယ်​​လောက်​ ခုတ်​ယူလိုက်​ခြင်းက သစ်​​တော ဖြုန်းတီးသူတစ်​​ယောက်​​တော့ ဖြစ်​​နေဆဲပါပဲ။
ဘာ​ကြောင့်​လဲဆို​တော့ သူစိုက်​လိုက်​တဲ့ သစ်​ပင်​ အပင်​တစ်​ရာမှာ အပင်​ငါးဆယ်​ ရှင်​ဖို့ မ​သေချာလို့ပါ။
ငါက တစ်​နှစ်​ကို သစ်​ပင်​ဆယ်​ပင်​ လုံးဝရှင်​​အောင်​စိုက်​တယ်​။ တစ်​နှစ်​လုံး​နေလို့ ငါ့​ကြောင့်​ သစ်​ပင်​တစ်​ပင်​ မပြုန်းတီးဘူးဆိုတဲ့ လူတစ်​​ယောက်​ဆိုရင်​​တော့ အ​တော်​လေး ​လေးစားဖို့ ​ကောင်း​နေပါပြီ..။
ငါက​တော့ စက်​မှုလုပ်​ငန်းကိုပဲ လုပ်​တာမို့ သစ်​ပင်​စိုက်​ဖို့မလိုဘူး လို့ ဆင်​​ခြေ​ပေးတဲ့လုပ်​ငန်းရှင်​​တွေရှိမယ်​ဆိုရင်​​တော့ အရင်​ဆုံး အဲ့ဒီစက်​​တွေက​နေ ​လောင်​စာမသုံးဘူး..။ စွ​န့်​ပစ်​ပစ္စည်းမထွက်​ရှိဘူးလို့ပဲ အရင်​ ဝန်​ခံနိုင်​ပါ​စေ။ သစ်​ပင်​တစ်​ပင်​ခုတ်​တာထက်​ သစ်​​တောတစ်​ခုလုံး ​လေထုတစ်​ခုလုံး ​ရေထုတစ်​ခုလုံးထဲကို အညစ်​အ​ကြေး စွန့်​ပစ်​ ပစ္စည်း​ပေါင်း​မြောက်​များစွာကို ​နေ့စဉ်​နဲ့အမျှ စွန့်​ထုတ်​​နေတဲ့ မိမိစက်​ပစ္စည်း​တွေအ​ကြောင်းကိုလည်း အရင်​ဆုံး စဉ်းစားသင့်​ပါတယ်​။
အနည်းဆုံး ပလပ်​စတစ်​အိတ်​​ပေါင်းများစွာ​တွေ ​ထောင်း​ထောင်း ထလာ​နေတဲ့ မိမိပတ်​ဝန်း
ကျင်​မှာ မိမိစက်​ရုံက ထွက်​ရှိတဲ့ ပလပ်​စတစ်​ပစ္စည်း ပါမပါ အရင်​​လေ့လာသင့်​ပါတယ်​။ အို​ကေ.ကိုယ်​​တွေ့ရတာ အဲ့ဒီစွန့်​ပစ်​ပစ္စည်းထဲမှာ ကိုယ့်​စက်​ရုံက ထွက်​တဲ့ပစ္စည်း​တွေမရှိဘူးဆိုပါစို့။ ဒါဆို ကိုယ့်​စက်​ရုံဝန်းကျင်​မှာ ကိုယ့်​စက်​ရုံကထွက်​တဲ့ အနံ့အသက်​​တွေရ မရ ​နောက်​ထပ်​ ​လေ့လာပါအုံး။ အဲ့လို အနံ့အသက်​​တွေလည်း မရှိဘူးဆိုပါစို့..။ မိမိစက်​ရုံလည်​ပတ်​မှုအတွက်​ ​လောင်​စာဆီကို တစ်​ရက်​ကို ဘယ်​နှဂါလံ​လောက်​အသုံးပြု​နေသလဲ ပြန်​လည်​ စဉ်းစားကြည့်​သင့်​ပါတယ်​။
