barlarpal saot yuu
အစစ်အမှန် ကို တန်ဖိုးထား လက်ခံ ပါ...
ဆူးခင်း တဲ့ လမ်း ထဲရောက်မှ ဖိနပ်တစ်ရံ ရဲ့ တန်ဖိုးကို သိတတ်ကြတယ်....
အပူဒဏ် ကို ခံရမှ ရေတစ်စက် နဲ့ အရိပ်အာဝါသကောင်းမွန်တဲ့ သစ်တစ်ပင် ရဲ့ တန်ဖိုး ကို သိကြတယ်.,.
ခရီးဝေး ဝေး ကိုရောက်မှ ပြင်ဆင်မှု့ အားနဲ ချက် ပင်ပန်းမှု့ ဒဏ် ကို
နောက်ကျ မှ သိတတ်ကြတယ်..
လက်ရှိ အချိန်ကို ရောက်မှ အလဟသာ ကုန် လွန် သွား ခဲ့ တဲ့ ပြီးခဲ့တဲ့ မနေ့က အချိန်တေ ကို ပြန်လိုချင် သတိရ တတ် ကြတယ်..
ဘာမှမရှိ ခြင်းကို ပိုင်ဆိုင်ရမှ ဖြုန်းတီးမိခဲ့တဲ့
အကြောင်းတရား တို့ကို နှမြောတမ်းတ သတိရတတ် ကြတယ်...
နွေကို ရောက်တော့ ဆောင်းကို မျှော်တတ်လာတယ်..
မိုးရာသီရောက်ရင် ခြောက်သွေ့ တဲ့ နွေရာသီကို တမ်းတ မိတတ်ကြ တယ်.. လိုချင် တတ် ကြတယ်...
မိသားစု နဲ့ အလှမ်းကွာဝေး မှ ချစ်ခင် နွေးထွေး မှု့ ကို ခံစား နားလည်တတ်လာတယ်..
စိတ်ကျဉ်းကြပ်မှု့ တေ ခံစားရတဲ့ အခါ ကိုယ့်အပေါ် နားလည်ပေးတတ်တဲ့ မိတ်ဆွေ သူငယ်ချင်း ကောင်းတေ အမှတ်ရသတိတရ ရှိတတ်လာကြတယ်...
မိမိ အပေါ် မကောင်းတဲ့ လူနဲ့တွေ့မှ ကိုယ့်အပေါ် တစ်ကယ် ကောင်းမွန်တဲ့ လူတွေ ရဲ့ တန်ဖိုး ကို ပိုသိ လာကြတယ်...
ကိုယ့် အနား ပျောက်ကွယ် သွားမှ တန်ဖိုးရှိတဲ့ သူ ကို တန်ဖိုး ထားရကောင်း မှန်း ပိုသိလာကြတယ်...
လဲကျချိန်ရောက်မှ ဖေးကူ ဆွဲထူ ပေးခဲ့သူကို
အမှတ်ရနေတတ် ကြတယ်....
ညအမှောင် ကို ခံစားရမှ မီးတစ်ပွင့်ရဲ့ တန်ဖိုး ရှိမှု့ ကို သတိထား သတိတရ ရှိတတ်ကြ ပြန်တယ်.....
အရာအားလုးံ ကို ကိုယ့်ရဲ့ ရင်ဘတ်နဲ့ အစစ်အမှန် ခံစား ထိရှ တတ်မှ တန်ဖိုးသိ တန်ဖိုး ထား တတ်ကြတဲ့ သူမျိုး မဖြစ်မိအောင် လောကကြီး ထဲ မှာ ဆင်ခြင် နေထိုင်တတ်ဖို့ တန်ဖိုးသိ တန်ဖိုး ထားတတ်ဖို့ လိုအပ် တယ် ဆိုတာ ......
နားလည် နိုင် ကြဖို့ လိုပါတယ်..
