The pay was not yours

in #esteem8 years ago

ကွဲအက်သွားတဲ့ ပန်းကန်တစ်ချပ်က

အကောင်းတိုင်းပြန်မဖြစ်နိုင်တော့ဘူး။



ပြတ်တောက်သွားတဲ့ ကြိုးတစ်ချေုာင်းက

ပြန်ဆက်လို့ရခဲ့ရင်တောင် အထုံးလေးတော့ ကျန်ခဲ့မှာပါ။
image

တွန့်ကြေသွားတဲ့ စာရွက်အဖြူ တစ်ရွက်က

ပြန်ဖြန့်လို့ရရင်တောင် တွန့်ကြေတဲ့အရာလေးတော့

ကျန်ခဲ့မှာပါ။



ယုံကြည်​မှု ပျက်သွားတဲ့ အချစ်ရေးမှာ

ပြန်ဆက်လို့ရရင်တောင် အနာလေးတော့ကျန်နေခဲ့မှာပါ။



လေးစားကြည်ညိုမှူပျက်သွားတဲ့ မိသားစုဆက်ဆံရေးမှာ

မခေါ်ချင်လို့ရပေမယ့် မတော်ချင်လို့မရတဲ့ ဆွေမျိုးတွေကြားမှာတောင်

သံသယဆိုတဲ့ နတ်ဆိုးဒဏ်တော့ ခံကြရမှာပါ။
image

တည်ငြိမ်နေတဲ့ရေပြင်ထဲ လှူိင်းဂယက်ရေးထလာအောင်

နားလည်မှူဆိုတဲ့ ခဲလုံးလေးပစ်ချလိုက်တာနဲ့

အချိန်ကာလတစ်ခုတော့ ဂယက်ထနေအုံးမှာပါပဲ။



ဘာတွေပဲ ကာစီး ၊ဖျက်စီးနေပါစေ

စစ်မှန်တဲ့ မေတ္တာရေးမှာ ယုံကြည်မှူနှင့် နားလည်မှူခိုင်မြဲနေသ၍

အနေဝေးလည်း သွေးအေးလာစရာအကြောင်း

မရှိဘူးလို့ ထင်မြင်ယူမိပါတယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 64364.05
ETH 1873.87
USDT 1.00
SBD 0.36