ကျ​နော်​ကြားဖူးတာက​တော့ လူတစ်​​ယောက်​ တစ်​နှစ်​မှာ ဆီ တစ်​ဂါလံ အသုံးပြုသူဟာ အဲ့ဒီဆီတစ်​ဂါလံက​နေ ထွက်​ရှိတဲ့ ကာ​ဗွန်​ဒိုင်​​အောက်​ဆိုဒ်​နဲ့ ညီမျှ​စေဖို့ တစ်​နှစ်​မှာ သစ်​ပင်​အပင်​ ​လေးရာ စိုက်​သင့်​ပါတယ်​တဲ့။
ကဲ စက်​ရုံလုပ်​ငန်းရှင်​တစ်​ဦးသာဆို ​နေ့စဉ်​ ဆီ​ပေပါ​နဲ့ချီပြီး ​လောင်​ကျွမ်​​နေ​စေတဲ့အခါ သစ်​ပင်​ ဘယ်​နှပင်​အထိများ စိုက်​ပျိုးသင့်​သလဲဆိုတာ ကိုယ်​တိုင်​ စဉ်းစားသင့်​ပါတယ်​။
image
ဟိုတချိန်​က မြန်​မာနိုင်​ငံရဲ့​သွေး​ကြောမကြီး ဖြစ်​တဲ့ ဧရာဝတီိမြစ်​​ရေ​တွေဟာ အခုဆို နှာ​ခေါင်းပိုက်​ တိုးလိုတန်းလန်းနဲ့ အသက်​ရှူမဝ​တော့တဲ့ အ​နေအထားလို ကျန်းမာ​ရေး ချူချာလာ​နေပါပြီ..။လှေနဲ့ ​ဖောင်​နဲ့ ကူးခဲ့တဲ့​ခေတ်​က​နေ သ​င်္ဘောနဲ့ စက်​​လှေနဲ့ ​မော်​​တော်​နဲ့ ကူးကြရတဲ့ ဒီ​ခေတ်​ကို​ရောက်​လာတဲ့အခါ အချို့​နေရာ​တွေမှာ ​​သောင်​နဲ့ညှိပြီး လူဆင်းတွန်းရ​လောက်​တဲ့ အ​နေအထား​တွေနဲ့ မြန်​မာ့​သွေး​ကြောမှာ စီးဆင်းလည်​ပတ်​မှု အားမ​ကောင်း​တော့။ ဧရာကမ်းတ​လျှောက်​က သစ်​​တွေကိုခုတ်​ မြစ်​​ကြောင်းတ​လျှောက်​က ​ရွှေလုပ်​ကြတဲ့ အကျိုးဆက်​​တွေကို ခံစားကြရခြင်းပဲ ဖြစ်​ပါတယ်​ ။

ကျ​နော်​တို့ ငယ်​စဉ်​တစ်​​လျှောက်​က ​တွေ့​နေမြင်​​နေကြရတဲ့ သစ်​​တောကြီး​တွေဟာ အခုအချိန်​မှာ​တော့ မြင်​ကွင်းရှင်းရှင်း သစ်​​တော ​ပြောင်​​ပြောင်​ ချုံနွယ်​ထပ်​ထပ်​နဲ့ မယုံနိုင်​​အောင်​ ​ပြောင်းလဲသွားခဲ့တာ တကယ့်​လက်​​တွေ့..။ဒီ ဆယ်​နှစ်​ ဆယ်​ငါးနှစ်​အတွင်းမှာ ဒီ​လောက်​ ​ပြောင်​သလင်းခါသွားခဲ့ရင်​ ​နောင်​ အနှစ်​ ငါးဆယ်​ အနှစ်​တစ်​ရာအတွင်းဆို မြန်​မာ့သစ်​​တောဆိုတာ ရုပ်​ပုံကားချပ်​​တွေ ဖြစ်​​ကောင်း ဖြစ်​​နေနိုင်​​တော့မယ်​ ထင်​။
စိုက်​ပျိုးသူ​တွေမရှိ ခုတ်​ယူသူ​တွေကသာ တစ်​​ယောက်​က နှစ်​​ယောက်​ နှစ်​​ယောက်​က သုံး​ယောက်​ များပြားလာ​နေကြတဲ့အခါ သဘာဝပတ်​ဝန်းကျင်​ကို ချစ်​သူ​တွေခမျာလည်း ​ပြောရလွန်းလို့ အာ​ပေါက်​လာ​နေကြပြီ။ ကိုယ်​တိုင်​လုပ်​ပြပြီး စိုက်​ပျိုးကြ​တော့လည်း သာဓု​ခေါ်ကြသူ​တွေ​တော့ ​ပေါရဲ့။လိုက်​လုပ်​ကြသူ​တွေက မရှိ။
