တတ်​နိုင်​သမျှ ရိုးသားကြ

in #esteem6 years ago

သင့်​မျက်​နှာပြင်​ မှန်​စွာထင်​ဟပ်
လူမြင်​တတ်​​သော သင့်​မ​နောမှာ
ရှည်​ကြာဖုံးကွယ်​ သိုဝှက်​လွယ်​ဘူး
ငို၊ရယ်​ ဖူးမှ ပြည့်​စုံကြမည့်
လှသည့်​ဘဝ ​အေးချမ်းစွ။

မငိုဖူး​သော်​ ရယ်​မြူးပျော်​ဘိ
သင်​၏ရုပ်​သွင်​ ​ကြေးမုံပြင်​ဝယ်
သတိတွယ်​ကာ ကြည့်​ဖြစ်​ပါက
လူ့​လောကရွာ ဝင်​လာစဉ်​မှ
ငို၍စသည်​ မြင်​နိုင်​မည်​။

လူရယ်​မည်​လျှင်​ မှားမှန်​ယှဉ်​တွဲ
ရှိတတ်​မြဲမို့ ​တွေ့ကြုံလို့လာ
မှန်​တာလည်းရှိ မှားလည်းရှိ၏
မှားသည့်​အခါ ရိုးသားစွာပင်
သင်​ဝန်​ခံကာ ပြုပြင်​ပါ။

မှား​နေပါလျက်​ အသိခက်​စွာ
ဆက်​မှားပါက သင့်​ဘဝ၌
ကပ်​ဆိုးဆိုက်​​သော်​ ရယ်​မြူး​ပျော်​ရွှင်
သင့်​ရုပ်​သွင်​မှာ ညိုးငယ်​လာရင်း
ပူ​ဆွေးခြင်းဖြင့်​ အဆိပ်​သင့်​။

သင်​လူသားမို့ မြဲမှန်​ဖို့ခက်
သင့်​အသက်​တာ တည်​စဉ်​ခါတွင်
အမှန်​သင်​ပြု အမှားပြုမည်
ရယ်​သည်​လည်းရှိ ငိုလည်းရှိမှာ
ဒါ လူ့ဘဝ နိယာမ။

လောကလူသား ခရီးသွားရင်း
မှန်​ခြင်းမှားခြင်း တစ်​ခုကင်းလျက်
တစ်​သက်​လုံးမှန်​ မရှိတန်​​ကောင်း
လူ​ပေါင်းမလှ အ​ကြောင်းပြလျက်
တစ်​သက်​လုံးမှား မရှိငြားနိုင်
တတ်​နိုင်​သမျှ ရိုးသားကြလျှင်
သင့်​တွင်​လည်း​ကောင်း ​အေး​စေ​ကြောင်း
ဝန်းကျင်​လည်း​ကောင်း ​မွှေး​စေ​ကြောင်း....။
image
Photo Credit###Google Photo
MSU-035
@htoohan

Sort:  

ကောင်းတယ်လို့ပဲ ပြောရတော့မှာပဲ။

ကျေးဇူးပါဗျ😊

သိုင်းကျူးပါဗျ

Thanksပါ အကို​ရေ

စောင့်မျှော် စဉ်ဆက် အားပေးလျက်
ကျန်းမာစေကြောင်း မေတ္တာလောင်း
ချမ်းသာစေကြောင်း ကိုယ်စိတ်ပေါင်း
စိတ်ဝယ် နှစ်ထောင်း ဆုချွေတောင်း
@aggamun

ကဗျာလဲ​တော်​တယ်​ဟ😳😳

ဟာဗျာ bro က ဆရာပါ
ဆရာက ဆရာ ပေါ့ ဆရာရယ်

အာစိက အာစိပါဂျာ😁

ဟာဗျာ bro ကပြောတော့ မယ် ပေါက်ကရ

သဘောကျမိပါတယ်bro

ဟု သိုင်းကျူးပါဗျ

This post has received a 14.70% upvote from thanks to: @htoohan!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99