မိမိတို့ကိုယ်တိုင်လုပ်သမျှ ရင်းနှီးထားသမျှ
ကိုယ် ချွေး
ကိုယ့်စိတ်နဲ့ပေးဆပ်ထားမျှတွေဟာ
ဖြစ်မလာဘူးဆိုရင် ဝမ်းနည်းမိတတ်ကြပါလိမ့်မယ်
ကိုယ်အကောင်းဆုံးမျှော်လင့်ထားသမျှ
ကြိုးစားခဲ့သမျှအားလုံး
ထင်မှတ်မထားလောက်တဲ့ အရာတိုင်းဆီကနေ
ရိုက်ချိုးခံလိုက်ရတာဟာ
ဝမ်းနည်းတယ်ဆိုတာထက်ပိုပြီး ရင်နာဖို့ကောင်းတယ်
လို့ပဲ ဆိုရပါလိမ့်မယ်
အချစ်မှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်
လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်
ကိုယ့်ဘက်က စိတ်ရောကိုယ်ပါ
ပေးဆပ်ပြီး ရင်းနှီးထားတဲ့အရာဆိုတာ
ကိုယ့်အမြတ်နိုးဆုံးအရာတွေပဲလေ…
ဒါပေမဲ့ အဲ့ဒီအရာတွေ
ရုတ်ချည်းပြိုလဲသွားတဲ့အခါ
လူဟာ စိတ်ဓာတ်ထိုးကျသွားတတ်ကြပါတယ်
အဲ့ဒီ ထဲမှာမှ စိတ်မခိုင်တဲ့သူတွေက
သူများထက်ပိုပြီးစိတ်ထိခိုက်လွယ်တဲ့အခါ
လုံးဝ ကို ပြန်မထ နိုင်တော့ဘူး…
ဒါပေမဲ့ ပြန်ထလာနိုင်တဲ့သူတွေလည်းရှိတယ်
ပြန်ထလာနိုင်တဲ့သူတွေဟာ
ခံယူချက်တစ်ခု ထားတယ်
စကားတစ်ခွန်းပေါ့ " ဖြစ် တတ် ပါ တယ်လေ "
ဆိုတဲ့ ခံယူချက်စကားတစ်ခွန်းထဲနဲ့
သူတို့ ဖြေသာဖို့ကြိုးစားပြီး
တည်ဆောက်လို့ရတဲ့အရာကို
တည်ဆောက်တယ် ပြန်တည်ဆောက်လို့
မရတော့ တဲ့အရာတွေကို တော့
ချန်ခဲ့တယ်… ပြီးတော့ သူတို့ အဲ့ဒီခံယူချက်နဲ့
ရှေ့ဆက်သွားကြတာပဲ
အဲ့ဒီ လူတွေဟာ လဲကျဖန်များတဲ့အခါ
နောက်ထပ်ခံယူချက်တစ်ခုကို
ဆင့်ကဲပြောင်းလဲသွားပြန်တယ်
ရှေ့မှာကိုယ်မမြင်ရတဲ့ အဆိုးတက အဆိုးတွေကို
ရှိနေအုံးမှာပဲ ဆိုတဲ့ ခံယူချက်နဲ့
သွားတဲ့ အခါ ပြန်ထ ရတာလွယ်ကူတယ်…
နောက်ဆုံး ဆင့်ကဲပြောင်းလဲတဲ့
ခံယူချက်ကတော့
တစ်ခုပဲရှိတယ်…
မင်း ဘယ်လောက်ပဲ တွန်းလဲနေပါစေ
ငါပြန်ထ ပြမယ် …
ဆိုတဲ့… နေက်ဆုံးအဆင့် ခံယူချက်ပေါ့
ကိုယ်ဆုံးရှုံးသွားတဲ့အရာတွေထဲက
ရနိုင်တာကို ပြန်ယူမယ်
ပြန်တည်ဆောက်မယ်
မရနိုင်တာကိုတော့ ချန်ခဲ့ရမယ်
ဆိုတဲ့ အတွေးတွေနဲ့
ပြန်ထဖို့ တော့လိုတယ်…
ခံယူချက်ကလည်းစကားပြောပါတယ်
အဲဒီလိုမဟုတ်ပဲ …
ဆိုးလိုက်တာကွာ လောကကြီးကမတရားဘူး
အစရှိတဲ့ ခံယူချက်တွေ နဲ့
ဝမ်းနည်းနေရင် သင်အမြဲတမ်း
လဲကျနေမှာပါပဲ…
ဒါကြောင့် ခံယူချက် ကလည်းအရေးကြီးပါတယ်။