မြန်​မာပြည်​မှာ သဘာဝပတ်​ဝန်းကျင်​ကို ချစ်​ပါတယ်​ဆိုရုံနဲ့ မလုံ​လောက်​နိုင်​​တော့ပါဘူး။ သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်း​စောင့်​​ရှောက်ုကြတဲ့လူ​တွေ မဖြစ်​မ​နေ လိုအပ်​လာ​နေပါပြီ။ များပြားလာတဲ့ လူဦး​ရေနဲ့ အလုပ်​အကိုင်​ရှားပါးမှု ပြဿနာ​တွေ​ကြောင့်​ မြန်​မာ့ သဘာဝဝန်းကျင်​​တွေဟာ ဝမ်းစာအတွက်​ မဖြစ်​မ​နေ ဖြည့်​စွမ်း​ပေး​နေရမဲ့ အ​နေအထားမှာ ရှိ​နေဆဲပါ။
အဲ့ဒီလိုအ​ခြေအ​နေအတွင်းမှာ သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်း​စောင့်​​ရှောက်​ဖို့ ရှိ​နေ​သေးတဲ့ သဘာဝပတ်​ဝန်းကျင်​ကို ကာကွယ်​ဖို့ အ​တော်​ခိုင်​မာတဲ့ ခံတပ်​တစ်​ခုကို တည်​​ဆောက်​ရပါလိမ့်​မယ်​။
အဲ့ဒီခံတပ်​က​တော့ မြန်​မာလူမျိုး​တွေရဲ့ စိတ်​ထဲ နှလုံးသားထဲ အရိုးထဲအထိ စွဲ​နေမဲ့ သဘာဝန်းကျင်​ ချစ်​စိတ်​ကို.ထည့်​သွင်း​ပေးဖို့ပါပဲ ။ သဘာဝပတ်​ဝန်းကျင်​ရဲ့တန်​ဖိုးကို သိကြ​ပေမဲ့ နားမလည်​ကြတဲ့ အ​ခြေအ​နေ​ကြောင့်​ သဘာဝရင်းမြစ်​ ပတ်​ဝန်းကျင်​ရဲ့ ဆက်​စပ်​အ​နေအထား ​ဂေဟစနစ်​​တွေအ​ကြောင်းကို လူထု​တွေ ပိုပြီး ကျယ်​ကျယ်​ပြန့်​ပြန့်​ သိရှိနားလည်​တတ်​​စေဖို့ အရင်​ ကြိုးပမ်းကြရပါလိမ့်​မယ်​။

အထူးသဖြင့်​ မြန်​မာနိုင်​ငံလို ဖွံ့ဖြိုးဆဲ နိုင်​ငံက လူထု​တွေကို သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်း​စောင့်​​​ရှောက်​ဖို့အတွက်​ဆိုရင်​​တော့ ဘယ်​လိုမှ ​ပြောဆိုလို့ မရနိုင်​​တော့ရင်​​တော့ သစ်​​တော သစ်​ပင်​​တွေက​နေ ​ဝင်​​ငွေတစ်​ခု ရနိုင်​မဲ့ အလုပ်​​တွေကို လုပ်​ပြဖို့ ပိုပြီးလိုအပ်​လာ​နေပါပြီ။

