Falling down(waterfall)

in #esteem6 years ago (edited)

ကျွန်တော် ကောင်းတာတွေ လုပ်ခဲ့သလို မကောင်းတာတွေလည်း

လုပ်ခဲ့မိတယ်။



ကျွန်တော် ချမ်းသာအောင် ကြိုးစားနိုင်ခဲ့ပေမယ့် သေမင်းကို

လာဘ်မထိုးနိုင်ခဲ့ဘူး။



ကျွန်တော် ပညာတွေတတ်အောင် သင်ကြားနိုင်ခဲ့ပေမယ့်

သေခြင်းတရားဆိုတဲ့ ဘာသာရပ်ကို မကျော်လွှားနိုင်ခဲ့ဘူး။



ကျွန်တော် ရာထူးစည်းစိမ်တွေပိုင်ဆိုင်ခဲ့ပေမယ့်

ခုတော့ ကျွန်တော့်ရာထူးစည်းစိမ်တွေက လောကပါလတရားရုံးမှာ

ဘာမှ သုံးစားလို့မရတော့ဘူး။
image

ကျွန်တော့်ကို ချစ်ခင်သူတွေ ငိုကြွေးနေချိန်မှာ ကျွန်တော်မျက်ရည်

သုတ်မပေးခဲ့နိုင်ဘူး။



အသက်ရှင်သန်တုန်းမှာ မာနတွေ ခေါင်ခိုက်မိခဲ့တာ ခုတော့

လောကပါလတရားစီရင်ခန်းမှာ ကျွန်တော်က တရားခံပါပဲ။



အပြစ်တွေကိုဆေးကြောဖို့ အချိန်မရှိတော့တဲ့ ဘဝမှာ

အမှားတွေအတွက် ကျွန်တော်ပေးဆပ်ရတော့မှာပါ။



မိသားစုစားဝတ်နေရေးအတွက် မတရားမှူတွေလုပ်ခဲ့မိလည်း

မိသားစုက အစားခံပေးမှာ မဟုတ်ဘူး

ကျွန်တော်ဘယ်သူ့အတွက်ပဲ လုပ်ခဲ့လုပ်ခဲ့ ကျွန်တော်လုပ်ခဲ့တဲ့

မတရားမှူတွေက ကျွန်တော်ပဲခံရတော့မယ်။
image

သေဆုံးခြင်းဆိုတာ လောဘ ဒေါသ မာန်မာန တွေချုပ်ငြိမ်းသွားပေမယ့်

ကိုယ်လုပ်ခဲ့တဲ့ ကောင်းကျိုးဆိုးကျိုးတွေက ကျွန်တော့်ကို

စီရင်ချက်ချဖို့ စောင့်မျှော်နေတယ်။



သေဆုံးသွားခဲ့ပေမယ့် ကိုယ်ပြုခဲ့တဲ့အရိပ်မည်းတွေက ကိုယ်နဲ့

ထပ်ကြပ်မကွာလိုက်နေတယ်။



ကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့ အရာတွေက ကျွန်တော့်နောက် တစ်ခုမှ

ပါမလာဘဲ ကျွန်တော်လုပ်ခဲ့တဲ့ ကောင်းကျိုးဆိုးကျိုးတွေပဲ

ကျွန်တော့်နောက်ကို ခွာချလို့မရအောင် ကပ်ပါလာခဲ့တယ်။



မိတ်ဆွေ....

အသက်ရှင်သန်တုန်းလေးမှာ ကိုယ့်နောက်ကို ကောင်းတာ

များများကပ်ပါလာအောင် မိသားစုအတွက် ရုန်းကန်ရင်းနဲ့

အဆိုးဆိုသော အရိပ်မည်းတွေကို နည်းနိုင်သမျှနည်းအောင်

လျော့ချထားမှ လောကပါလတရားစီရင်ခန်းမှာ မိတ်ဆွေ

ခေါင်းမော့နိုင်ပါလိမ့်မယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59106.19
ETH 2538.36
USDT 1.00
SBD 2.37