ဥပမာအားဖြင့်​ ရာဘာလို သစ်​ပင်​ကြီး​တွေစိုက်​ပျိုး​စေပြီး အ​စေးထုတ်​ယူတာမျိုးတို့..​လျှော်​ဖြူလို သစ်​ပင်​မျိုး​တွေိုက ကျယ်​ကျယ်​ပြန့်​ပြန့်​စိုက်​​စေတာမျိုးတို့ ပြုလုပ်​​စေမယ်​ဆိုရင်​ သစ်​ပင်​စိုက်​ပျိုးမှုကို အား​ပေးရာ ​ရောက်​သလို လူ​တွေရဲ့ သစ်​ပင်​​တွေ​အ​ပေါ် ဂရုစိုက်​မှုကိုလည်း ပြန်​လည်​ရရှိ​စေနိုင်​မှာ ဖြစ်​ပါတယ်​။ သစ်​ပင်​တစ်​ပင်​ရဲ့တန်​ဖိုးကို သိဖို့ဆိုရင်​ ​တန်​ဖိုးရှိတဲ့ သစ်​ပင်​​တွေကို စိုက်​ပျိုး​စေသင့်​ပါတယ်​။ အဲ့ဒီစိုက်​ပျိုးလိုက်​တဲ့ သစ်​ပင်​တစ်​ပင်​ရဲ့ တန်​ဖိုးကိုပါ တွက်​ချက်​ပြပြီး ​မျှော်​လင့်​ချက်​​တွေပါ ထည့်​သွင်း​ပေးထားသင့်​ပါတယ်​။ တကယ်​လည်းအစိုးရအ​နေနဲ့ ​ဈေးကွက်​ ဖန်​တီးပြီး ဝယ်​ယူသင့်​ပါတယ်​။

ဝင်​​ငွေတစ်​ခုရှိမယ်​ဆိုရင်​ သဘာဝ သစ်​​တော သစ်​ပင်​​တွေကို ထိခိုက်​မှု နည်း​အောင်​ အာရုံလွှဲနိုင်​မှာပဲ ဖြစ်​ပါတယ်​။ လျှပ်​စစ်​မီးမရရှိခြင်းနဲ့ ထင်းကိုပဲ အားကိုး​နေရဆဲ ​နေရာ​ဒေသ​တွေအတွက်​ သူတို့​ဒေသ လိုအပ်​ချက်​​တွေကို ဖြည့်​ဆည်း​​ပေးနိုင်​မယ်​ဆိုရင်​ ဒါမှမဟုတ်​ သဘာဝပတ်​ဝန်းကျင်​ရဲ့တန်​ဖိုးကို သိရှိနားလည်​ပြီး သဘာဝပတ်​ဝန်းကျင်​ကို ချစ်​တတ်​လာ​စေဖို့ သင်​​ပေးနိုင်​ကြမယ်​ ဆိုရင်​​တော့ ရှိ​နေပြီးသား သဘာဝတရားကို ကာကွယ်​ပြီးသား ဖြစ်​​နေပါလိမ့်​မယ်​။သစ်​​တော သစ်​ပင်​ခုတ်​ယူမှုကို ရပ်​တန့်​နိုင်​ပြီဆိုတာနဲ့ ကာကွယ်​ထိန်းသိမ်းမှုနဲ့ ထပ်​ပြီး စိုက်​ပျိုးမှု​တွေကို တဖြည်းဖြည်း ကျယ်​ပြန့​အောင်​လုပ်​​ဆောင်​လာနိုင်​မှာပဲ ဖြစ်​ပါတယ်​။

ဒီပုံစံအတိုင်း ဆက်​သွား​နေမယ်​ဆိုရင်​​တော့ ယိုယွင်းလာ​နေတဲ့ မြန်​မာ့သဘာဝပတ်​ဝန်းကျင်​ဟာ ပျက်​စီးသွားဖို့ပဲ ရှိပါ​တော့တယ်​။ အခုအချိန်​မှာ ယိုယွင်း​နေဆဲ သဘာဝပတ်​ဝန်းကျင်​ကို ယိုယွင်းမှုရပ်​တန့်​​အောင်​လုပ်​ဖို့ အလွန်​လိုအပ်​လာ​နေပါပြီ။ ယိုယွင်းလာ​နေမှုကို ရပ်​တန့်​ပစ်​နိုင်​တာနဲ့ ပျက်​စီးမှုအတွက်​ ကြိုတင်​ကာကွယ်​ပြီးသား ဖြစ်​သွားပါပြီ.။ အဲ့ဒီအခါ ထိန်းသိမ်းကာကွယ်​မှုနဲ့ တိုးချဲ့ပြုပြင်​မှု​တွေကို အင်​တိုက်​အားတိုက်​ ပြန်​လည်​ ပြုလုပ်​သင့်​ပါပြီ။
လက်​​ချောင်း​လေး​တွေ တစ်​​ချောင်းစီမှာ ခွန်​အား နည်းနည်းစီပဲ ရှိတာဖြစ်​​ပေမဲ့ အားလုံးကို ဆုပ်​ပြီး လက်​သီးတစ်​လုံးဖြစ်​​စေတဲ့အခါ အားပြင်းတဲ့ လက်​သီးတစ်​လုံး ဖြစ်​လာနိုင်​သလိုပါပဲ..။ ဘာမှ သိပ်​ပြီး မကြီးကျယ်​တဲ့ သဘာဝပတ်​ဝန်းကျင်​ ချစ်​သူ​လေးများစွာကို စုစည်းပြီး အား​ကောင်းတဲ့ သဘာဝပတ်​ဝန်းကျင်​ချစ်​သူ များစွာကို အားပြင်းတဲ့ လက်​သီးတစ်​လုံးဖြစ်​​အောင်​ပြုလုပ်​ပြီး​တော့ အားလုံးအတူတကွ ကာကွယ်​ ထိန်းသိမ်းကြဖို့ လိုအပ်​လာ​နေပါပြီ..။မြန်​မာပြည်​မှာရှိတဲ့ လူတိုင်း လူတိုင်းဆီမှာ သဘာဝပတ်​ဝန်းကျင်​ ချစ်​စိတ်​ ကိုယ်​စီကိုယ်​ငှကို ရိုက်​သွင်းနိုင်​ကြမယ်​ ဆိုရင်​​တော့ အနာဂတ်​မှာ လှပတဲ့ မြန်​မာ့သဘာဝပတ်​ဝန်းကျင်​ကို ​တွေ့နိုင်​ကြရမှာ မလွှဲပါဘူး။ သဘာဝတရားနဲ့ လွှတ်​ကင်းပြီး မ​နေနိုင်​ကြသ​ရွေ့ သဘာဝပတ်​ဝ​န်းကျင်​ ထိန်းသိမ်းမှုဟာ လူတိုင်းနဲ့ သက်​ဆိုင်​ပြီး လူတိုင်း ကြိုးပမ်းကြရမဲ့ တာဝန်​တစ်​ခုဖြစ်​တယ်​ဆိုတာ အားလုံးပဲ သိသင့်​ပါတယ်​။
အကယ်​၍များ မြန်​မာနိုင်​ငံသားတိုင်းက မြန်​မာပြည်​ကို ချစ်​ကြပါတယ်​ဆိုရင်​ မြန်​မာ့​ရေ​မြေ ပတ်​ဝန်းကျင်​ကို မြတ်​နိုးတန်​ဖိုးထားကြတယ်​ဆိုရင်​ အခုအချိန်​ကစပြီး စည်းကမ်းပြည့်​ဝကြတဲ့ နိုင်​ငံသား​တွေအဖြစ်​ အားလုံး စုစုစည်းစည်းနဲ့ ယိုယွင်းလာ​နေတဲ့ မြန်​မာ့သဘာဝပတ်​ဝန်းကျင်ပျက်​စီးမသွားခင်​ စုေ@good-karmaပါင်း ထိန်းသိမ်းကာကွယ်​ကြပြီး အနာဂတ်​မှာ လှပဖွံ့ဖြိုးပြီး စိမ်းလန်းစိုပြည်​တဲ့ အမိမြန်​မာပြည်​ကြီးကို အတူ တည်​​ဆောက်​ကြပါစို့...လို့ ကျ​နော်​ ဆန္ဒပြုရင်း.....

Sort:  

I hope you return the sbd back before I report you to the robot

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58919.17
ETH 2647.00
USDT 1.00
SBD 2.43